မကွေးမြို့ သာသနာ၏ထောက်တိုင်တစ်ခုမှ ကျင်းပသောပွဲ

in #myanmar6 years ago (edited)

IMG_20180109_163102.jpg
မကွေးမြို့ သာသနာ၏ထောက်တိုင်တစ်ခု ( သို့ ) မကွေးမြို့နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း မှ ကျင်းပသောပွဲ

မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်ကစတင်ဖွဲ့စည်းခဲ့သာ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းသည် လွန်ခဲ့သော တစ်ချိန်က ( ၁၆ )နှစ်မှစတင်၍ နေ့စဉ်မြို့တွင်းသို့ မြို့လုံးကျွတ် ဆွမ်းဆန်တော်နှင့်ဆွမ်းစရိတ်အလှူတော်ခံခြင်းကိုစတင်ခဲ့ပါသည်။

ဟိုအရင်တစ်​ချိန်​က ဆွမ်း​လောင်းအသင်းဟာ မြို့​ပေါ်ရှိ ဂန္ဓဓူတ၊ဝိပသာနာဓူတ ဓူတနှစ်​ဖြာ ကျင့်​ကြံကြကုန်​​သော သံဃာ​တော်​အရှင်​သူမြတ်အ​ပေါင်းတို့အား မြို့လုံးကျွတ်​အတိုင်းအတာဖြင့်​ အရုဏ်​ဆွမ်းလောင်းလှူနိုင်ရန် အခက်အခဲများစွာကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါသည်။

ထိုအခက်အခဲများကိုကျော်လွှားနိုင်ရန် ဆရာ​တော်​ကြီးများ၏သြဝါကို ခံယူလျက် အသင်း၏ဥက္ကဋ္ဌကြီးဆရာကြီးဦးသိုက်​ထွန်းက "မြို့လုံးကျွတ် ဆွမ်းစရိတ်​ နှင့်
ဆွမ်းဆန်​​တော်​ အလှူခံပွဲ”ကို စတင်​အ​ကောင်​အထည်​​ဖေါ်ခဲ့ခြ​င်းဖြစ်သည်မှာ (၁၆)ကြိမ်​ တိုင်​ခဲ့ပြီဖြစ်သည်။

IMG_20180109_162004.jpg

မကွေးရှိရပ်ကွက်အသီးသီးသို့ သံဃာတော် ( ၁၀၈ )ပါးဦးဆောင်ကာ ဆွမ်းလောင်းရုံအသင်းမှ အဖွဲ့ဝင်များ ၊ ရပ်ကွက်အသီးသီးမှလုပ်အားဒါနပါဝင်သူများ မကွေးမြသလွန်ဗုဒ္ဓဝေယျာဝေစ္စအသင်း အသီးသီးမှ လုပ်အားပေးလူငယ်မောင်မယ်များ ပါဝင်လျက် တစ်နှစ်လျှင်တစ်ကြိမ်ကျ မြို့တွင်းသို့ ဆွမ်းစရိတ်နှင့်ဆွမ်းဆန်တော်အလှူခံခြင်းပွဲကိုကျင်းပခြင်းဖြစ်သည်။

IMG_20180109_152129.jpg
တစ်နှစ်လျှင်တစ်ကြိမ်သာ ပြုလုပ်သောပွဲမှ မကွေးတစ်မြို့လုံးရှိ မြို့နေလူအားလုံးကို ဆွမ်းလှူရခြင်းအကျိုး ငါးပါးရစရုံသာမက ဝေယျာဝစ္စပြုကြသော ဥပသကာ၊ဥပသကီတို့၏ဘာသာရေးလှုပ်ရှားမှုသည် ဘာသာရေးအပ်ါတွင် သဒ္ဒါစိတ်ဖြစ်ပေါ်ကာ မျိုးဆက်သစ်လူငယ် အပေါင်းတို့ ဘာသာရေး သာသနာရေးအပေါ်တွင်ပါစိတ်ပါဝင်စားလာစေပါသည်။

