ဗိဿနိုးမြို့ဟောင်း ( ၃ )

in #myanmar6 years ago

ဗိဿနိုးမြို့ဟောင်း ( ၃ )

IMG_20180118_001142.jpgကျွန်တော်ကြားသိဖူးသလောက် ဗိဿနိုးမြို့
တော်ကြီး ပျက်ဆီး သွားခဲ့ပုံကို ဗဟုသုတအဖြစ်
ပြောပြချင်ပါသေးတယ်...။ဟိုးတချိန်ပျူခေတ်ကဗိဿနိုးမြို့တော်ကြီးသည် အလွန်သာယာဝ
ပြောသော မြို့တော်ကြီးဟု သမိုင်းများအရသိ
ရှိရပါသည်..။ကိုယ့်ထီး ကိုယ့်နန်း ဖြင့်အရာ
ခပ်သိမ်းအဆင်ပြေစွာ နေရသလို တန်ခိုးအရှိန်
အဝါကြီးမားလှသော ပန်ထွာဘုရင်မ အုပ်ချုပ်
သောကြောင့် ဘယ်သူမှမကျူးကျော်ရဲကြဘူး
လို့လဲ ကြားသိဖူးပါတယ်....။ထေရဝါဒ ဗုဒ္ဓသာသနာလည်း အလွန်ပင်ထွန်းကားခဲ့ပြီး ဘုရားရဲ့ တရားတော်တွေအတိုင်း လိုက်နာ
ကျင့်သုံးနေထိုင်ကြလို့ လူတိုင်းလူတိုင်းသည်
ငါးပါးသီလလုံခြုံကြပါတယ်...။ဗိဿနိုးမြို့
တော်ကြီးကိုအုပ်ချုပ်သော ပန်ထွာဘုရင်မ
သည်လည်း တန်ခိုးတန်ဝါကြီးမားလှသော သံဃာတော်ကြီးများကို အလွန်ပင် ဆည်းကပ်
ရိုသေပြီး ဆွမ်းသင်္ကန်းများ နေ့စဉ်မပျက် ကပ်
လှူသူဖြစ်ပါသည်...။

IMG_20180118_000850.jpgထိုကာလတွင် သရေခေတ္တရာပျူမြို့ ၌
လည်း ဒွိတပေါင်မင်းကြီး အုပ်ချုပ်တော်မူ
လေသည်....။ဒွိတပေါင်မင်းကြီးသည်လည်း
သာမန်ဘုရင်မဟုတ်။တန်ခိုးတန်ဝါကြီးမားသူ
တယောက်ဖြစ်လေသည်....။ထူးခြားသော
အချက်မှာ ဒွိတပေါင်မင်းကြီး၏ နဖူးတော်တွင်
သိချင်တာကို အာရုံစိုက်လိုက်ရုံဖြင့် အရာအား
လုံးကိုမြင်နိုင်သော နတ်မျက်စိ ရှိသည် ဟူ၍
ကြားသိဖူးပါသည်...။ဗိဿနိုးမြို့တော်ကြီး
ပျက်ဆီးရခြင်း ၏ အရင်းခံ အကြောင်း
အရင်းမှာ ချစ်ခြင်းတရား၏ နောက်
ကွယ်တွင် ရှိတတ်သော ”အချစ်၏အတ္တ”
အချစ်ကိုရယူပိုင်ဆိုင်လိုစိတ် ပြင်းထန်မှု
ကြောင့်ဟု ဆိုရပေမည်...။ဒွိတပေါင် မင်းကြီး
သည် ဗိဿနိုးဘုရင်မအကြောင်းကို ကြားကြားချင်း ချစ်မိသွားလေသည်.။

ထိုအခါ ဒွိတပေါင်းမင်းကြီးသည် သူ၏မူးကြီး
မက်ရာများကို ဗိဿနိုးသို့စေလွှတ်ပြီး ပန်ထွာ
ဘုရင်မအား မိဖုရားမြှောက်လိုကြောင်း
လျှောက်ခိုင်းလေသည်...။ပန်ထွာဘုရင်မကထို
ကမ်းလှမ်းချက်ကို လက်မခံပေ...။ထိုအခါ
ဗိဿနိုးမြို့တော်သို့ စစ်သည်တော်များစေလွှတ်
တိုက်ခိုက်စေခဲ့သည်...။

IMG_20180118_000657.jpgသရေခေတ္တရာမှ စစ်သည်တော်များ ချီတက်
လာပြီး ဗိဿနိုးမြို့နားရှိ ရန်ပယ်ချောင်းသို့ဖြတ်ကူးစဉ် ပန်ထွာဘုရင်မက စည်တော်ကြီးကိုတီးလိုက်လျှင် ရန်ပယ်ချောင်းမှ ရေများတဝေါဝေါ
စီးဆင်းလာကာ ရန်သူများရေနောက်မျောပါ
သေဆုံးကြရသည်...။ဒွိတပေါင်းမင်းကြီးက
စစ်သည်တော်များထပ်လွှတ်....။ပန်ထွာဘုရင်
မကလည်းထိုနည်းအတိုင်းပင် ရန်သူများကိုရှင်း
ထုတ်ခဲ့လေသည်....။

