မကွေးမြို့အနီးရွှေတောင်ကြီးသို့ တစ်ခေါက်

in #myanmar7 years ago

မကွေးမြို့အနီးရွှေတောင်ကြီးသို့ တစ်ခေါက်

IMG_20180107_080240.jpg

မကွေးမြို့တစ်ဖက်ကမ်းမှလှမ်းမြင်ရသော မင်းလှမြို့သို့သွားရလမ်းဘေးအနီးရှိရွှေတောင်ကြီးသို့ မနက်ခင်းစောစော ၅ ခွဲလောက်မှာမကွေးဘက်ကနေ မကွေးတက္ကသိုလ်ခြေလျင်တောင်တက်အဖွဲ့သားများနဲ့အတူ မကွေးမှစတင်ထွက်ခွာလာခဲ့ပါတယ်။ ခြေလျင်တောင်တက်အလေ့အကျင့်ရရန် လေ့ကျင့်ခြင်းဖြစ်ပါသဖြင့် ဆိုင်ကယ်များကို ကမ်းနီရေနံမြေတွင်ထားခဲ့ကာ ကမ်းနီရေနံမြေမှ ခြေလျင်စတင်ထွက်ခွာခဲ့ပါတယ်။ရွှေတောင်ကြီးတောင်ခြေသို့ ၆ နာရီ ၄၅ မိနစ်ခန့်တွင်ရောက်ရှိပြီး ခတ္တနားကာအဖွဲ့လိုက်ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

IMG_20180107_070040.jpg

နားပြီးသည်နှင့်ရွှေတောင်ကြီးတောင်ပေါ်သို့ ဆက်လက်ခရီးဆက်ခဲ့ကြပါတယ် ၊ တောင်တက်လမ်းတွင်လည်း တစ်ဦးကိုတစ်ဦးအပြန်အလှန်ဓာတ်ပုံရိုက်ပေးရင်း သဘာဝရှုခင်းများကြည့်ရင်း တောင်ထိပ်ဆီသို့ အရောက်လှမ်းခဲ့ကြပါတယ်။
IMG_20180107_070754.jpg

IMG_20180107_071445.jpg
တောင်ထိပ်သို့ရောက်သည်နှင့်တောင်ထိပ်တွင်တည်ထားသော စေတီလေးသို့သွားရာလမ်းကိုလှမ်းမြင်ရသည်မှာကြည့်၍ကောင်းသော မြင်ကွင်းလေးတစ်ပါတယ်။

IMG_20180107_071810.jpg

စေတီတော်၏ခြေရင်းတွင်ခတ္တနား မုန့်စား အဖွဲ့လိုက်ဓာတ်ပုံရိုက်ကာ တောင်အောက်ကို အလာလမ်းမှမဟုတ်ဘဲတောလမ်းမှဆင်းရန် ပြင်ဆင်သည်များကိုပြင်ဆင်ခဲ့ကြပါတယ်။
FB_IMG_1515379588549.jpg

နား၍အပြီးမျက်ပင်ရိုင်းများကြားမှဖြတ်ဆင်းကာ အဆင်းလမ်းကိုစတင်ခဲ့ကြပါတယ်။

IMG_20180108_093236.jpg
ထိုမှတစ်ဆင့်ဆက်ကာ လျှိထဲသို့ဆက်လက်ဆင်းကြပါတယ်။

IMG_20180108_093309.jpg

လျှိထဲမှတစ်ဆင့် ချောင်းအတိုင်းဆက်လျှောက်ကာ ယာခင်းများဘေးသို့ရောက်ရှိပါတယ်။

IMG_20180107_075636.jpg
ယာခင်းများဘေးမှတစ်ဆင့် လမ်းဘေးအတိုင်းဆက်လက်လျှောက်လာကာ ရွှေတောင်ကြီးတောင်ကြောနဲ့တစ်ဖက်တောင်နှစ်ခုကြားလှည်းလမ်းအတိုင်းဆက်လက်လျှောက်လှမ်းခဲ့ကြပါတယ်။

IMG_20180107_080451.jpg

ထို့မှတစ်ဆင့်ကတ္တရာလမ်းဘေးသို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကတ္တရာလမ်းအတိုင်း ဆိုင်ကယ်များထားရာ ကမ်းနီရေနံမြေသို့ ပြန်လည်လျှောက်လှမ်းခဲ့ကြပါတယ်။

IMG_20180107_081246.jpg

IMG_20180107_081248.jpg

ကမ်းနီရေနံမြေမှတစ်ဆင့် ဧရာဝတီတံတားကိုဖြတ်ကာ မကွေးဘက်ကမ်းဆီသို့ဆိုင်ကယ်နှင့်ပြန်လာခဲ့ကြပါတယ်။

IMG_20180107_085110.jpg

မကွေးဘက်ကမ်းသို့အရောက်မကွေးမြို့ကမ်းနားလမ်း နန်းထိုက်သူ hotel ရှေ့မှမြစ်ကမ်းနားသို့ဆင်းရာလမ်းအတိုင်း မြစ်ကမ်းနာသို့ဆင်းကာခတ္တနား ဓာတ်ပုံရိုက် ပျော်ပျော်ရွင်ရွင်နှင့်ခရီးစဉ်ကိုအဆုံးသတ်ခဲ့ပါတယ်။

IMG_20180107_092240.jpg

IMG_20180107_093101.jpg

ရွှေတောင်ကြီးသို့အပျော်တမ်းခြေလျင်တောင်တက်သွားမည်ဆိုလျှင် လွယ်အိတ်တစ်လုံး ၊ ရေတစ်ဘူး ၊ မိမိနှစ်သက်သော စားစရာအချို့ ၊ ကင်မရာတစ်လုံး(သို့မဟုတ်) ဖုန်းတစ်လုံး ၊ မနက်ခင်းသွားလျှင် အနွေးထည်အပါးတစ်ထည် (လမ်းလျှောက်ရင်းဝတ်ရန်) ၊ဦးထုပ်တစ်လုံး နှင့်မိမိလိုအပ်သောအရာများလိုအပ်ပါတယ်ဗျာ။တစ်ခုသတိထားရန်မှာ ရွှေတောင်ကြီးတောင်ပေါ်တွင် စခြင်းနောက်ခြင်းတွင် စကားမမှားရန်နှင့် အမှားမလုပ်မိရန်သတိပေးအပ်ပါသည်ခင်ဗျာ။

Written by hponekokomyint
MSC-120
7.1.2018(ရွှေတောင်ကြီးသို့တစ်ခေါက်)

Sort:  

V 100% = 0.118$ v n cm done,@thi/poe.

ရူခင်းတွေ လှချက်😁😁ရောက်ဖူးချင်တေ😁

beautiful images

Yes, thanks for watching

Thanks for reading my posts

လာအုံးမယ်

လာခဲ့ပါဗျာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 61420.98
ETH 3276.21
USDT 1.00
SBD 2.47