G4မှ စကားသံများ (၁)

in #myanmar6 years ago (edited)

မြန်မာစတီးမစ်ရွာကြီးရဲ့ အနောက်ပိုင်းရပ်ကွက်
ဖြစ်တဲ့ ရပ်ကွက်၎မှာ ဒီတပတ် proအတွက်
ဆူဆူညံညံ ဖြစ်နေလေရဲ့။ယခုတပတ်အတွက်
ပြုလုပ်ထားသော"G4မှ စကားသံများ"
အစီအစဉ်၏ ရလာဒ်မှာ မည်ကဲ့သို့ ဖြစ်လာမည်ကို
မသိရှိသေးသော်လည်း ယခင်ရက်သတ္တပတ်
များထက် ပွဲဆူနေတာတော့ အမှန်ပင်...။

အစပျိုးခဲ့သည်

လွန်လေခဲ့ပြီးသော ညတစ်ညကG4 chat group
ထဲမှာ ကျနော့်ရဲ့ ချစ်လှစွာသော အဖွဲ့ဝင်
ညီအစ်ကိုမောင်နှမတွေနဲ့ ဟိုဟိုဒီဒီ
ရောက်တတ်ရာရာ စကားများပြောဆိုနေတုန်းမှာပဲ
မြန်မာစတီးမစ်ရွာကြီးရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲမှာ
စက္ကထရီလုပ်နေတဲ့ G4အဖွဲ့သူလေး
ပြည့်စုံခင်ခင်(@pyaesonekhinkhin)လည်း
ရွာထဲရပ်ကွက်စေ့ လျှောက်လည်ပြီးအပြန် G4ထဲ
လှည့်ဝင်ခဲ့တယ်ပေါ့ဗျာ။အဲဒီအချိန်မှာပဲ
ကျနော်တို့ကို အကြံပေးမယ်ဆိုပီး အများနဲ့မတူ
တမူထူးကဲတဲ့ အကြံဉာဏ်တခု ပေးသွားပါလေရော။အဲဒါနဲ့ပဲ ဒီအစီအစဉ်လေး အစပြုဖို့ စီစဉ်ခဲ့တယ်ဆိုပါတော့။

Screenshot_2018-03-09-21-16-45_1521388117525_1521388138304.jpg
Screenshot_2018-03-09-21-16-45_1521388161659.jpg

G4မှစကားသံများ ဘာလဲ ဘယ်လဲ

ဒီအစီအစဉ်လေးရဲ့ လာရာကိုပြောပြီးတဲ့အခါမှာ
လားရာကိုလည်း ဆက်ပြောရပါအုံးမယ်။
တနည်းပြောရမယ်ဆိုရင် ရည်ရွယ်ချက်၊
ပန်းတိုင်ပေါ့။

အစီအစဉ်တခု စ တယ်။အလုပ်တခု
လုပ်ကြတယ်ဆိုတဲ့အခါမှာ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက် ဆိုတာရှိသလို၊
ဘယ်အထိရောက်အောင်သွားမယ်ဆိုတဲ့
ပန်းတိုင်ဆိုတာလည်း ရှိကြပါတယ်။

ဒီနေရာမှာ အဓိက ဖြစ်စေချင်တာကတော့
gpထဲမှာရှိတဲ့ အဖွဲ့ဝင်တွေအချင်းချင်း
ပိုပြီးတော့ရင်းနှီးမှုရစေချင်တယ်။တချို့
အနည်းငယ်စိမ်းနေသေးတဲ့သူတွေ၊ပါဝင်ပြောဆိုမှု
နည်းတဲ့သူတွေကိုလည်း အလိုက်သင့်
ပါဝင်လာစေချင်တယ်။အဖွဲ့လိုက်လုပ်ဆောင်မှုကို
ပိုမိုပီပြင်စေချင်တယ်။တနည်းပြောရရင်
teamwork ကိုပိုမို ရုပ်လုံးပေါ်လာစေချင်တာပေါ့။
ပုံမှန်အတိုင်းဆိုproရှိတဲ့နေ့သာစည်ကားပြီး
ကျန်တဲ့နေ့တွေမှာခြောက်ကပ်နေတာမျိုး
ဖြစ်တတ်လို့ စည်စည်ကားကားဖြစ်စေချင်တဲ့
ရည်ရွယ်ချက်ပေါ့။

