လူငယ် နှင့် ပရဟိတ

in #myanmar7 years ago

IMAG4007.jpg
ပ ရ ဟိ တ ဆိုတဲ့ စကားလုံးလေး လေးလုံးကိုပေါင်းလိုက်ရင် ပရဟိတ = အများအကျိုး ဟူ၍ဖြစ်ပါတယ်ဗျ၊၊
အပြောလွယ်သလောက် အလုပ်ခက်တဲ့ အလုပ်ဗျ၊၊ပရဟိတ လုပ်ခြင်းဆိုတာ အများအကျိုးကိုဆောင်ရွက်ခြင်းဟု အဓိပ္ပါယ်ရပါတယ်ဗျ၊၊
ယနေ့ခေတ် မြို့ တိုင်း၊နယ်တိုင်းမှာပရဟိတ အဖွဲ့အစည်း မျိုးစုံ ရှိကြပါတယ်ဗျ၊၊ နာရေးကူညီမှု အသင်းများ ၊ သွေးလှူအသင်းများ ၊ သဘာဝဘေးကယ်ဆည်ရေးအသင်းများ ၊ လူငယ်လေးများအတွက် ယဉ်ကျေးလိမ္မာ သင်တန်းများ သင်ကြားပေးသော အဖွဲ့များ မြို့စုံရှိကြပါတယ်ဗျ၊၊
လူအမျိုးမျိုး စိတ်အထွေထွေ ဟူသည့်အတိုင်း ပရဟိတကို ရည်ရွယ်ချက် မျိုးစုံဖြင့် လုပ်ကြပါတယ်ဗျ၊၊ တစ်ချို့က ကျော်ကြားချင်လို့လုပ်ချင်ကြတာ ၊ တစ်ချို့က စီးပွားရေးအတွက်လုပ်ကြတယ် ၊ တစ်ချို့ကတစ်ကယ်ပေးဆပ်ကြတယ် ၊ တစ်ချို့က အဲဒီအဖွဲ့တွေထဲကကောင်မလေးတွေနဲ့ ရင်းနှီးချင်လို့ လုပ်ကြတယ်၊၊ ဘဝ ဇာတ်ခုံမျိုးစုံမှာ ပရဟိတကို နာမည်တတ်ပြီး ကခုန်မြူးတူးလုပ်ဆောင်နေကြတယ်ဗျ၊၊
ယနေ့ခေတ်လူငယ်တွေမှာ ပျက်စီးဖို့လမ်းစတွေ အများအပြားရှိပင်ရှိသော်ငြားလည်း ပရဟိတကို လုပ်ဆောင်နေကြတဲ့ လူငယ်အများအပြား ရှိကြပါတယ်ဗျ၊၊ လူငယ်တွေကိုနားလည်ပေးစေလိုပါတယ်၊၊
တစ်ချို့ လူငယ်တွေရဲ့ မိဘတွေက ပရဟိတလုပ်တာကို အပိုအလုပ် လုပ်တာလို့မြင်ကြတယ်ဗျ၊၊ မိမိရဲ့သား၊သမီးလေးတွေ ပရဟိတလုပ်တာကို အားပေးသင့်ပါတယ်ဗျ၊၊ လူငယ်တွေကို ပရဟိတဆိုတာ ဘာလဲဆိုတာ မိမိကိုယ်တိုင်လေ့လာပြီး လူငယ်တွေကို လမ်းပြပေးသင့်ပါတယ်ဗျ၊၊
ပရဟိတလုပ်တဲ့နေရာမှာ အတ္တဟိတလေးလည်းပါဖို့တော့လိုတယ်ဗျ ၊၊ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ မိမိပရဟိတလုပ်မယ် ဆိုရင် ဘယ်အဖွဲ့ကို ဝင်ပြီး ဘယ်လိုတွေလှူနေမှ ဘာတွေပေးဆပ်နေမှ ပရဟိတ လုပ်တာမဟုတ်ပါဘူးဗျ ၊၊ မိမိအိမ်ရှေ့ကလမ်းမှာ ရေဗွက်လေးကို ပျောက်အောင် မြေဖို့ပေးတာကလည်း ပရဟိတလုပ်ခြင်းတစ်မျိုးပါဘဲဗျ ၊၊ ထို့ကြောင့် မိမိတို့ပထမဆုံး ပရဟိတလုပ်တော့မယ်ဆိုရင် မိမိပတ်ဝန်းကျင်ကို အရင်ကောင်းအောင်လုပ်ရမယ်ဟု ရည်မှန်းချက်လေးထားပြီးလုပ်ပါ ၊၊ မိမိပါတ်ဝန်းကျင်ကောင်းမှ ထိုပါတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့လူတွေပိုကောင်းမှာပါ၊၊ ထို့ကြောင့် အတ္တဟိတဆိုတာ မိမိဘာလုပ်ရမယ်ဆိုတာကို မိမိစိတ်ထဲက အတ္တစိတ်လေးထားဖို့ပြောတာပါဗျ၊၊

