လူငယ်နှင့်တာဝန်

in #myanmar6 years ago

လူငယ်နှင့်တာဝန်

IMG_20180304_100520.jpg”ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့်အ
တိုင်း ကျွန်တော်တို့ လူငယ်တို့သည် လူငယ်
ဖြစ်သည့်အချိန်တွင် လူငယ်တွေရဲ့ တာဝန်ကို
ထမ်းဆောင်ရမည်ဖြစ်ပြီး နောင်တစ်ချိန်တွင်လူ
ကြီးများ၏နေရာတွင် တာဝန်လွှဲပြောင်း ရယူရမည်ဖြစ်သည်......။တာဝန်နှင့်အတူ လူတစ်
ယောက်ရဲ့ အရည်အချင်းသည် ထိုနေရာတွင် သိပ်ကို အရေးပါလှပါသည်.....။ဓားသည်
သွေးပါများမှ ထက်သကဲ့သို့ ကျွန်တော်တို့သည်လည်း ထက်မျက်သော အရည်အချင်ရှိအောင် ငယ်ရွယ်စဉ်ကတည်းက အားသွန်ခွန်စိုက် ကြိုးစားထားရပေမည်.....။

လူငယ်တို့၏ အနာဂတ်ကောင်းမွန်ဖို့သည် လူ
ကြီးများတွင်လည်း တာဝန်ရှိပေသည်......။
လူငယ်လူရွယ်တို့ လမ်းမှားသို့ မရောက်ရလေ
အောင် ဂရုတစိုက် စောင့်ကြည့်ရပေမည်...။

IMG_20180304_100446.jpgအထူးသဖြင့် ယနေ့ခေတ်တွင် နည်းပညာ တိုး
တက်လာသည်နှင့် အမျှ လူငယ်တို့၏ အဝတ်
အစား၊ နေထိုင်ပုံ၊ အပြောအဆို အမူအရာများ
ယိုယွင်းပျက်ဆီးလာခဲ့ လေပြီ.....။ရုပ်ပိုင်းဆိုင်
ရာ နည်းပညာပိုင်း ဆိုင်ရာများ ကမ္ဘာပေါ်တွင်
နေ့ချင်း ညချင်း တိုးတက်ပြောင်းလဲ နေသော်လည်း လူငယ်တို့၏ စိတ်ဓာတ်ပိုင်းဆိုင်းရာ သည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့လေပြီ.။

IMG_20180304_100625.jpgယနေ့ခေတ်တွင် သတင်းအချက်အလတ်များ၊ ရာသီဥတု အခြေအနေများ စသည်ဖြင့် နည်းပညာများတိုးတက်လာခြင်းကြောင့် အချိန်ကုန်
သက်သာ၊ ငွေကုန်သက်သာ သဖြင့် လွန်စွာ အကျိုးရှိလှပေသည်....။သို့သော် ယနေ့လူငယ်တို့သည် အင်တာနက်ကို အကျိုးရှိရှိ အသုံးချ
နေကြသူများရှိသကဲ့သို့ အင်တာနက်ကို
အချိန်ကုန် ငွေကုန်ကြေးကျခံပြီး အကျိုးမရှိ
အသုံးပြုနေကြသူများလည်းရှိသည်.....။

IMG_20180304_100406.jpgထို့ကြောင့် လူငယ်များ မှန်ကန်သော လမ်း
ကြောင်းပေါ်သို့ လျှေက်လှမ်းနိုင်ရန် လူကြီး
များက ထိန်းကျောင်းပေးရပေမည်.....။
အထူးသဖြင့် ကျွန်တော်တို့တွင် ဟိုးရှေး အစဉ်
အဆက်က ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်
ကျေးမှုများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်
ပါသည်.....။မိမိတို့၏ ဆရာ ဆရာမအား
ဆည်းကပ်ရိုသေခြင်း၊ လူကြီးများအား ရိုသေ
စွာ ပြောဆိုခြင်း ရိုသေစွာဆက်ဆံခြင်း၊ မိဘတို့
အား ရိုသေစွာ အလုပ်အကျွေးပြုခြင်း စသည့်
မြန်မာတို့၏ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုများကိုလည်း မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းသွားရပေမည်....။

လူုကြီးတို့သည် လူငယ်တို့၏ လမ်းပြများဖြစ်ပေ
သည်...။ထိုကြောင့် လူငယ်တို့သည် မိမိတို့အား မမှားသင့်တာ မမှားရလေအောင်လူ
ကြီးတို့၏ ပြောဆိုဆုံးမမှု့ကို နာခံတတ်ဖို့လည်း
လိုအပ်ပေသည်....။

