လေးစားမှုလေးရှိစေလို. . . . . . . . . . .

in #myanmar7 years ago

respect.jpg
လေးစားမှုလေးရှိစေလို. . . . . . . . . . .
ကျွန်တော်တို့မနက်ခင်း မျက်လုံးနှစ်လုံးစဖွင့်အပြီးကပင် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံကြရသည်မှာ လူတိုင်းပင်ဖြစ်သည်။ပြောဆိုဆက်ဆံကြရာတွင် နေရာတိုင်းပြောဆိုဆက်ဆံနေရခြင်းပင်ဖြစ်သည်။ အိမ်တွင်မိဘများဆွေမျိုးသားချင်းများနှင့်ပြောဆိုဆက်ဆံရသလို ပြင်ပပတ်ဝန်းကျင်တွင် သူငယ်ချင်းများ ၊ အလုပ်မှလုပ်ဖော်ကိုင်ဖက်များနှင့်နေစဉ်ပြောဆ်ုဆက်ဆံနေရပေသည်။ ထိုသိုပြောဆ်ုဆက်ဆံရာတွင် အပြောချိုသာရန်ဟုဆိုပင်ဆိုသော်ညားလည်း အဓိကအရေးကြီးသည်မှာလေးစားသမှု တစ်ဦးကိုတစ်ဦး အချင်းချင်းလေးစားသမှုထားရန်ပင်ဖြစ်သည်။ထိုအရာမှာအလွန်အရေးကြီးလှပါသည်။

family-1251320_960_720.jpg
မိဘနှင့်သားသမီးကြားတွင် အထူးသဖြင့် သားသမီးများမှ မိဘများအပေါ်ချစ်ကြောက်ရိုသေ၍ လေးစားသမှုရှိသော်လည်း မိဘများမှ သားသမီးအပေါ်တွင် ကျွန်တော်ပြောသောလေးစားမှုမရှိပေ။ထိုသို့ပြောလျှင် ရယ်စရာဖြစ်ပေလိမ့်မည်။တစ်ချို့ကရယ်ကြပေလိမ့်မည်။ တစ်ချို့မိဘများသည် ငါမွေးထားတဲ့သားသမီးဘဲ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုပြီး ခိုင်းချင်တာကိုခိုင်းစေတတ်သည်။ထိုသို့အတင်းအကြပ်ခိုင်းစေခြင်းမှ ရုန်းကန်ထွက်ရင်း ပျက်စီးမှုကစတင်လာသည်။
မိဘကိုလိမ်တတ်လာသည် ၊ ညာတတ်လာသည် ၊ အိမ်ကပိုက်ဆံကိုမသိအောင်ယူတတ်လာသည်။ နေ့စဉ်ပြောဆိုဆက်ဆံရာတွင် မိမိက အပြောလေးကိုချိုမှကြိုက်ရင် မိမိသားသမီးများကိုလည်း ချိချိုသာသာပြောဆက်ဆံကြည့်ပါ။ ပြောင်းလဲလာပါလိမ့်မည်။ထိုသို့ပြောင်းလဲလာပါကမိမိ သားသမီးများကို မိမိစိတ်တိုင်းကျနေစေချင်သည့်ပုံစံလေးအတိုင်းနေထိုင်စေရန် ပြောဆိုရန်မှာလွယ်လွန်းသောအရာတစ်ခုဖြစ်ပေမယ်။
ပြင်ပလောကတွင်လည်း ထိုသို့လေးစားမှုလေးရှိပါက သူငယ်ချင်းအချင်းချင်းကြားတွင် အရေးတယူဆက်ဆံမှုရှိလာခြင်း နွေးထွေးသောမိသားစုသဖွယ် ဖွင့်ဟတိုင်ပင်ခြင်းများဖြစ်ပေါ်လာကာ ဆွေမျိုးများသဖွယ်ဆက်ဆံရေးကောင်းမွန်လာပေလိမ့်မည်။
ဆရာနှင့်တပည့်ဆက်ဆံရေးတွင် တချို့ဆရာကြီး၊ဆရာမကြီးများသည် အတွေ့အကြုံနှင့်ယှဉ်ကာ တပည့်များကို ပြောတတ်ဆိုတတ်ခိုင်းစေတတ်သည်။ထိုသို့ဆရာသခင်များအချိန်ရောက်လျှင် စာသင်ချိန်ကုန်မှန်းမသိကုန်သွားတတ်ပေသည်။ထိုအရာတို့၏သော့ချက်မှာ ဆရာတပည့်ကြားတွင်လေးစားမှုလေးရှိအောင်ဆရာများမှ တပည့်များအတွက်စဉ်းစားကာ ပြောဆိုနေထိုင်ခြင်းကြောင့် တပည့်များစာသင်ချိန်တွင်ပျော်ကာ ချစ်ကြောက်ရိုသေကြခြင်းပင်ဖြစ်သည်။