လူငယ်တွေကို လမ်းပြပါ၊ မိမိကိုယ်တိုင်လည်း ပရဟိတအလုပ်ကို လေ့လာပါ၊၊ မိမိလုပ်သောအလုပ်သည် အများအတွက်လုပ်တာဖြစ်သည့်အတွက် မိမိရဲ့အလိုဆန္ဒ၊အချိန်တွေ၊ငွေတွေကို ပေးဆပ်ရပါလိမ့်မယ်၊၊ ပရဟိတလုပ်ရင် ရတာကတော့ မိမိလုပ်ပေးလိုက်လို့ အလှူရှင်တွေပျော်သွားတဲ့ အပျော်၊ပီတိ ဒါတွေဘဲရမှာပါ ၊၊ ပထမ အချက် အနေနဲ့ အဲဒီအရာတွေပေးဆပ်နိုင်မှ ပရဟိတကို လုပ်သင့်ပါတယ်၊၊
ဒုတိယအချက်အနေနဲ့ ဝေဖန်ခံနိုင်ရပါမယ်၊၊ လူတွေဟာ မိမိနားမလည်မှုကို မလေ့လာဘဲ အမြင်တွေနဲ့ ဝေဖန်ချင်ကြပါတယ်၊၊ကိုယ်ကမှန်သောအရာတွေ လုပ်နေသော်လည်း ကဲ့ရဲ့ခံရတတ်ပါတယ်၊၊သို့သော်လည်း မိမိယုံကြည်ချက်ထားရာ ပရဟိတအလုပ်ကို ကဲ့ရဲ့ပင် ကဲ့ရဲ့သော်ငြားလည်း ဆက်လက်ပြီး လုပ်ဆောင်သင့်ပါတယ်၊၊ထို့ကြောင့် အကဲ့ရဲ့ခံနိုင်မှ ပရဟိတလုပ်ပါဗျ၊၊
နောက်ဆုံးအနေနဲ့ကတော့ လူငယ်တွေအနေနဲ့ ပရဟိတလုပ်တာ ကောင်းပါတယ်၊၊ မိမိလုပ်တဲ့ပရဟိတ ကိုသေချာသိတတ်ပြီး ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်ဗျ၊၊ ထိုသို့သိမှသာ မိမိရဲ့သူငယ်ချင်း အပေါင်းအသင်းတွေကိုရှင်းပြနိုင်မှာပါ၊
ထိုသို့ရှင်းပြပြီး ပြုလုပ်အောင် တိုက်တွန်းနိုင်မှ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပါတ်ဝန်းကျင်ကိုသော်လည်းကောင်း၊ အကျိုးပြုနိုင်မှာ ဖြစ်ပြီးအများအတွက် ပရဟိတ အစစ်အမှန် ဖြစ်နိုင်မည် ဖြစ်ပါကြောင်း လေ့လာမှတ်သားမိသလောက် တင်ပြလိုက်ရပါသည်၊၊နောက်လည်းဆက်လက်၍အကျယ်တဝင့် ဆက်လက်၍ဖော်ပြပါအုန်းမည် ဖြစ်ပါကြောင်း၊၊

Written by hpone ko ko myint
Steemit Myanmar

Sort:  

ကောင်းတယ်ဗျာ ။ အားပေးနေတယ်။

ဂွတ်တယ် ဘုတ်ထားပီဗျာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 61420.98
ETH 3276.21
USDT 1.00
SBD 2.47