အလုပ်တခုကို အဖွဲ့လိုက်အတူတူ
ရုန်းကန်ကြတယ်။အကျိုးခံစားခွင့်
ယူတဲ့အခါမှာလည်း ဘယ်သူမှ ပိုတယ်၊လိုတယ်
မရှိပဲ အားလုံး ညီတူညီမျှ ခံစားကြမယ်
ဆိုတဲ့ရည်ရွယ်ချက်ပေါ့။
ဆိုတော့ ရည်ရွယ်ချက်ပေါက်မြောက်
ပန်းတိုင်ရောက်ဖို့ဆိုတာ အဖွဲ့ဝင်တွေအားလုံး
အပေါ်မှာ မူတည်နေတာကိုး။တစ်ယောက်ထဲ
လျှောက်နေတာမဟုတ်ပဲ အဖွဲ့လိုက်သွားကြတာကိုး။အတူတူ ပျော်ပျော်ပါးပါး
ကိုယ့်တာဝန်ကိုယ်ကျေရင်း
ဆက်လျှောက်ကြတာပေါ့။

မကောင်းသူထိပ် ကောင်းသူထိပ်

အစီအစဉ်လေးစလုပ်မယ်ဆိုပြီး ပြောကြဆိုကြတော့ သဘောလည်းတူကြရဲ့။အစီအစဉ်သစ်လေးကို
သဘောလည်းကျကြရဲ့။ကောင်းပြီ...ဒါဆို
စလုပ်ကြမယ်။ရက်သတ်မှတ်ပြီး
ပြန်ကြေငြာပေးမယ်ပေါ့။ရေးစရာကလည်း
ခက်ခက်ခဲခဲမဟုတ်။gpထဲပြောနေတဲ့
စကားလေးတွေကိုပဲ ကိုယ့်ပုံစံနဲ့တင်ပြ၊
ပြောပြရုံပါပဲ။ဒီအချိန်မှာပဲ gpထဲက ညီလေး
@yelinn ကပစ်မှတ်ထားရမဲ့သူကို
တွေ့သွားပါတယ်။တဆက်ထဲမှာပဲ
အမတော်ကြီး မစု @suhlaing ရဲ့
ကြိမ်းဝါးသံကိုလည်း ကြားလိုက်ရပါတော့တယ်။
မကောင်းသူထိပ် ကောင်းသူထိပ်မှာ ပထမဦးဆုံး
ဈေးဦးပေါက်ခဲ့ရတဲ့ ကျနော်ပေါ့။

Screenshot_2018-03-09-21-15-36_1521388183930.jpg

မယ်ပြည့်ဆုံးမစာ

သက်ငယ်စကား သက်ကြီးကြားခဲ့ရတဲ့ အခိုက်အတန့်လေးပေါ့။တခြားတော့မဟုတ်။
မြန်မာစတီးမစ်ရွာကြီးထဲက စက္ကထရီမလေး
b pyaeရဲ့ တွေ့ကြုံဖြတ်သန်းခဲ့တဲ့ ဘ၀ခရီးရှည်ကြီးမှာ ရရှိခဲ့တဲ့ တန်ဖိုးရှိတဲ့ အသိပညာတွေနဲ့ ဆုံးမခဲ့တဲ့ ညလေးတညပေါ့။
"လူဆိုတာ ခွဲထွက်နေလို့ မရပု" အစချီ
တေးထပ်ရတုဆုံးမစာကြီးမှာ နောင်တချိန်တွင်
ကျောင်းသုံးဖတ်စာအုပ်များတွင်ပင် ထည့်သွင်း
သင်ကြားရမည့် ဆုံးမစာဖြစ်လာမည်ဟုလည်း
ကျနော်ခန့်မှန်းမိသည်။

Screenshot_2018-03-16-23-21-22_1521388425950.jpg
Screenshot_2018-03-16-23-21-22_1521388442061.jpg
Screenshot_2018-03-16-23-21-31_1521388461697.jpg
Screenshot_2018-03-16-23-21-43_1521388497527.jpg
Screenshot_2018-03-16-23-21-58_1521388515680.jpg

