Travelling to Natogyi

in #myanmar7 years ago (edited)

"မနက်ဖြန်အတွက် ​​​ဘာ​ဆောင်းပါး​ရေးရင်​ ​ကောင်းမလဲ မသိဘူး​နော်​" ဆိုတဲ့အ​တွေးနဲ့ တိတ်​ဆိတ်​ညိမ်​သက်​တဲ့ ညချမ်းအချိန်​အခါမှာ
အိပ်​မ​ပျော်​ဘဲ အ​တွေးများနဲ့ချာချာလည်​​နေမိပါတယ်​။
Note ထဲကို ဖွင့်​ကြည့်​​တော့ အ​တွေး​ပေါ်တိုင်းချ​ရေးထားတဲ့
ဟိုနည်းနည်း ဒီနည်းနည်းစာသား​လေး​တွေပဲ​တွေ့ရပါတယ်​။
မဖြစ်​​ချေဘူး၊ Google ​လေး​ကောက်​ဖွင့်​ဦးမှ။
သို့​သော်​ဘာ​ရေးရမှန်းမသိ။ ခက်​ပြီ။
facebook ​လေးဖွင့်​ကြည့်​ပြန်​​တော့....​တွေ့ပြီ ​ရေးစရာ။
1 year ago တုန်းက နွားထိုးကြီးကို သွားခဲ့တုန်းကပုံ​လေး​တွေ
facebook မှာ ​တွေ့လိုက်​ရတယ်​။
ပုံ​လေး​တွေပြန်​​တွေ့​တော့ မ​နေ့တစ်​​နေ့ကလိုပါပဲ အာရုံထဲမှာ အစီအရီ ပြန်​​ပေါ်လာ​လေရဲ့။

FB_IMG_1516492124853.jpg

နွားထိုးကြီးမြို့မှာ ထူးခြားသည်​က ​ရေချမ်းစင်​​လေး​တွေ။
ဒီဇိုင်းဆန်းဆန်း​လေး​တွေနဲ့ ချစ်​စရာ။
(ခရီးသွားဟန်​လွှဲ သွားခဲ့ရသည့်​အတွက်​ နွားထိုးကြီး တစ်​မြို့လုံး​တော့ အနှံ့မ​ရောက်​ခဲ့ပါ)

FB_IMG_1516492120382.jpg

(ယခုရိုက်​ထား​သော ပုံ​လေးများမှာ ​ကျောက်​စိမ်း​စေတီ​တော်​ သို့သွားရာလမ်းတစ်​​လျှောက်​တွင်​ ​တွေ့မြင်​ရ​သော ​ရေချမ်းစင်​​လေးများဖြစ်​ပါသည်​။ )

FB_IMG_1516492128360.jpg

I'm happy to here .

FB_IMG_1516492194878.jpg

နွားထိုးကြီးမြို့တွင် ဆံပင်​အ​ရောင်းအ၀ယ်​ဆိုင်​များနှင့်​ ​ဆေး​ပေါ့လိပ်​လုပ်​ငန်းများ များပြား​ကြောင်း​တွေ့ရသည်​။

FB_IMG_1516492191984.jpg

နွားထိုးကြီးမြို့ရှိ ရွာအများစုမှ လုံမငယ်​များမှာ ​ဆေး​ပေါ့လိပ်​,လိပ်​သည့်​အလုပ်​ဖြင့်​ စားဝတ်​​နေ​ရေး အဆင်​​ပြေ​နေကြသည်​ကို ​တွေ့ရသည်​။ (ကိုယ်​ပိုင်​လုပ်​ငန်းလုပ်​သူများရှိသလို ​နေ့စားသ​ဘောမျိုး ​ဆေး​ပေါ့လိပ်​, လိပ်​ကြသည်​။ )

FB_IMG_1516492184874.jpg

FB_IMG_1516492181238.jpg
(နဂါးပင်​​မောက်​ပင်ကိုလည်း ပထမဆုံးမြင်​ဖူးလို့ ဓာတ်​ပုံရိုက်​ကူးခဲ့ပါတယ်​ )

FB_IMG_1516492212762.jpg

FB_IMG_1516501405346.jpg
(Jade Pagoda in Natogyi)

နွားထိုးကြီးမြို့ရှိ ​ကျောက်​စိမ်း​စေတီ​တော်​မှာ ကမ္ဘာ့ပထမဆုံး ​ကျောက်​စိမ်း​စေတီ​တော်​ကြီး ဖြစ်​​ကြောင်း ဂုဏ်​ယူဖွယ်​သိရှိရပါသည်​။

All of this photo was taken by Huawei Smartphone.
Written By,
@honeysara
MSC-040

Sort:  

ဘာ​ရေးရမှန်းမသိတာကပဲpostတခုဖြစ်​သွား​ရော

ဟီး...ဒီ post ဖြစ်​ဖို့ ​တော်​​တော်​ကြိုးစားလိုက်​ရတာ 😁

ဟုတ် ၂၀၁၈ မှာတော့ပိုပြီးနေရာသစ်မိားလည်င်ပါနိုင်ပါစေဗျာ။နောက်နေရာသစ်အတွေ့အကြုံသစ်လေးများလည်း မျှဝေနိုင်အောင်ပေါ့။

ဟု....ခရီးသွား ​ဆောင်းပါး​တွေပဲ များများ​ရေးဖြစ်​မှာပါ။ (တခြား​ဆောင်းပါး​တွေသိပ်​မ​ရေးတတ်​လို့ 😁)

This post received a 0.662 SBD (9.03%) upvote from @upvotewhale thanks to @honeysara! For more information, check out my profile!

Thank you.

Wows! İnteresting

Thank you.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63267.39
ETH 2572.65
USDT 1.00
SBD 2.80