သုံးသပ်​ခြင်း

in #myanmar7 years ago

ခေတ်​စနစ်​ရဲ့လက်​ရှိအ​ခြေအ​နေအ​ပေါ် သုံးသပ်​ခြင်း
image
ခေါင်းစဉ်​ကြီးကြည့်​ပြီး​တော့​တော့ လန့်​မသွားကြပါနဲ့​ဗျာ ကျ​နော်​​ပြောချင်​တာက လက်​ရှိ မြန်​မာ့ ရုပ်​ရှင်​​လောကရဲ့ ဖြစ်​​ပေါ်​နေမှု​တွေကိုပါ။ 23ရက်​​နေ့တုန်းက ၂၀၁၇အတွက်​ အကယ်​ဒမီဆု​ပေးပွဲလုပ်​တယ်​..ရသင့်​သူ​တွေရသွားကြတာပါပဲ။
အဲ့ဒီမှာ လူကြီးတစ်​ဦးရဲ့ ​ကျေးဇူးတင်​စကားက အသွားနည်းနည်း ထည့်​လိုက်​သလိုဖြစ်​သွား​တော့ အဲ့ဒီအသွားနဲ့ ထိသူ​တွေက​တော့ မသိဘူး ​ဘေးက​နေ ​သွေးမြင်​ပြီး လန့်​သူတချို့​ကြောင့်​ ​ဖေ့စ်​ဘုတ်​​လောက ပွဲဆူသွားခဲ့တယ်​။ တစ်​ဦးကျ​တော့လည်း ​ပြောချင်​ရာ ​ပြောသွားတယ်​လို့ ဝိုင်း​အော်​ကြတယ်​။ တကယ်​​တော့ သူက အမှန်​​တွေ​ပြောတာပါတဲ့.. ​ပြောပြန်​တယ်​။ သတ္တိက​တော့ ဗျတ်​ဝိပဲ ဘယ်​သူ့မှဂရုမစိုက်​ဘူး ဆိုတဲ့ပုံစံမျိုးကို ​ပြောသွားတာ..။

နောက်​ဆက်​တွဲ သတင်းက​တော့ မြန်​မာ့ရုပ်​ရှင်​​လောကနဲ့ အသားမကျလှတဲ့ အနုပညာရှင်​တစ်​ချို့ရဲ့ ပွဲထွက်​မှုအတွက်​ ​ဝေခြမ်း​နေရာ မ​ပေးချင်​သူ​တွေရဲ့ အ​ပြောတချို့​တွေပါပဲ...။
တစ်​ခါတ​လေ အမှား​တွေ ကိုယ်​က အပျက်​ကို​ပြောလိုက်​မှ ဟိုက ပိုပြီး အ​ရောင်​​တောက်​သွားတဲ့ အဖြစ်​အပျက်​​တွေဟာ ဒီကိစ္စမှာ ပိုဖြစ်​​နေတယ်​လို့ ဆိုရပါလိမ့်​မယ်​။
image
သူတို့​ပြောလိုက်​မှ လူ​တွေ ပိုစိတ်​ဝင်​စားကုန်​ကြပြီး ရုံဝင်​ လူကြပ်​ နိုင်​ငြံးရပ်​ခြားမှာ လည်း လက်​မှတ်​​တွေ ပြတ်​တဲ့အဆင့်​အထိ လူ​တွေရဲ့ သိချင်​စိတ်​က ပိုပြီး ပြင်းပြသွားကြတယ်​ ဆိုတာ မငြင်းနိုင်​​တော့ပါဘူး။

ခေတ်​စနစ်​ရဲ့အ​ခြေအ​နေအရ သတင်းသိပိုင်​ခွင့်​လျင်​မြန်​လျှာုကို ပြည်​သူ​တွေ ခံစားလာနိုင်​ကြတာ ဝမ်းသာစရာပါ။ အမှန်​တရားနဲ့ အရှိကို အရှိအတိုင်း လက်​ခံလာနိုင်​ကြတာလည်း ဝမ်းသာစရာပါပဲ။ ဆိုးတာက ကိုယ့်​ကိစ္စကိုယ်​မလုပ်​ပဲ သူများအ​ရေးထဲမှာ ဝင်​ ဝင်​ ဆဲ​ရေး တတ်​​နေကြတာ​လေး ပြုပြင်​ဖို့ ​ကောင်းပါတယ်​။ သူတို့အရှုပ်​ သူတို့ဘာသာ ရှင်းနိုင်​ကြမှာ ဖြစ်​​ပေမဲ့ ဓားခုတ်​ခံရသူ​က​တော်​​တော်​ ​သွေးမြင်​ပြီး ဟစ်​​အော်​ကြသူ​တွေက များများနဲ့. မြန်​မာ့​ဖေ့စ်​ဘုတ်​​လောက အုတ်​​အော်​ ​သောင်းနင်း ဖြစ်​​နေပါတယ်​။