(ဤနေရာတွင် အလျဉ်းသင့်တုန်း အကြောင်းအရာတခုကို ဖော်ပြလိုပါသည်။တခြားတော့မဟုတ်။
အထက်ပါ ကျနော့်၏ ခန့်မှန်းချက်နှင့်ပတ်သတ်၍
သံသယရှိသူများကို ပြောလိုရင်းဖြစ်သည်။
ကျနော့်၏ ခန့်မှန်းချက်များမှာ
ကြောက်ခမန်းလိလိ မှန်ကန်လေ့ရှိကြောင်းကို
ဆရာလင်းညှို့တာရာ(@linnhyotaryar)
ရေးသားသောG4မှစကားသံများpostတွင်
သွားရောက်ဖတ်ရှုနိုင်ပါသည်။)

ကမ္ဘာအထိချီမဲ့ ဗမာငပိသည်များ

စကားသံများခေါင်းစဉ်တပ်ထားပြီး စကားသံမပါလို့လည်း မဖြစ်ချေဘူးပေါ့။တခြားတော့မဟုတ်... စာမေးပွဲနီးတာတောင် လိုင်းပေါ်မှာပဲ
စာအမြဲကျက်တဲ့ @kyawthuyein နဲ့ g4မှာ
ကျနော့်ရဲ့တွဲဖက်အဖြစ်လူသိများတဲ့
ခိုကျော် @kyawkohtet တို့နှစ်ယောက်ရဲ့
ဘိတ်ငပိကို tradeမည့် အစီအစဉ်
တခန်းရပ်ပြဇာတ်လေးပေါ့။
ရှုစားတော်မူကြပါအုံး။

Screenshot_2018-03-16-22-24-11_1521388216527.jpg
Screenshot_2018-03-16-22-24-18_1521388233609.jpg
Screenshot_2018-03-16-22-24-25_1521388250332.jpg
Screenshot_2018-03-16-22-24-31_1521388270785.jpg

နောင်တချိန် ကမ္ဘာအရပ်ရပ်က နာမည်ကြီး
Trading Platformတွေမှာ ဘိတ်ငပိကို
steemတွေ sbdတွေနဲ့ trading လုပ်လို့ရခဲ့ရင်
ဒီလူနှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို
မေ့မထားစေချင်ပါ။

ဝိုင်းစပ်ကဗျာ

တကယ်တော့ G4က လူစုံတယ်ဗျ။
လူစုံတယ်ဆိုတာထက် ရှိတဲ့သူတွေက
ကျရာ ကာရိုက်တာကို ပီပြင်ကြတယ်ပဲဆိုပါတော့။
ဆေးစက်ကျရာ အရုပ်ထင်ကြတဲ့
ပညာသည်တွေလို့ပြောလည်း မမှားဘူး။
အခုလည်းကြည့်လေ။စကားပြောနေရင်းကနေ
ကဗျာတပုဒ်ကို လက်တန်း ၀ိုင်းစပ်လိုက်ကြတာ။

G4ရဲ့ အကြီးမားဆုံးတီထွင်မှုဆိုလည်း မမှားဘူးပေါ့။
တယောက်က အစပြုပေးရင် တခြားကျန်တဲ့သူတွေကလည်း ၀ိုင်းပီး စပ်ပေးကြရတာ။ကဗျာမစပ်ပဲ
ဝိုင်းထဲဝင်လာသူကတော့ အတွန်းအတိုက်
ခံရတာပေါ့ဗျာ။ဟိုစဉ်အခါ ကဗျာစပ်ခဲ့တုန်းက
ယောင်လည်လည်နဲ့ ၀င်လာတဲ့
ကျနော်တို့ရဲ့ ဆရာရွှေ (@nyinyiwin)ကတော့
ကဗျာကျွဲသုံးကောင်ကြားက ကာရန်မြေစာပင်
ဖြစ်ခဲ့ရတာပေါ့။
ကဲဗျာ...ကဗျာလေးရွတ်ကြအုံး...!

