စည်းကမ်းနှင့်တန်ဖိုး(၁)

in #myanmar7 years ago (edited)

စည်းကမ်းနှင့်တန်ဖိုး
စည်းကမ်း စည်းကမ်း စည်းကမ်းနှင့်ပြောကြသည် စည်းကမ်းဆိသြည်မှာအဘယ်နည်း ? ? ?
အချို့ကပြောကြသည် စည်းကမ်းသည်လူ့တန်ဖိုး လိုပြောကြဆိုကြသည် ကျွန်တော်ကတော့ စည်းကမ်းဆိုသည်မှာ အရာရာကိုမပေါ့ဆရန်လမ်းညွန်ပေးသော ကောင်းသောအကြံပေးခြင်းဟုထင်မြင်မိပါသည်။
အဘယ်ကြောင့်ဆိုသော် နေရာတိုင်းတွင် စည်းကမ်းဟူသောအရာကရှိနေပါသည်။ငယ်စဉ်ကလေးဘဝက ဖေဖေ၊မေမေပြောသောအိမ်စည်းကမ်း၊ ကျောင်းရောက်တော့ကျောင်းစည်းကမ်း၊ ကား၊ဆိုင်ကယ်မောင်းနှင်တော့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အမျိုးမျိုးအဖုံဖုံရှိနေကြပါသည်။
ရှိနေသောစည်းကမ်းကိုပင်လိုက်နာဆောင်ရွက်သူများထက် ချိုးဖောက်သူများက ပိုမို၍များပြားလေသည်။
နိုင်ငံတကာထက် မြန်မာနိုင်ငံသားတွေကပို၍စည်းကမ်းပျက်သည်ဟု ကျွန်တော်ထင်မိပါသည်။အဘယ်ကြောင့်ဆိုသော် နိုင်ငံနှင့်ယှဉ်ပြောရလျှင် ဂျပန်နိုင်ငံကိုအတုယူသင့်ပေသည်။ကျွန်တော်တို့နိုင်ငံထက်ဆိုးဝါးသော စစ်ရှုံးခြင်းဒဏ်ကိုခံခဲ့ရကာ ယခုအချိန်တွင် ကမ္ဘာနှင့်ယှဉ်ကာ ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူနည်းစုဖြစ်သော နိုင်ငံငယ်လေးရှိဂျပန်နိုင်ငံသားများ စည်းကမ်းလိုက်နာကာ တစ်စုတစ်စည်းထဲကြိုးစားကြသောကြောင့် တန်ဖိုးရှိသောနိုင်ငံတစ်ခုသို့ရောက်ရှိနေပေပြီဖြစ်သည်။
ထိုနောက် စင်ကာပူနိုင်ငံကိုညွှန်ပြရပေမည်။ ကျွန်တော်တို့ နိုင်ငံကရုန်ကုန်မြို့ကို အတုလာယူပြီးအမှီလိုက်ယူရန်ပြောခဲ့သော စင်ကာပူသမ္မတကြီးစကားကိုလွန်၍ ယခု အရာရာကျော်လွန်တိုးတက်နေပေပြီဖြစ်သည်။ဤသည်မှာစည်းကမ်းရှိခြင်းကြောင့်ပင်ဖြစ်သည်။
လူတွေစည်းကမ်းကို အဘယ်ကြောင့်မလိုက်နာနိုင်ကြသနည်း။
စည်းကမ်းတန်ဖိုးမသိခြင်းကြောင့် စည်းကမ်းဟူသည့်အရာသည် တန်ဖို့မရှိသို့ရောက်သွားကာ စည်းကမ်းဖောက်ကြခြင်းဖြစ်ပေတော့သည်။
အရာရာတွင် တန်ဖိုးသိမှ တန်ဖိုးရှိကာ တန်ဖိုးကိုအလေးထားဆောင်ရွက်ကြပေမည်။ထိုနေရာတွင်စည်းကမ်းတန်ဖိုးသိမှ တန်ဖိုးထားကာ လေးစားလိုက်ကြပေမည်ဖြစ်သည်။
