မော်ရွှေမြိုင်ရဲ့ ဆောင်းရာသီ

in #myanmar7 years ago (edited)

Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံးနှင့် ကမ္ဘာသူကမ္ဘာသား အားလုံး မင်္ဂလာပါ။

image
ကမ်းနားလမ်းလမ်းလျှောက်ထွက်ရင်း တောင်ရိုးတန်းဘုရားဖူးတွေ့ရစဉ်

image
view point ကနေ လှမ်းမြင်ရတဲ့ ကျွန်တော်တို့ မောရွှေမြိုင် ညမြင်ကွင်းလေးပါ

ဘာလိုလိုနဲ့ ဆောင်းတွင်းလေးတောင် ကုန်ဆုံးတော့မယ်။ ရာသီဥတု အအေးဓါတ်လေးကတော့ ခုချိန်ထိ အေးလို့ကောင်းနေတုန်းပါဘဲ။ ခုလို ချမ်းအေးတဲ့ ဆောင်းရာသီလေးမှာဆို ကျွန်တော်တို့ မော်ရွှေမြိုင်ရဲ့ မနက်ခင်းမှာ တောင်ရိုးတန်းနှင့် ကမ်းနားလမ်းတွေမှာ အမြဲလိုလို စည်းကားနေပါတယ်။ မနက်ခင်း အအေးဓါတ်ကြောင့် အိမ်မှာကွေးမနေဘဲ အိမ်အပြင်ထွက် လေ့ကျင့်လုပ်ပြီ သာယာတဲ့ မနက်ခင်းလေးကို ဖြတ်သန်းသူများဖြင့် စည်းကားနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မော်ရွှေမြိုင်ရဲ့ မနက် ငါးနာရီလောက်ဆို တောင်ရိုးတလျှောက် လမ်းလျှောက်သူများ များပြားလှပါသည်။ ငါးနာရီခွဲ ခြောက်နာရီလောက်ဆို ကျွန်တော်တို့မြို့လေးရဲ့ တမြို့လုံးကို မြင်ရတဲ့ View point ဆိုတဲ့ နေရာလေးကနေ မနက် နေထွက်လာတာလေးကို တမြည့်မြည့် ခံစားကြည့်ရှု့နိုင်ပါတယ်။

image
မော်ရွှေမြိုင်ရဲ့ ဖြောင့်ဖြူးသောကမ်းနားလမ်းအလှ

image
မနက်ခင်း စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေသော ကလေးငယ်လေး

ထိုနေရာလေးမှာလည်း မနက်ခင်း အားကစားလိုက်စားသူများအတွက် လေ့ကျင့်ခန်း လုပ်နိုင်ရန် ခါးလိမ့်ကစားနည်း လမ်းလျှောက်စရာများကို စနစ်တကျ ပြုလုပ်ထားပေးပါတယ်။ မနက်ခင်းနေထွက်ချိန်လေးမှာဆို ကျွန်တော်တို့ မော်ရွှေမြိုင်ရဲ့ မြို့တခြမ်းလုံးကို နေရောင်ဖြာချသွားပုံလေးကလည်း အလွန်တရာမှ လှပလွန်းပါတယ်။ ထို့အပြင် ညနေ နေဝင်ဆည်းဆာအလှကိုလည်း view point လေးကနေ တစိမ့်စိမ့် ကြည့်ရှု့ နိုင်ပါသေးသည်။ နေမင်းကြီးက မြစ်ရေပြင်ထဲ ထိုးဆင်းသွားသည့်အလား ထင်မှတ်ရလောက်အောင် လှလွန်းပါသည်။ ကျွန်တော်တို့မော်ရွှေမြိုင်မြို့ လေးမှာဆို မနက်ခင်း လမ်းလျှောက် စက်ဘီး စီးသူများအဖို့ အလွန်ရှည်လျား လှပတဲ့ ကမ်းနားလမ်းလေးလည်း ရှိပါသေးသည်။