IMG_20180304_100649.jpgမိမိတို့၏ နိုင်ငံ မြန်ဆန်စွာ ဖွံဖြိုးတိုးတက်ရန်
အနာဂတ်တွင် ဦးဆောင်ရမည့် လူငယ်လူရွယ်
တို့၏ အရည်အချင်း၊ တာဝန်ကျေပွန်မှု သည်
အလွန်ပင်အရေးပါလှပါသည်.....။ထို့အတူ
ရှေ့မှ ဦးဆောင် လမ်းဖောက်သွားကြသော လူ
ကြီးတို့သည်လည်း လူငယ်တို့အား လက်တွဲ
ခေါ်ဆောင်သွားရပေ မည်....။နောင်တချိန်
တွင် လူငယ်များ မိမိနိုင်ငံအတွက် ကျရာနေရာ
မှ တာဝန်ယူထမ်းဆောင်သည့်အခါတွင်
အရည် အချင်းရှိရှိဖြင့် တာဝန်ကို ထမ်းဆောင်
နိုင်ရန် လိုအပ်ပေသည်.....။

ထို့ကြောင့် ကျွန်တော်တို့ လူငယ်များအနေဖြင့်
ခေတ်နှင့် အညီ ရင်ဘောင်တန်းနိုင်ရန်အတွက်
အရည်အချင်းပြည့်ဝသော လူငယ်တစ်ယောက်
ဖြစ်အောင် ကြိုးစား အားထုတ်ထားရန် လိုအပ်
ပေသည်.........။
IMG_20180304_100738.jpg

MSC - 078
writer: @htetlinaungg
Photo credit google

Sort:  

မှန်ပါတယ် လူငယ်တွေ ကြိုးစားကြရမယ်၊ ကြိုးစားလို့  အောင်မြင်မှုရဲ့ရလဒ် ဟာ ဘယ်အရာနဲ့ မှ မလဲနိုင်အောင် ၊ပျော်ရွှင်မှု တွေလဲ ရရှိစေပါတယ်။

လူငယ်များသည် တိုင်းပြည်၏အညွှန့်ဖြစ်၏။ထိုအညွှန့လေးကား အချိန်မတိုင်မှီ ကျိုးကျေပျက်စီးသွာပါက နှမျောစရာ ဆုံးရှုံးမှုတစ်ခုဖြစ်စေပါသည်။

လူငယ်​ တိုင်းပြည့်​ရဲ့ အနာဂတ်​ မျိုးဆက်​သစ်​တို့
တိုးတက်​ဖို့ လိုတာ​ပေါ့ဗျာ

ဒါ​ပေါ့ဒါ​ပေါ့လူငယ်​ဆိုပြီးအ​တွေးတိမ်​တယ်​လို့မထင်​မိ​အောင်​ကြိုးစားပြရမှာ​ပေါ့

steemit တွင် အကျိုးရှိစွာ အသုံးချနေပါသည်

ဆရာအောင်သင်းတို့ လို လူငယ်ချစ်တဲ့ စာပေသမားတွေ များများပေါ်ထွန်းစေချင်တယ် ဒါမှ လူငယ်တွေ စိတ်ဓာတ်ခွန်အားရမှာ

ဟုတ်တယ် ဘုန်းဘုန်းရေ စာများများဖတ်ဖို့လိုတယ်

မှန်ပါတယ်

ယနေ့လူငယ်နောင်ဝယ်လူကြီးတွေ ဖြစ်လာကျမဲ့လူငယ်တွေဟာ စည်းကမ်းတကျနဲ့ ကြိုးစားနိုင်မှာ အနာဂတ်မှာ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်လာမှာပါ

ဟုတ်ပါတယ် အမ

လူငယ်​​တွေ ​တော်​ပါမှ ​နောင်​အနာဂတ်​မှာ တိုင်းပြည်​​ကောင်းမှာပါ
ကောင်းတယ်​ အစ်​ကို​ရေ .. အား​ပေး​နေပါတယ်​ဗျ

ဟုတ်အကို ကျေးဇူးပါ

မှန်ပါတယ်ဗျာ။လူငယ်ဆိုတာ အနာဂတ်ရဲ့အလင်းရောင် တိုင်းပြည်ရဲ့ကြယ်ပွင့်။

ဟုတ် ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64741.88
ETH 3457.21
USDT 1.00
SBD 2.55