Screenshot_2018-03-16-22-58-43_1521388290165.jpg
Screenshot_2018-03-16-22-58-59_1521388340083.jpg
Screenshot_2018-03-16-22-59-05_1521388371032.jpg
Screenshot_2018-03-16-22-59-18_1521388406011.jpg
Screenshot_2018-03-16-22-59-18_1521388390030.jpg

(လွန်တာရှိရင် ၀န္တာမိပါ ဦးညီရေ။
အမိုက်အမဲလေးတွေမို့ ခွင့်လွှတ်ပေးပါ။)

ဤခရီး နီးသလား

ကျနော်တို့အားလုံးမှာ ဘ၀အမောတွေရှိကြပါတယ်။အားလုံးအတူတူGroupတခုထဲမှာ
ဆုံကြတုန်းလေး အားလုံးနဲ့အတူပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းချင်ပါတယ်။နီးသည်၊ဝေးသည်
ပညတ်ချက်များကို ဘေးမှာ ခနထားပြီး
ခရီးလမ်းဆုံးသည်အထိ လက်တွဲမဖြုတ်ပဲ
သွားချင်ပါတယ်။အကြောင်းမတိုက်ဆိုင်လို့
လမ်းခွဲကြရရင်တောင် အမုန်းမဖက်ပဲ
အပြုံးပဲစွက်ပြီး နှုတ်ဆက်ကြရအောင်ပါ။
ဒါကြောင့်မို့ ဆုံတုန်းခနမှာ ကိုယ်ပါဝင်နေတဲ့
အဖွဲ့အစည်းအတွက် တာဝန်ကျေပြီး
ပျော်ရွှင်စွာဖြတ်သန်းရင်း အောင်မြင်မှု
တွေကိုလည်း အတူတကွ ခံစားနိုင်ကြစေဖို့လည်း ဆန္ဒပြုရင်း.....

@htetwaihin

MSC - 039

Sort:  

ငှယ့် ငါ့ကိုလဲ ငါးတွတ်ခံလိုက်ရတယ် ။ နေနှင့်အုန်း G4 ကွီးရွှေ ဝင်ဝုန်းပစ်မယ်။ငိငိ

haha...နောက်ဆို ဦးညီလည်းကဗျာဝင်စပ်လေ... :D

ပြည့်စုံပါပေတယ်ဗျာ

ဟုတ်ကဲ့။ဒီတပတ်ကတော့ introပဲဆိုတော့ လူနည်းသေးတယ်။နောက်လ ကိုအောင်ဆန်းလွင်တို့ပါ ပါမှာ။ :P

နောက်လည်း ကြုံရင် ကြုံသလို ၀င်ဆုံးမပေးပါ...
b pyae

ပျော်စရာကောင်းပါပေ့ G4ရယ်😁

လာလည်ဖို့ ဖိတ်ခေါ်ပါတယ် မမခီ..

G4 SL နှင့် အဖွဲ့တော်သားများကို လေးစားမိပါတယ်။

လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်
ကိုဟိန်းရေ...

ဘိတ်​ငပိကိုtradeဦးမယ်​ဆိုဘဲ😁😁ကဗျာလည်း​ကောင်းပါတယ်​😜😁

အမတို့လို နယ်ခံတွေရဲ့ အားပေးကူညီမှုတွေလည်းလိုအပ်ပါတယ်။ငပိအတွက် logoလေးတွေလည်း ဆွဲပေးပါအုံး။paper art နဲ့.. :D

ဘဝအ​မော​တွေ ခဏ​မေ့
အ​ပျော်​​တွေ ရှာ​တွေ့ဖို့
တွဲလက်​ညီညီ စကားသံစီ
G4 ဟု​ခေါ်သည်​ ... 😀😀😀

ဟုတ်တယ် အကိုရေ။ဟာသလေးတွေနဲ့ အပန်းဖြေနေရတာ..

နောက်လာအုံးမယ် ကဗျာလေးတွေ ရွတ်ဖို့ရာ

ရွတ်မယ် အမရေ။ကဗျာရွတ်နေတုန်းယ၀င်လာတဲ့သူတော့ မလွယ်ဘူးပေါ့... :P

Good လူသိတာပေါ့ ကိုhtet

နာမည်ကြီးနေပီ ကိုညီရေ။

sl ကြီးကတော့ ပုံမှန်ပဲ တို့  sl ကြီးကိုကျတော့ သိုင်းကျင့်ခိုင်းရင်းခိုင်း မခိုင်းရင် သူငယ်ပဲ ထောင်ခိုင်းနေကြတယ် ပိုစ့်တော်တော်များများက ဟိဟိ

ဟုတ်တယ် ဦးဇင်းရေ။သူတို့ကသာ အတင်း ပုန်းခိုင်း၊
ပွင့်ခိုင်း သိုင်းတေချခိုင်းနေတာ။တကယ်တော့
ကျနော်ကတည်ငြိမ်သူလေးပါ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85