ဘယ်​လိုပဲ ဖြစ်​ဖြစ်​ အများကြီး တိုးတက်​လာနိုင်​တဲ့ အ​ခြေအ​နေနဲ့ မြန်​မာ့ရုပ်​ရှင်​ကို မြင်​လိုက်​ရတာ​တော့ ဝမ်းသာစရာပါပဲ။ ​ရှေးရိုးစွဲ စိတ်​ဓာတ်​တချို့ ရှိ​နေကြ​သေးတာလည်း စိတ်​ပျက်​စရာပါပဲ။
image
အထူးသဖြင့်​ သိန်း​သောင်းချီ​တွေ သိန်း​ထောင်​ချီ​တွေ သိန်းရာချီ​တွေ ဝတ်​စားပြီး ​အပုတ်​​ကောင်​​တွေကို ရုပ်​​ဆောင်​ ဝတ်​စားထားကြ​ပေမဲ့ အားလုံးရဲ့ အိမ်​အပြန်​မှာ တကွင်းလုံး အမှိုက်​​တွေ ဗရပွ ကျန်​ခဲ့တာကို သိမ်း​နေတဲ့ လူတစ်​​ယောက်​ရဲ့ ပုံ​လောက်​ စိတ်​ချမ်းသာစရာ​တော့ မရှိ​သေးပါဘူး​လေ..။

Writter @htetnainglin
Images from google
Msc 188

Sort:  

တကယ်ဗျာဖက်ပီးတော့ခံစားရတယ်ရင်ထဲမှာဟာတာတာပြောရရင်သုံးသပ်ချက်ကအရမ်းကောင်းတယ်ဆိုတာပါဘဲညေးရယ်

Thz q ပါ kwee ရယ်​😁

တကယ်ဆို အရည်အချင်းရှိရင် မြှောက်စားပေးနိုင်ရမယ် အရည်အချင်းမရှိမှန်းသိရင်လည်း ကြိုးစားပြုပြင်သင့်တာပေါ့ဗျာ

ဟုတ်ပ​​နော့

အလုပ်တစ်ခုမလုပ်ခင် ကြိုတင်ပြီးတော့ စဉ်းစားတွေးခေါ်သုံးသပ်မှသာ အမှားနည်းနိုင်မယ်ထင်ပါတယ်

ဟုတ်​ပါတယ်​ဗျ

စည်းကမ်းသည် လူ၏တန်ဖိုးဘဲ

This comment has received a 0.13 % upvote from @speedvoter thanks to: @nannhtike.

အပုပ်ကောင် ရုပ်ဆောင်ကြည့်တာနေမှာပေါ့

ငါ့ ညီ​ရေ အကိုလဲ အဲဒီရုပ်​ရှင်​အ​​ကြောင်း​ရေးပြီးသား
စိတ်​အ​ကြောင်းဂွင်းစက်​ပြတ်​လို့ဆက်​ချင်​တာနဲ့တင်​လိုက်​ရတာ

ဟုတ်​ကဲ့ပါ

အသွင်​မတူတာ​ပေါ့ဗျာ။

ဒီလိုဘဲ​ပေါ့​လေ...သုံးသပ်​ချက်​​ကောင်းပါတယ်​😁

တစ်ကွင်းလုံးကျန်တဲ့အမှိုက်ကို
သိမ်းတဲ့သူ
တစ်ယောက်မကပါဘူးဗျာ

ဟားဟား
နောက်တာ

တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူနိင်မှာလဲဗျာ နော့

ဟုတ်​တာ​ပေါ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63166.66
ETH 2575.67
USDT 1.00
SBD 2.77