မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်

in #myanmar6 years ago (edited)

မြန်မာစတီးမစ်အဖွဲ့သားအားလုံးပဲ မင်္ဂလာပါရှင်။
မတ်လအတွက် ပြိုင်ပွဲခေါင်းစဉ်မှာ ''မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်'' ဖြစ်ကြောင်းသိရှိရပါသည်။
ထိုကဲ့သို့သိရှိရသောအချိန်မှစ၍ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သော သတင်းများကို တွေ့ရှိလျှင် သတိထား၍သေချာဖတ်ရှုပြီး ဖုန်းထဲတွင် သိမ်းထားခဲ့ပါသည်။ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သော သတင်းများမှာ စိတ်ချမ်းသာစရာများမပါဝင်ပါ။ မူးယစ်ဆေးကြောင့်ဘဝပျက်သွားသောလူငယ်များအကြောင်းနှင့် မူးယစ်ဆေးဖြန့်ချီသူများ ဖမ်းမိ၍ထောင်ဒဏ်ချမှတ်ခံရသည့်သတင်းအကြောင်းအရာများကိုသာ ဖတ်ရှုခဲ့ရပါသည်။

Photo_180326123815.jpg
Image Source> https://www.google.com.mm/amp/s/www.rfa.org/english/news/myanmar/myanmars-upper-house-passes-motion-to-combat-drug-gangs-in-shan-state-07252016143117.html/ampRFA?source=images

ပထမဦးစွာ ခေါင်းစဉ်တွင်ပါဝင်သော ''လူငယ်''ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုပါမည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အသက် ၁၈နှစ်မှ ၂၅နှစ် အထိကို လူငယ်ဟူ၍ သတ်မှတ်ထားပါသည်။ အင်္ဂလိပ်လို Youth ဟုခေါ်၍ ပါဠိလို ယုဝ ဟုခေါ်ပါသည်။ လူငယ်ဟူသည်ကား အသစ်အဆန်းတွေ့လျှင် စိတ်ဝင်စားသည်။ စပ်စုချင်သည်။ စမ်းသပ်ချင်သည်။ ထိုကဲ့သို့ စူးစမ်းလေ့လာချင်သောစိတ်အခံလေးတွေကပဲ လူငယ်တွေကို မူးယစ်ဆေးဝါးဟူသော နွံအတွင်း သက်ဆင်းစေပါသည်။

ဆယ်ကျော်သက်အရွယ်လူငယ်လေးများသည်
''လူမိုက်ဆိုလျှင် ရှောင်ဖယ်လွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ'' ရကောင်းမှန်းမသိသော အရွယ်လေးများဖြစ်သည်။ ''ဟေ့ကောင်... မင်းဆေးလိပ်လေးတောင် မသောက်တက်ဖူးလား၊ ယောက်ျားမဟုတ်ဘူးလား'' ဟူသော စိန်ခေါ်သံတွေအောက်မှာ ''ငါ့သား ဆေးလိပ်တို့ အရက်တို့မသောက်ရဘူးနော်'' ဟူသော အမေ့ရဲ့ဆိုဆုံးမသံက ဟိုးအဝေးကို လွှင့်ပျောက်သွားသည်။ ယောက်ျားမာနက ခေါင်းထောင်လာပြီး ကမ်းလာသောဆေးလိပ်လေးကို ယူလိုက်ကာ တစ်ရှိုက်လောက်ဖွာကြည့်လိုက်သည်။
သူငယ်ချင်းတစ်စုကောင်းမှုကြောင့် ဆေးလိပ်သောက်တက်သွားချေပြီ။ ဆေးလိပ်တွင်အဓိကပါဝင်သော ဓာတ်ပစ္စည်းမှာ နီကိုတင်းဓာတ်ဖြစ်ပါသည်။ ထိုနီကိုတင်းကြောင့်ပင် သောက်သုံးသူများစွဲလမ်းကာ မသောက်ရမနေနိုင်ဖြစ်ကြသည်။
''မူးယစ်အစ ဆေးလိပ်က'' ဟူသော ဆိုင်းဘုတ်များ ကျောင်းခန်းမဆောင်များတွင် ကပ်ထားတာ မြင်သော်လည်း ထမင်းစားပြီး ခံတွင်းချဉ်လှသဖြင့် ဆေးလိပ်မသောက်ဘဲလည်း မနေနိုင်ပါ။ ထို့ကြောင့် ယောက်ျားလေးအိမ်သာထဲတွင် ဆေးလိပ်ခိုး၍ သောက်ရသောဘဝရောက်သွားသည်။ တစ်ချို့လူငယ်များမှာ ဆေးလိပ်သောက်သုံးခြင်းဖြင့် တင်းတိမ်နိုင်သော်လည်း တစ်ချို့လူငယ်များမှာ နောက်တစ်ဆင့်တက်၍ ဘိန်းဖြူ သုံးစွဲကြသည်။ ဆေးလိပ်ထဲတွင် ဘိန်းဖြူ ထည့်ကာသောက်သုံးသည်။
ထိုမှတစ်ဆင့်တက်၍ ဘိန်းဖြူ ကိုရေဖြင့်ဖျော်ကာ ဆေးထိုးအပ်ဖြင့် ခန္ဓာကိုယ်အတွင်း ထိုးသွင်းကြသည်။
ဤသို့ဤနှယ် မူးယစ်နွံအတွင်း ကျဆုံးသွားကြသည်။

