အိမ်နီးချင်း ဆိုတာ
Photo from google
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုတဲ့ စကား ကျွန်တော်တို့ မြန်မာစကားပုံမှာ ရှိကြပါတယ်။
ခင်ရာ မင်ရာ မကင်းရာ မကင်းကြောင်းတွေတိုင်းက ဆွေမျိုး တော်စပ်နေကြလို့ တော့ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေဟာ ကိုယ့်ဆွေကိုယ့်မျိုးကိုတောင် မခေါ်ချင်ပဲနေလို့ရပါသေးတယ်။ကျွန်တော်တို့နဲ့ နေ့စဉ်ထိတွေ့ပတ်သက်နေတဲ့ အိမ်နီးချင်းတွေကတော့ ဘယ်လိုမှ မပတ်သက်ပဲ နေလို့မရပါဘူး။
မခေါ်ချင်လို့ မခေါ်ပဲ နေခဲ့ကြရင်တောင် တစ်နေ့နေ့ တစ်ချိန်ချိန် အရေးတဲ့အကြောင်းတဲ့ဆိုရင် ကိုယ့်အမျိုးထက် အိမ်နီးချင်းတွေက ပိုအားကိုးရတတ်ပါတယ်။
ကျွန်တော်ဆိုလိုတာက အဝေးမှာ ရောက်နေတဲ့ ဆွေမျိုးရင်းချာတွေကို ပြောတာပါ။
Photo from google
တကယ်လို့ ကျွန်တော်သာ အသက်အန္တရာယ်နဲ့ ကြုံနေတယ်ဆိုရင် ကျွန်တော့ကို အနီးဆုံး ကူညီပေးနိုင်ကြတာ ကျွန်တော် အော်ခေါ်လိုက်ရင် ကြားနိုင်ကြမဲ့ ကျွန်တော့် အိမ်နီးချင်းတွေပါ။
ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ မီလောင်တာတို့ ဘာတို့လို အရေးပေါ် ဖြစ်ခဲ့တာမျိုးတွေ ရှိခဲ့မယ် ဆိုရင် အရင်ဆုံး ဝိုင်းပြီး ငြိမ်းသတ်ကြမယ့်သူတွေက ကျွန်တော် တို့ အိမ်နီးချင်းတွေပါပဲ။
ဒါကြောင့် တချို့ အိမ်နီးချင်းတွေဟာ ဆွေမျိုးရင်းချာတွေထက်တောင် ပိုပြီး အားကိုးရတတ်ပါသေးတယ်။
အကောင်းချည်းပဲလားဆိုရင်တော့လည်း မဟုတ်သေးပါဘူး ။ အိမ်နီးချင်း ဆိုးဆိုးနဲ့ နေရတဲ့ လူတစ်ယောက်ဟာ ခန္တီစဆိုတဲ့ ခန္တီပါရမီကိုသာ အများကြီး ကျင့်ရပြီလို့ မှတ်ပေတော့ပါပဲ။
Photo from google
အဆူအဆဲသန်တဲ့ အိမ်နီးချင်းမျိုးနဲ့သာဆို နားငြီးရပါပြီ။ဒါတွေက ထုံးစံပါ။ကိုယ့်ဖက်က မခေါ်မပြောနေဖို့ကလည်း အထက်က ပြောခဲ့သလို အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဒီအိမ်နီးချင်းတွေကို အရင်မှီခိုရမဲ့ မျက်နှာကြောင့် ကျွန်တော်တို့တွေ ဟာ အိမ်နီးချင်းနဲ့ ပတ်သက်လာရင် သည်းခံပေးကြရပါတယ်။
ကောင်းကွက်နဲ့ ဆိုးကွက်ကြား ကြိတ်မှိတ်သည်းခံပေးရတဲ့ တချို့အခိုက်အတန့်တွေဟာ သိပ်ပြီးမှ တော့ မနိပ်လှပါဘူး။
ဒါကြောင့်လည်း တရုတ်လူမျိုးတွေဟာ အိမ်ဝယ်ရင် အိမ်နီးချင်းကို အရင်ကြည့်တယ် ဆိုပြီး ပြောကြတာ ဖြစ်ပါလိမ့်မယ်။
အိမ်နီးချင်းကောင်းရခြင်းဟာ ဆွေမျိုးတွေထဲ လူချမ်းသာရှိတာထက် ပိုအားကိုးရပါတယ်။ပိုပြီး ရင်းနှီးစေပါတယ်။ ဒါကြောင့်လည်း ခင်ရာဆွေမျိုးဆိုတဲ့ စကားလိုပဲ ကျွန်တော်တို့တွေဟာ အိမ်နီးချင်းတွေကို ဆွေမျိုးတွေထက် ပိုခင်တွယ်ရလေ့ရှိပါတယ်။
အိမ်နီးချင်းနဲ့ တည့်အောင် ပေါင်းတာက ဆွေမျိုးတွေနဲ့ ကြည်ဖြူကြတာထက် ပိုကောင်းပါတယ်။ ကိုယ့်အိမ်နီးချင်းကသာ မကောင်းတဲ့ စီးပွားကို လုပ်မယ်ဆိုရင် ကိုယ်လည်း နေရင်း ထိုင်ရင်း ခေါင်းကျိန်းနေရတော့မှာပါပဲ။