အိမ်တွင်နေသော် မိမိအိမ်နှင့်တင့်သင့်လျှောက်ပတ်သော စည်းကမ်းများကိုလိုက်နာသင့်သလို လမ်းပေါ်ထွက်လျှင်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာသင့်ပေသည်။ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကိုအတိတကျလိုက်နာဆောင်ရွက်ပါက အသက်အန္တရာယ်ကင်းရှင်းစေရုံသာမက ယာဉ်အသွားအလာကိုပါချောမွေ့၍ အချိန်သက်သာ၍လိုရာကိုရောက်နိုင်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်လိုက်နာဆောင်ရွက်မှုမှသည် တစ်မြို့လုံး တစ်နယ်လုံး တစ်နိုင်ငံလုံးလိုက်နာဆောင်ရွက်ပါက ယာဉ်တိုက်မှုဖြစ်ရက်များရော့ပါးကာ ဆရာဝန်များ ယာဉ်ထိန်းရဲများသက်သာကာ တာဝန်ကိုတိကျသေချာစွာလိုက်နာဆောင်ရွက်နိုင်ပေမည်ဖြစ်သည်။ မိမိတစ်ဦးတည်း စံနမူနာ အနေနှင့်ရှေ့ဆောင်လမ်းပြလုပ်ကာလိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကိုကူညီရာရောက်ပေလိမ့်မယ်။ ထိုသို့အသိတရားလေးသာရှိပါကယာဉ်ထိန်းရဲများဖမ်းဆီးမည်ကိုကြောက်ရန်မလိုသလို ဆေးရုံဆေးခန်းသို့ယာဉ်အန္တရာယ်ဖြင့် ရောက်မည်ကို ကြောက်ရန်မလိုတော့ပေ။ထို့ကြောင့်ငွေကြေးကုန်ကျမှုသက်သာသောကြောင့် အခြားနေရာများတွင် မိမိငွေကြေးများကိုသုံးစွဲနိုင်ပေမည်။
သိုသော် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာပါက ပထမဦးစွာဆုံးရှုံးရမည်မှာမိမိကိုယ်တိုင်ပင်ဖြစ်သည်။ထို့နောက် မိမိ မိဘများ ညီအစ်ကိုမောင်နှမများစိတ်ပူပန်သောကရောက်ခြင်းဖြစ်ရမည် ဆေးဝါးအခကြေးငွေများကုန်ကြရုံသာမက ရဲစခန်း တရားရုံးများသို့မသွားချင်သွားကြရမည်ဖြစ်သည်။မိမိတစ်ဦးတည်း စည်းကမ်းမလိုက်နာခြင်းကြောင့် လူအဖွဲ့အစည်းထဲရှိ အဖွဲ့အစည်းအသီးသီးအလုပ်ရှုပ်ကာ တာဝန်ပိုရစေသည်။မိမိတစ်ဦးတည်းစည်းကမ်းရှိရုံသာမက အခြားသူများကိုစည်းကမ်းရှိစေရန် စံနမူနာနေပြခြင်းဖြင့် လူအဖွဲ့အစည်းကိုကူညီရာရောက်ပေမည်ဖြစ်သည်။
ဤသည်မှာစည်းကမ်းများထဲမှယာဉ်စည်းကမ်၊လမ်းစည်းကမ်း တစ်ခုကိုလိုက်နာခြင်းပင် ရှိပါသေးသည်။. . . . . . . . . .

MSC-120
Written by hponekokomyint

Sort:  

အစ်ကို @ansoeပြောသလိုပါပဲ
MSCနံပါတ်နဲ့ ကိုယ်တိုင်ရေးသားတဲ့စာပေဖြစ်ကြောင်း
သက်သေပြနိုင်တဲ့
ရေးသားသူ မိမိရဲ့အမည်ကိုထည့်ပါခင်ဗျာ
.

ရေးပြီးပါပြီ ခင် ဗျ

msc နံပါတ် ရပီးပါပီလား ရရင်ထည့်ပေးပါ ကိုယ်တိုင်ရေးသားကြောင်း နာမည်ရေးထည့်ပါ

ထည့်ပေးထားပါတယ်ဗျ မေ့သွားပါ 😁😁😁

steemit နဲ့ သိတာလဲ ကြာပြီ ခုထိ profile က ဘာမှ မရှိသေးဘူးဟprofile ပုံတင်ထားပါ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 62625.86
ETH 3333.11
USDT 1.00
SBD 2.47