IMG_20180113_150719.jpg

ထို့အပြင် အသင်း၏ဘဏ္ဍာရေးအခြေအနေတိုးတက်ရေး လာစေခြင်းမှာလည်း နောင်တစ်ခေတ်သာသနာတော်အတွက်အထောက်အပံ့ကောင်းတစ်ခုပင်ဖြစ်ပါသည်။

received_431425490606417.jpeg

received_432647743817525.jpeg
ထိုအကျိုးကျေးဇူးများသာမက မိမိတို့၏မျိုးဆက်သစ် သားသမီးမြေးမြစ်များကို မိမိ၏ အိမ်​​ရှေ့တွင်​ပင်​ ငယ်​စဉ်​​တောင်​​ကျေးက​လေးဘဝ
ကပင်​ သံဃာကို လက်​အုပ်​ချီမိုး ရှိခိုးပူ​ဇော်​ရ​ကောင်းမှန်းသိ​စေသလို လှူဒါန်းပူ​ဇော်​ရမည်​ဟူ​သော အသိဥာဏ်​​ကောင်းကိုလည်း လက်​​တွေ့ကျကျ ကိုယ်တိုင်သင်ကြားပေးနိုင်ကာ နောင်အနာဂတ်အတွက်အထောက်အပံ့ဖြစ်စေပါသေးသည်။

IMG_20180113_151009.jpg

IMG_20180110_154106.jpg

IMG_20180110_153227.jpg

ဆွမ်းဆန်တော်ခံပွဲတွင် သံဃာတော်များရှေ့မှကျောင်းသားလူငယ်လေးများသည်လည်း ဝတ်ဖြူစင်ကြယ်တူညီဝတ်စုံများကိုဝတ်ဆင်လျက် သာသနာအလံတော်များလွင့်ထူကာ ကြေးစည် မောင်းများကို ထု၍ သာသနာအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီအားဖြည့်ပေးကြသည်။

IMG_20180110_162544.jpg

ထိုကြည်နူးစရာမြင်ကွင်းလေးကိုမြင်ရ၍ ဆွမ်းလှူသောအလှူရှင်တို့သည် ထိုကျောင်းသားလေးများအတွက် သံဃာတော်များအတွက် အချိုရည်များ ၊ အအေးဘူးများ ၊ မုန့်များဒါနပြု၍လှူဒါန်းကြသည်မှာလည်း ကြည်နူးစရာအတိပြီးသောမြင်ကွင်းတစ်ခုဖြစ်ပါသည်။

IMG_20180113_151418.jpg

ထို့ပြင် သံဃာတော်များကြွရောက်လာမည့်လမ်းတစ်လျှောက်ကို လမ်းသန့်ရှင်းရေးလုပ်ထားခြင်း ၊ ရေဖြန်းခြင်း ၊ သာသနာအလံတော်များလွင့်ထူကာ ကုသိုလ်ယူထားခြင်းဖြင့် လမ်းကုသိုလ်ယူမှူကိုလည်း မြို့နေပြည်သူများအပေါ် ရရှိစေသာ အလှူခံပွဲတစ်ခုဖြစ်သည်။

IMG_20180112_155058.jpg

received_431425383939761.jpeg

IMG_20180110_161447.jpg

IMG_20180110_162843.jpg

ထိုသို့ကုသိုလ်အစုစု စုပေါင်းပါဝင်သောပွဲကြီးကို မကွေးမြို့ သာသနာ၏ထောက်တိုင်တစ်ခု ( သို့ ) မကွေးမြို့နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီးမှ ကြီးမှူးကျင်းပပေးလျက်ရှိပါသည်။ထိုသို့ကျင်းပပေးခြင်းဖြင့် နံနက်အာရုံဆွမ်းတစ်နပ်တာ မတတ်နိုင်သောဆွမ်းအလှူရှင်များကိုပါ ဆွမ်းဒါယကာ ဆွမ်းအမဖြစ်စေပါတော့သည်။

IMG_20180113_162447.jpg

Written by hponekokomyint
MSC-120
Photo by me

Sort:  

Thanks sis

သာဓုပါ ကလေးရေ😁😁

သာဓုပါဗျာ .😁😁😁

သာဓု သာဓု သာဓု ပါ

V 100% 0.092$ V n C done. @thi/poe

သာဓု သာဓု သာဓု ခေါ်လိုက်ပါတယ်။

သာဓုသာဓု

Thanks for reading

သာဓုပါဗျာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 61420.98
ETH 3276.21
USDT 1.00
SBD 2.47