ကိုယ်နဲ့အဆင်မပြေတာ တစ်ခုခုကြောင့် ကိုယ့်အိမ်နီးချင်းတွေကသာ အကျင့်ယုတ်ပြီး ကိုယ့်အိမ်ကိုယ့်ယာထဲ မသမာတာ တစ်ခုခုကို လုပ်လိုက်ရင် ကိုယ်ပဲ ခံရတော့မှာပါ။
ကျွန်တော်တို့တွေရဲ့ အိမ်နီးချင်းတွေ ကောင်းတယ် မကောင်းဘူးဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အိမ်နီးချင်းတွေနဲ့ ပေါင်းတတ် မပေါင်းတတ်နဲ့ ဆိုင်မယ် ထင်ပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင် အိမ်နီးချင်းကောင်းတွေကိုရဖို့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အိမ်နီးချင်းကောင်းတွေ ဖြစ်ဖို့လိုပါတယ်။
Photo from google
ကျွန်တော်တို့ လူတွေဟာ တစ်ဦးထဲ တစ်ယောက်ထဲ တစ်မိသားစုထဲ သီးခြားမနေနိုင်သမျှတော့ ကျွန်တော်တို့တွေကိုယ်တိုင် မြို့ထဲ ရွာထဲ လူတွေထဲ နေထိုင်နေကြရသမျှတော့ အိမ်နီးချင်းတွေနဲ့ မဖြစ်မနေတွေ့ကြရပြီး မလွှဲမသွေ ထိတွေ့ ဆက်ဆံကြရအုံးမှာပါပဲ..
အဲ့ဒီအခါ အိမ်နီးချင်းပေါင်းများစွာ အိမ်နီးချင်းကောင်းတွေ အိမ်နီးချင်းဆိုးတွေနဲ့ ကျွန်တော်တို့ ကြုံတွေကြရအုံးမှာပါ ။ အဲ့ဒီအခါ ကျွန်တော်တို့ ကိုယ်တိုင် အိမ်နီးချင်းကောင်းဖြစ်ဖို့ လိုပါလိမ့်မယ်။ဒါမှသာ ကျွန်တော်တို့ အိမ်နီးချင်းဆိုတဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေပါလိမ့်မယ်။
ပတ်ဝန်းကျင်နဲ့ အဆင်ပြေမှ ကျွန်တော်တို့ နေထိုင်မှုတွေ အဆင်ပြေရမှာပါ..။
ဒါကြောင့် ကျွန်တော်ကတော့ အိမ်နီးချင်းတွေကို အနီးဆုံးမိတ်ဆွေ အနီးဆုံးက ရန်သူလို့ပဲ ပြောချင်ပါတယ်။
Writter @htetnainglin
Msc 188
အမှန်ပါဘဲ...အရေးကြုံရင်ကိုယ့်အနီးနားကအိမ်နီးချင်းတွေဘဲအရင်ရောက်မှာလေ...
ဟုတ်တယ် မမ
အိမ်နီစချင်းကောင်းရသူသည် စိန်ချမ်းသာမှုရရှိစေပြီး အိမ်နီးချင်းမကောင်းလျှင် စိတ်ပူပန်ရ၏
သိပ်မှန်တယ်
ကျွန်တော်လည်းအိမ်နီးခြင်းကောင်းရထားတယ်
ဝက်စော်တွေကို နံလို့
အလုပ်ထဲက ဇော်မျိုးထွန်းလားဆရာ
😂😂😂
@htetnainglin photo google မရဘူးလေ လာလဲ မသင် မရဘူး ပြောနေတာ ဘယ်နှခါ ရှိပီတုံး😒
ဟုတ် မမ wall ထဲကြည့်လိုက်မယ်
အဲ့လိုဒုက္ခမျိုးကြုံဖူးတယ် ဆို ယုံပေးပါ
ဟုတ်ကဲ့
မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ရှိဖို့ လိုတယ်
ဟုတ်ကဲ့ပါ
ကျွန်တော်တို့မှာလည်း အိမ်နီးနားချင်းကောင်းရထားပါတယ်ဗျ သူ့မျက်နှာ ကျွန်တော်မကြည့်ချင် သူလည်းကျွန်တော့ကို ကြည့်ချင်လိမ့်မည်မဟုတ်ပါ
အိမ်နီးနားချင်းကောင်းရတယ်ဆိုတာ အဖိုးတန် လက်ဆောင်ရထားသလိုပါပဲ အလွန်တန်ဖိုးရှိတယ်ဗျာ
ဟုတ်တာပေါ့ အကို
နိုင်ငံနဲ့ချီပြီး ပြောချင်ပါရဲ့။
အသာလုပ်ပါ😃
အိမ်နီးချင်းကောင်းရဘို့ ကိုယ်တိုင် အိမ်နီးချင်းကောင်း ဖြစ်အောင်ကြိုးစားကြပါစို့။