ထိုအခါဒွိတပေါင်မင်းကြီးက ဗိဿနိုးမြို့တော်
ကြီးကိုတိုက်ရန် တနည်းတဖုံစဉ်းစားလေသည်။
ပန်ထွာဘုရင်မသည် သံဃာတော်များကို အ
လွန်ပင် အမွန်အမြတ်ထားကာ ဆည်းကပ်ရို
သေသည်ကို အခွင့်ကောင်းယူကာ ဒွိတပေါင်
မင်းကြီးသည် သူ၏မူးမတ်များကို သင်္ကန်းခြုံ
ခိုင်းကာ ရဟန်းအဖြစ်ဟန်ဆောင်ခိုင်းပြီး
ဗိဿနိုးမြို့သို့ စေလွှတ်ခဲ့လေသည်........။

ထိုသို့ရဟန်းယောင်ဆောင်ထားသော မူးမတ်
များသည် ဗိဿနိုးဘုရင်မ အနားသို့ရောက်ရှိ
ရန် နည်းမျိုးစုံဖြင့် ကြိုးစားကြလေသည်....။
ပန်ထွာဘုရင်မသည် ရဟန်းသံဃာတော်များကို
အလွန်ယုံကြည် ကိုးကွယ်သူဖြစ်သောကြောင့်
ရဟန်းယောင်ဆောင်ထားသော မူးမတ်တို့သည်
ပန်ထွာဘုရင်မ၏ ယုံကြည်ကိုးကွယ်ရာ ရဟန်းများအဖြစ်သို့ရောက်ရှိသွားလေသည်....။

IMG_20180118_000454.jpgထိုအခါ ရဟန်းအတုအယောင်များသည် နန်း
တော်ရှေ့ရှိ စည်တော်ကြီးကို မြင်လျှင်...
စည်တော်ကြီးကို အရင်ကထက်ပိုကောင်း
အောင် ပြုပြင်နိုင်သည်ဟု ပြောသောအခါ
ပန်ထွာဘုရင်မက သံဃာတော်များအားအလွန်
ပင် ယုံကြည်ကိုးကွယ်သူ ဖြစ်သဖြင့် ပြန်လည်
ပြင်ဆင်ခွင့်ပေးခဲ့ရာ ရဟန်းအတုအယောင်တို့
သည် ဗိဿနိုးမြို့၏အထွတ်အမြတ် စည်တော်
ကြီးအား ယုတ်ညံ့သော သရေသားများဖြင့်
ပြုလုပ်ကာ ဖျက်ဆီးခဲ့လေသည်...။

IMG_20180118_000402.jpgထို့နောက်တွင် ဒွိတပေါင်းမင်းကြီးက ဗိဿနိုး
မြို့သို့ စစ်အင်အားအလုံးအရင်းဖြင့် လာတိုက်
သောအခါ ပန်ထွာဘုရင်မက စည်တော်ကြီး
အားတီးခတ် သော်လည်း အရင်လို ရေများကျ
ဆင်းလာခြင်းမရှိတော့ဘဲ ဗိဿနိုးမြို့တော်ကြီး
အတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခံခဲ့ရသည်...။
နောက်ဆုံးတွင် ဗိဿနိုးမြို့တော်ကြီးသည်
ဒွိတပေါင်မင်းကြီး၏လက်အောက်၌ ပျက်သုန်းခဲ့ရပြီး ပန်ထွာဘုရင်မအား သရေခေတ်တရာသို့ ခေါ်ဆောင်သွားလေတော့သည်...။

ဗိဿနိုးမြို့ဟောင်းကြီး၏ သမိုင်းကြောင်းကို
steemit အဖွဲသားများ ဗဟုသုတရစေရန်
ရည်ရွယ်၍ ရေးသားလိုက်ပါသည်....။

(ပုဏ္ဏဝတီမဂ္ဂဇင်း ၊တောင်တွင်းကြီး သမိုင်း
စာအုပ်များမှ ကိုးကားထားပါသည်)

IMG_20180117_235509.jpgPhoto credit google
Author,@htetlinaungg
MSC : 078

Sort:  

Thanks for your sharing bro

Thank a lot for reading

အဆက်လေး ရေးလို့ရသေးတယ်နော် မောင်လေး

အဆုံးသတ်လိုက်ပါပီအမ
တခြားအကြောင်းအရာလေးတွေပဲရေးတော့မယ်
သမိုင်းကြောင်းရေရတာ တော်တော်ဂရုစိုက်ရေးရတယ်
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါအမ

ကောင်းပါတယ်...bro
ဗဟုသုတရတာပေါ့..

ဟုတ် ကျေးဇူးပါ အကို sl

ဗဟုသုတရပါတယ်​ bro good potပါ

ကျေးဇူးပါ bro

မ​ရောက်​ဖူး​သေးဘူးကွယ်​...

လိုက့်မယ် bro

သမိုင်းကြောင်းသိရလို့ ဝမ်းသာပါတယ်ဗျ

ဖတ်ပေးတဲ့အတွက် ကျေး ဇူးပါ bro

အဲ့ ဘုရင်မကြီးက ခုထိမကျွတ်မလွတ်ဖြစ်နေတုန်းပဲဆို ..
သူနေတဲ့ ဇာတိက လူတွေက ခုထိသူ့ ကို ကိုးကွယ်နေကြတုန်း ဆိုပဲ ..
...
ဟုတ်လားမသိဘူး။

Thz for ur sharing

Thank for reading

အရမ်းဗဟုသုတ တိုးပါတယ်​ဗျာ
ကျေးဇူးပါဗျ

ဟုတ် ကျေး ဇူးပါ

သမိုင်းက အ​ရေးကြီးတာ​ပေါ့ဗျာ

ဟုတ်ကဲ့ပါ ဦး

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 59462.07
ETH 3306.60
USDT 1.00
SBD 2.43