images (2).jpg
ထို့အတူ လူငယ်သဘာဝ ချစ်သူအချင်းချင်းကြားတွင်လည်း မိမိချစ်သူကဘာကြိုက်တတ်သည် ဘာကိုတော့မကြိုက်တတ် ထိုအရာလေးကိုတလေးတစားရှိပြီးနေထိုင်ပါကာ သာယာကြည်နူးဖွယ်ချစ်သူဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။တစ်ဦးကိုတစ်ဦးလေးစားသမှုရှိခြင်းဖြင့်မကြိုက်သည့်အရာများကိုတော့ရှောင်ရှားရန်လိုပေသည်။မိမိကိုယ်တိုင်က သစ္စာရှိသောချစ်သူတစ်ဦးလိုပါက မိမိကိုယ်တိုင်လည်း တလေးတစားမိမိချစ်သူအပေါ် ဆက်ဆံရန်လိုအပ်ပါပေတော့သည်။

images (1).jpg

အလုပ်လုပ်ရာတွင်လည်း အလုပ်ရှင်နှင့်အလုပ်သမားတလေးတစားဆက်ဆံသင့်ပေသည်။ငွေပေးခိုင်းတာဘဲ မလိုပါဘူးဟု တစ်ချို့ကပြောဆိုတတ်ကြသည်။ဤအရာမှာမှားသောအယူအဆတစ်ခု ဖြစ်ပေသည်။မိမိအလုပ်ကိုလုပ်သောအလုပ်သမားများသည်လည်း လူသားမားပင်ဖြစ်သည်။ထို့အတူ မိမိကအပြောချိုချိုလိုလျှင် ကိုယ်တိုင်လည်း တလေးတစား အပြောချိုမှရပေလိမ့်မည်။မိမိကိုယ်မလုပ်ဆောင်နိုင်ပါက မိမိလည်းထိုသို့သောအရာရရန် မမျှော်လင့်ပါနှင့်။ရပါကလည်း အချိန်ခဏတာသာဖြစ်ပေလိမ့်မည်။ထို့ကြောင့် ကိုယ်ခြင်းစာနာနားလည်ကာတလေးတစားဆက်ဆံသင့်ပေသည်။

လေးစားသမှုပြောဆိုရာတွင် လူအချင်းချင်းလေးစားခြင်းရှိရန်လိုသလို ပြောဆိုဆက်ဆံနေထိုင်လုပ်ရှားခြင်းတွင် အချိန်ကိုလည်းလေးစားခြင်းမှာတစ်ဘဝလုံးအတွက်တန်ဖိုးမဖြတ်နိုင်သောအရာတစ်ခုပင်ဖြစ်သည်။မိမိကိုယ်တိုင်ဆက်ဆံရသော လူအချင်းချင်းလေးစားသမှုလေးရှိကာဆက်ဆံနေထိုင်ပြီး အချိန်ကိုလည်းလေးစားလိုက်နာကာ တစ်ဦးအပေါ်တစ်ဦး နားလည်ဆောင်ရွက်နိုင်ပါက သာယာအေးချမ်းပြီးပျော်ရွှင်၍ ပြီးပြည့်စုံကာစိတ်ချမ်းသာသောဘဝလေးတစ်ခုပိုင်ဆိုင်နိုင်မည်မှာမလွဲဧကန်ပင် ဖြစ်သည်။ထိုအရာအားလုံးအတွကိလိုအပ်သည်ကား အရာရာကိုလေးစားပါ ပေါ့ဆဆ မလုပ်ရန်ပင်ဖြစ်ပါကြောင်း. . . . . . . . . . . .

Written by hponekokomyint
Credit to Google Images
MSC-120

Sort:  

လေးစားမှု့ရှိဖို့က အရေးအကြီးဆုံးပါ

မှန်ပါတယ် လေးစားမှုရှိရပါမယ်

အရာရာကို ပေါ့ပေါ့တန်တန်လုပ်ရင် ပေါ့ပေါ့တန်တန်ဘဲဖြစ်မယ် လေးစားမှု့ရှိမှာသာ အရာရာထိပ်သီးရောက်နိုင်မှာပါ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 61420.98
ETH 3276.21
USDT 1.00
SBD 2.47