image
စည်းကားလှတဲ့ ရေပေါ်ညဈေးတန်း

image
မော်ရွှေမြိုင်ရဲ့ နေဝင်ဆည်းဆာအလှတရား

ကမ်းနားလမ်းလေးက အလွန်ရှည်လျားပြီ မနက်ခင်းချိန်တွင် ရှင်းလင်းပြီ အကွေ့အကောက်မရှိသောကြောင့် အေးချမ်းသာယာစွာ လမ်းလျှောက်စက်ဘီးစီးနိုင်ပါသည်။ ထိုကမ်းနားလမ်းတွင်လည်း မနက်ခင်း လေ့ကျင့်ခန်းလုပ်သူများ အစဉ်မပြတ် ရှိပါတယ်။ ဖြောင့်ဖြူးသောကြောင့် ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း စက်ဘီးခြင်းများကို ကောင်းစွာပြုလုပ်နိုင်ပါသည်။ ကျွန်တော်လည်းဘဲ အထိုင်များပြီ ကိုယ်အလေးချိန်တိုးလာကြောင့် မနက်ခင်းတချိန် ညနေခင်းတချိန် ပုံမှန် စက်ဘီးစီးနင်းဖြစ်ပါသည်။ မနက်ခင်း ကမ်းနားလမ်းတလျှောက် စက်ဘီးစီးနင်းပြီ အိမ်ရောက် ရေချိုး အလုပ်ခွင် ဝင်ခြင်းဖြင့် တနေကုန် စိတ်လက်ပေါ့ပါးနေသလို ခံစားရပါသည်။

image

image
ကမ်းစပ်နားပျံဝဲနေသော ဇင်ယော်လေးများနှင့် ရေပေါ်နားနေကြသော ဇင်ယော်ငှက်ငယ်များ

ကမ်းနားလမ်းလေးက ရှည်လျားသောကြောင့် လေကောင်းလေသန့်များကို အပြည့်အဝ ရှုရှိုက်ခွင့်လည်း ရပါသည်။ ကျွန်တော်တို့ မော်ရွှေမြိုင် ကမ်းနားလမ်းတွင် မနက်ဆို လေ့ကျင့်ခန်းလုပ်ရန်နှင့် ညနေအချိန်တွင် ထိုနေရာလေးမှာ ညဈေးတန်းလုပ်ရန် မြေကွက်လပ်ကြီး ရှိပါတယ်။ ညနေခင်း နေဝင်ဆည်းဆာအလှကို ကမ်းနားလမ်းရေပေါ်ဈေးလေးမှ ထိုင်ပြီ အစားအသောက်များ စားသောက်ကာ ထိုင်ကြည့်နိုင်ပါတယ်။ ထိုစားသောက်ဆိုင်တန်းများသည်လည်း ကျွန်တော်တို့ မော်ရွှေမြိုင်အစားဆိုတာကို ပုံဖော်နေသလို ဆိုင်ဖွင့်သည်နှင့် ဆိုင်ပိတ်ချိန်ထိ စည်းကားနေပါသည်။ ကမ်းနားလမ်းရဲ့အစပိုင်း Strand Hotel ရှေ့ နားတွင်လည်း ညနေခင်းအချိန်တွင် ဆောင်းခိုငှက်တမျိုးဖြစ်သော ဇင်ယော်ငှက်ကလေးများ အစာရှာထွက်လာကာ အစာကျွေးသူများဖြင့် စည်းကားနေပါသည်။ ဇင်ယော်ငှက်ကလေးများ ကမ်းစပ်နားပျံဝဲပြီ အစာများ ဖမ်းယူစားသောက်ပြီ ရေပေါ်နားနေပုံလေးတို့မှာလည်း စိတ်အလွန်ကြည်နူးချမ်းမြည့်ဖွယ်ကောင်းပါတယ်။ ထိုဇင်ယော်ငှက်ကလေးများသည် ဆောင်းရာသီးမှသာ ကျွန်တော်တို့မော်ရွှေမြိုင် ကမ်းနားလေးကို အလိုလိုရောက်လာပြီ အစာရှာလာတတ်ကြပါသည်။ ကျန်ရာသီအချိန်များတွင် မတွေ့ရသောကြောင့် ဆောင်းရာသီအချိန်တွင် ဇင်ယော်ငှက်ကလေးများက ကျွန်တော်တို့မောရွှေမြိုင်အလှကို ပိုမြိုင်သွားအောင် လုပ်ဆောင်ပေးသော ငှက်ကလေးများဖြစ်ပေသည်။ ဆောင်းရာသီအချိန်အခါတွင် မော်ရွှေမြိုင်သို့ အလည်တခေါက်ရောက်ခဲ့လျှင် ကမ်းနားလမ်းမှာ ဇင်ယော်ငှက်ကလေးများကို အစာကျွေးပြီ ရေပေါ်ဈေး စားသောက်တန်းတွင် အရသာရှိသောအစားအစာများ စားသောက်ကာ နေဝင်ဆည်းဆာအလှကို ခံစားကြည့်လှည့်ပါဟု ဖိတ်ကြားရင်း မော်ရွှေမြိုင်ရဲ့ ဆောင်းရာသီ ဆိုတဲ့ ဆောင်းပါးလေးကို ရပ်ခွင့်ပြုပါအုံး။

Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

image

Author ; Htin Lin Aung (MSC 016)
@htinlinaung

Sort:  

ကိုယ်ပိုင်ပုံလေးတွေဆိုတော့
အားရှိတယ်ဗျာ ပို့စ်က

ကျေးဇူပါ

သွားချင်လိုက်တာ

မော်ရွှေမြိုင်က ဖိတ်ခေါ်ပါတယ်

လာလည်ချင်စိတ်ပေါက်သွားပီ

လာလည်လို့ရပါ၏

လာလည်​မယ်​bro

လာခဲ့လိုက် bro

မော်လမြိုင်တောင် ပြန်ပြေးလာချင်စိတ်ပေါက်နေပြီဗျာ မော်လမြိုင် ဆင်ဖြူစာသင်တိုက်ကြီးမှာ ၅နှစ်ကျော်နေလာခဲ့တဲ့ကာလက အပျော်ဆုံးပဲ

ငါးနှစ်တောင် သတင်းသုံးတာ ဆုံဖြစ်လိုက်ဘူး

မမ တို့​မော်​​ရွှေမြိုင်​××××××မမ တို့​မော်​​ရွှေမြိုင်

ကိုကိုတို့ မော်ရွှေမြိုင်ပေါ့

The last photo is taken near my house I think , it's in front of strand hotel... I love kan nar la, before it was built, every evening , we went there to throw rubbish in the water, now I felt super guilty. :D

WoW, အဲ့ဆို ကျွန်တော်နဲ့ နီးနီးလေးပေါ့ ကျွန်တော်က ရာမညဘောလုံးကွင်းရှေ့က ရပ်ကွက်မှာနေတာ strand hotel ရှေ့က ရိုက်ထားတာပါ

ပြန်လာဖြစ်ရင်တွေ့ကြတာပေါ့ ဟဲဟဲ

အဲလိုတေ ကြားရတာ ကြည်နူးစရာ

ဒါပေါ့ တွေ့ကြမှာပေါ့ ဟဲဟဲ

အရေးအသားကော၊ပုံလေးတွေကော ကောင်းမှကောင်း

ကျေးဇူပါ bro

တစ်မြို့လုံးမြင်ရတဲ့ view point. ကပုံလေးပါရင် သိပ်ကောင်းမှာပဲ
မြင်ဖူးချင်လို့ပါ

မနက်စက်ဘီးနင်းတာဆိုတော့ တောင်ပေါ်ကို နင်းနိုင်ဘူးလေ ညဘက်ရိုက်တဲ့ပုံတော့ ရှိတယ် ရှာပြီထည့်ပေးမယ်

သြော် တောင်ပေါ်ကနေမြင်ရတာလာ သိပါဘူး
ကျွန်တော်က မြို့ပေါ်မှာပဲ view point ရှိတယ်ထင်လို့

View point​လေး​တေအရမ်းကြိုက်​တယ်​bro

တောင်က မြို့အလယ်မှာဆိုတော့ နေဝင်နေထွက် နှစ်မျိုးလုံးနှင့် တမြို့လုံးကို မြင်နိုင်တယ် bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58131.27
ETH 2360.42
USDT 1.00
SBD 2.38