ညီလေးဖတ်ဖို့ (၁)

in #myanmar6 years ago

ညီလေးရေ...မိုးလင်းကနေမိုးချုပ် အလုပ်တွေရှုပ်ပီး အားလပ်ချိန်တောင်မရှိလို့ စိတ်ညစ်နေပီလား။နေ့စဉ် ကြုံတွေ့နေရတဲ့ ပြသနာတွေ၊အခက်အခဲတွေကြောင့်ရော အားလုံးနဲ့ဝေးရာ ထွက်ပြေးချင်စိတ်ပေါက်နေပြီလား။တခါတလေလည်း ကိုယ်ကြိုးစားသလောက်ဖြစ်မလာလို့ လောကကြီးကို စိတ်ပျက်နေပီလား။

နောက်ဆုံးတခေါက် ညီလေးနဲ့ဖုန်းပြောဖြစ်တုန်းက ကိုယ်ကကူညီပေမဲ့ ကိုယ့်အလှည့်ကျ မသိချင်ယောင်ဆောင်နေကြတဲ့လူတချို့၊အယူသာရှိပီး အပေးမရှိတဲ့ အပေးအယူမမျှတဲ့လူတချို့ကြောင့် စိတ်ညစ်နေတဲ့အကြောင်း အကို့ကိုပြောပြခဲ့တယ်နော်။မညစ်ပါနဲ့..ညီလေးရေ...လောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာမို့ အကုန်လုံးကတော့ကိုယ့်စိတ်နဲ့ ဘယ်တူနိုင်ပါ့မလဲကွာ။ကိုယ့်အပေါ်မကောင်းတဲ့သူရှိသလို ကောင်းတဲ့သူတွေလည်းရှိနေတာမို့ပါ။
အကုန်လုံးကလည်း သူ့သဘောသူဆောင်ပီးနေကြတာမို့ ပြောင်းလဲလို့မရတဲ့ သူတို့ရဲ့အမူအကျင့်တွေအတွက် ညီလေးရဲ့ ပျော်ရွှင်မှုတွေ မပျောက်ဆုံးစေနဲ့ပေါ့ကွာ။

ပျော်ရွှင်မှု
ဆိုတာကလည်း အတ္တကြီးကြီးနဲ့ ကိုယ့်အတွက်ပဲအဆင်ပြေအောင်လုပ်နေရင် မရနိုင်ဘူးတဲ့။

13-50-14-9k=.jpg
Photo credit - Google image

သူများလိုအပ်တာဖြည့်ဆည်းရင်း၊ကူညီရင်းမှ သူတို့အဆင်ပြေသွားတာကြည့်ရင်း ကိုယ့်ဆီ ပီတိတွေ၊အပျော်တွေကကူးစက်လာတာတဲ့လေ။အလားတူပဲ တဖက်လူကလည်း ကိုယ်လိုအပ်ချိန်မှာ ပြန်လည်ကူညီဖြည့်ဆည်းပေးလာရင်တော့ အတိုင်းထက်အလွန်ပေါ့ ညီလေးရေ။ဒါပေမဲ့ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ပုံစံမျိုးနဲ့ မျှော်လင့်ချက်ကြီးထားနေရင်တော့ ညီလေးစိတ်ပဲပူလောင်ရမှာနော်။
အဲ့ဒီလိုတော့မဖြစ်စေနဲ့ပေါကွာ။ကြုံတုန်းလေး ပျော်ရွှင်မှုနဲ့ပတ်သတ်ပီး အကိုငယ်ငယ်ကဖတ်ဖူးတဲ့ ပုံပြင်လေးတပုဒ်ကို အကိုမှတ်မိသလောက် ပြန်ပြောပြမယ်နော်။