Photo_180326122312.jpg
Image Source> https://www.dailythess.gr/g-elme-th-diastasis-perni-provlima-ton-narkotikon-sta-scholia/

ကျောင်းတက်နေသောကျောင်းသားတစ်ယောက်အတွက် မုန့်ဖိုးအပြင် အပိုဝင်ငွေမရှိသေးပါ။
ထို့ကြောင့် မူးယစ်ဆေးသုံးစွဲရန် ငွေလိုသဖြင့် ရှာရဖွေရပြီ၊ ကြံရဖန်ရပြီ၊ အိမ်မှမိဘငွေကို လစ်ရင်လစ်သလို ယူတတ်လာကြပြီ။
မူးယစ်ဆေးကြောင့် စာရိတ္တတွေပျက်ပြားချေပြီ။

''ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့'' ဆိုသော်ငြားလည်း မူးယစ်ဆေးစွဲနေသော လူငယ်တစ်ယောက်ကို အဘယ်ကဲ့သို့ ပညာသင်ကြားပေးမည်နည်း။ ကျောင်းစာကိုလည်း စိတ်ဝင်စားမည်မဟုတ်ချေ။ မူးယစ်ဆေးကြောင့် ပညာရေးထိခိုက်ရသည်။

ထို့ပြင် မူးယစ်ဆေးသုံးစွဲနေသည်ကို တစ်စုံတစ်ယောက်ကတွေ့၍ ရဲစခန်းသို့ သွားရောက်တိုင်တန်းပါက ထောင်ကျခံရမည်ဖြစ်သည်။ ထောင်ဒဏ်ကျခံရပါက အညွှန့်တလူလူတက်နေသော လူငယ်ဘဝပျက်စီးရပေမည်။ ဘဝရဲ့တန်ဖိုးရှိသော အချိန်များကို ထောင်ထဲတွင်ပင်ကုန်ဆုံးရချေတော့မည်။ မူးယစ်ဆေးအန္တရာယ်သည် လူငယ်များအတွက် လွန်စွာ
ကြောက်ဖို့ကောင်းလေစွတကား။


Image Source> https://www.unharm.org/drugs_and_democracy_in_myanmar

နိဂုံးချုပ်ရသော်
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရရှိလာမည့်ဒုက္ခများမှာ

၁။ စိတ်ရောဂါဝေဒနာခံစားရခြင်း
၂။ စာရိတ္တပျက်စီးလာခြင်း
၃။ စီးပွားရေးဆုတ်ယုတ်လာခြင်း
၎။ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံရနိုင်ခြင်း
၅။ ထောင်ဒဏ်ချမှတ်ခံရခြင်း
စသည့်ဒုက္ခပေါင်းမြောက်မြားစွာကို ခံစားရနိုင်ပါသည်။
ကံမကောင်းအကြောင်းမလှပါက အသက်အန္တရာယ်ဆုံးရှုံးသည်အထိဖြစ်ပွားနိုင်ပါသည်။
ထို့ကြောင့် ဤမျှ အန္တရာယ်ကြီးမားသော မူးယစ်ဆေးဝါးများကို လူငယ်များ ရှောင်ကြဉ်သင့်လှပါကြောင်း တင်ပြလိုက်ရပါသည်။
shwe+myanmar+%282%29.jpg

မြန်မာလူငယ်များ မူးယစ်ကင်းစင်၍ ပြုံးပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြုလျှက်,
@honeysara
MSC-040

Sort:  

လူငယ်တွေကို ထားတဲ့ စေတနာကို စာထဲမှာ မြင်နေရပါတယ်ဗျာ ... ဆုရပါစေလို့ ဆုတောင်းပေးပါတယ်

ကျေးဇူး 😇

Post အပုဒ်အရေအတွက် နှစ်ထောင်ရှစ်ရာကျော်ပါပြီ၊ ယခုချိန်ထိ SBD အတွက်ရည်မှန်းကာ ရေးသားနေကြောင်းသာတွေ့နေရာသည်။ ယခုလေ့ကျင့်မှုနှင့်ဆိုလျှင်ရေးသားပုံ၊ တင်ပြပုံ များစွာတိုးတက်လာသင့်သည်။
တင်ပြပုံ အစီအစဉ်တကျမရှိပါ။ များစွာကြိုးစားရပေဦးမည်။

ဟုတ်ဆရာ၊ ကြိုးစားသွားမှာပါ။

လူငယ်တွေကိုဗဟုသုတ/နဲ့အတွေးအမြင်လေးတွေကိုပေစွမ်းနိုင်တဲ့ဆောင်းပါလေးပါဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ

အားပေးတဲ့အတွက် ကျေးဇူးပါ အစ်ကို။

ဆုရပါစေလို့ ဆုတောင်းပေးပါတယ်

ကျေးဇူးပါ။

We can take out a good learn from your blog.It is an educative value. Big thanks @honeysara

This post received a $0.441 (12.03%) upvote from @upvotewhale thanks to @honeysara! For more information, check out my profile!

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70858.50
ETH 3796.76
USDT 1.00
SBD 3.44