" တခါတုန်းက မူကြိုကျောင်းတခုမှာ ဆရာမက သူ့ရဲ့ကျောင်းသား၊ကျောင်းသူလေးတွေကို သင်ခန်းစာအဖြစ် ဂိမ်းလေးတခုဆော့ခိုင်းသတဲ့။ဆော့ရတဲ့ ပုံစံကအခန်းတခန်းထဲမှာ ဘောလုံးလေးတွေထည့်ထားပီး အဲ့ဒီဘောလုံးလေးတွေမှာ ကျောင်းသူ၊ကျောင်းသားလေးတွေရဲ့ နာမည်လေးတွေရေးထားသတဲ့။ပြီးတော့ အဲဒီအခန်းထဲ ကလေးတွေကိုဝင်ခိုင်းပီး ကိုယ့်နာမည်ပါတဲ့ ဘောလုံးလေးကို ရှာခိုင်းတယ်တဲ့။ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ၀င်ပီးရှာကြတာပေါ့။ဘောလုံးလေးတလုံးကောက်ကိုင်လိုက် ကိုယ့်နာမည်မဟုတ်တဲ့ ဘောလုံးဆိုရင် ပြန်ချထားလိုက်နဲ့ပေါ့။အဲ့လိုနဲ့ ကိုယ့်အမည်ပါတဲ့ဘောလုံးလေးကို ရတဲ့သူလည်းရှိသလို၊မရတဲ့သူလည်း မရကြဘူးတဲ့။အချိန်ခနကြာတော့ ဆရာမကဘောလုံးလေးတွေထားပီး
အားလုံးအပြင်ကိုပြန်ထွက်လာဖို့
ခေါ်လိုက်ပါတယ်။ပြီးတဲ့အခါမှာ ဘယ်သူတွေကကိုယ့်အမည်ပါတဲ့ ဘောလုံးလေးတွေရခဲ့လဲမေးတော့ ကလေးအနည်းစုသာရခဲ့ပီးကျန်တဲ့ ကလေးတွေကတော့ ကိုယ့်နာမည်ပါတဲ့ ဘောလုံးလေးကိုရှာနေတာ အချိန်သာကုန်သွားတယ် မရကြပါဘူးတဲ့။
13-44-43-images.jpg
Photo credit - Google image

အဲဒါနဲ့ ဆရာမက နည်းလမ်းတခုပြောပြမယ်။အဲ့ဒီအတိုင်းလိုက်လုပ်ကြပါလို့ပြောလိုက်တယ်။ဆရာမပြောတဲ့နည်းလမ်းက သားတို့သမီးတို့ အခန်းထဲဝင်သွားလို့ရှိရင် ကိုယ့်မျက်စေ့ရှေ့တွေ့တဲ့ဘောလုံးလေးဟာ ကိုယ့်နာမည် မဟုတ်ခဲ့ရင် ဒီတိုင်းပြန်မချထားပဲ ဘောလုံးလေးမှာရေးထားတဲ့ ပိုင်ရှင်အမည်ကို အော်ခေါ်ပီးပေးလိုက်ပါလို့ ဆရာမကသင်ပေးလိုက်ပါတယ်။ဆရာမ
သင်ပေးတဲ့အတိုင်း ကလေးတွေလည်း ကိုယ်ကောက်ကိုင်လိုက်မိတဲ့ ဘောလုံးမှာပါတဲ့ နာမည်လေးတွေကိုခေါ်ခေါ်ပီး ပေးလိုက်တာ သိပ်မကြာခင်အချိန်အတွင်းမှာပဲ ကလေးအားလုံးဟာ ကိုယ့်နာမည်ပါတဲ့ ဘောလုံးလေးတွေကို အကုန်လုံးရသွားကြတယ်တဲ့။"

ဒီပုံပြင်လေးဖတ်ပီး ညီလေးလည်းတွေးစရာတခုခုရသွားလိမ့်မယ်လို့အကိုမျှော်လင့်တယ်။ပုံပြင်လေးနဲ့ ဆက်စပ်ပီး ပြောရမယ်ဆိုရင် အကိုတို့၊ညီလေးတို့တွေဟာ လူ့လောကဆိုတဲ့အခန်းကြီးထဲဝင်လာတဲ့အခါ ကိုယ့်လိုအင်ဆန္ဒ၊လိုဘတွေ ပြည့်ဝဖို့ အမြဲတမ်း အတ္တကြီးကြီးဖြည့်ဆည်းရင်း သူများပျော်ရွှင်မှုကို ချနင်းမိတာမျိုးလည်းရှိခဲ့ကြတယ်။လိုတာမရ၊ရတာမလိုတဲ့ လောကကြီးမှာ ကိုယ်ရှာဖွေနေတဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို မတွေ့နိုင်ပဲ ပျောက်ဆုံးနေခဲ့တဲ့အချိန်တွေလည်း ရှိခဲ့ကြ၊ရှိနေကြအုံးမှာပဲ။
13-47-04-images.jpg
Photo credit - Google image

ပုံပြင်လေးထဲကအတိုင်း ကိုယ့်မှာရလာတဲ့အရာဟာ တခြားသူလိုအပ်နေတဲ့ပျော်ရွှင်မှုဖြစ်ခဲ့မယ်ဆိုရင် ပြန်ပစ်ချလိုက်တာမျိုးမလုပ်ပဲ လိုအပ်နေတဲ့သူကိုဖြည့်ဆည်းပေးလိုက်ပါညီလေးရေ။တခြားသူတယောက်ရဲ့လိုအပ်ချက်ပြည့်ဝသွားမှုအပေါ် ကိုယ်လည်းပီတိအပျော်ကူးစက်ရတာပေါ့ကွာ။ကိုယ်ပြုသောကံအတိုင်း မမျှော်လင့်တဲ့နေရာကနေ ကိုယ့်အတွက်ပျော်ရွှင်မှု ပဲ့တင်သံတွေလည်း ပြန်ရလာနိုင်တယ်ညီလေးရေ။
ဘ၀အမောတွေကြားပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုတွေ အမြန်ဆုံးပြန်လည်ရရှိပါစေ ညီလေးရေ။ပျော်ရွှင်ပါစေလို့ ဆန္ဒပြုပါတယ်။

@htetwaihin
MSC - 39

Sort:  

Good post bro.

Thank you bro..

ဟုတ်ကဲ့အစ်ကို အရမ်းကောင်းပါတယ်

ဟုတ်ကဲပါ။အားပေးတာ ကျေးဇူးတင်ပါတယ်...bro..

လြိုအပ်သူက်ုပြန်ပြီးမျှဝေနိုင်တာအကောင်းဆုံးပါလေ

အမှန်ပါပဲအကိုရေ..

အစ်​ကိုကြီးအ​ရေးအသား​ ​ကောင်းချက်
ညီမ​လေး​တော့ ဘယ်​လို​နေမယ်​မသိ
ညီ​လေး​တော့ ကိုယ့်​နားလာ​ပြော​နေသလိုကို ခံစားရတယ်​ဗျာ

အားပေးတာကျေးဇူးပါအကိုကြီးရေ..
မြောက်တောင်မြောက်သွားတယ်.. :D

ပျော်ရွှင်မှု
ဆိုတာကလည်း အတ္တကြီးကြီးနဲ့ ကိုယ့်အတွက်ပဲအဆင်ပြေအောင်လုပ်နေရင် မရနိုင်ဘူးတဲ့။ ဆိုတာ ကြိုက်သွားပြီလေ

ကျေးဇူးပါဗျို့..
ကြိုက်တယ်ဆိုလို့ ပျော်သွားပီ

ဟုခက် ခိုခို

ကျေးကျေးပါ ခိုခို..

ကောင်းမွန်တဲ့သင်ယူခြင်ပါ ကလေးလေးတွေ အတွက်
ငယ်စဉ်ကတဲက အတ္တနည်းအောင် သင်ယူစေခဲ့သင့်တာပါ

ဟုတ်ပါတယ် အမရေ...အမှန်ပါပဲဗျာ..

ညီမလေးဖတ်ဖို့ရေးပါအုံး

ညီလေးပီးရင် ညီမလေးလာမယ်။

ကိုယ့်ကို ပြုမူဆက်ဆံစေချင်သည့်အတိုင်း သူများကို ဆက်ဆံပေးပါတဲ့ စိတ်ကောင်းထားရင် ပျော်ရွှင်ရမှာပါ

ဟုတ်ပါတယ် ကိုရဲဝင့်ရေ..
ကိုယ်ပြုသောကံ ပါပဲ.

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66750.09
ETH 3474.88
USDT 1.00
SBD 2.80