Traveling To Myingyan

in #myanmar6 years ago (edited)

အလုပ်ကိစ္စနဲ့ မြင်းခြံမြို့ကို ခရီးထွက်ရမည်တဲ့လေ....
တစ်ခါမှမရောက်ဖူးသော မြို့လေးကို သွားရောက်ရမည်မို့ ပျော်သလိုပင်ဖြစ်ခဲ့ပါသေးသည်။
အလုပ်ကိစ္စကိုအသာထားလို့ မြင်းခြံမြို့ရောက်ရင် ဘယ်ဘုရားတွေဖူးရမလဲ၊ ဘယ်လိုနေရာတွေက ရူခင်းကောင်းသလဲ သိချင်လွန်းလို့ သူငယ်ချင်း တွေဆီဖုန်းတဂွမ်ဂွမ်ဆက်၍ မေးရသေးသည်။
သူငယ်ချင်းအားလုံးဆီက တူညီသော အဖြေတစ်ခုကတော့
'စွန်းလွန်းဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်' ကို သေသေချာချာလေးသွားရောက်ဖူးမြော်ခဲ့ပါဟူ၍သာ။

Image Source

ကျွန်မရဲ့အကျင့်တစ်ခုက ဘယ်သွားသွား၊ ဘာလုပ်လုပ် ဒိုင်ယာရီ စာအုပ်လေးတွင် ရေးမှတ်လေ့ရှိပါတယ်။ ယခုလည်း မန္တလေးမှ မြင်းခြံမြို့သို့အသွား လမ်းခရီးတွင် တွေ့မြင်သမျှ ရွာနာမည်လေးများကို စာအုပ်တွင် ရေးမှတ်ထားပါတယ်။ ထို မန္တလေး-မြင်းခြံမြို့အတွင်းရှိ ရွာငယ်လေးတွေရဲ့ နာမည်ကို MSC အဖွဲ့သားများ ဗဟုသုတ ရစေရန်အလို့ငှါ ဖော်ပြပေးလိုက်ပါသည်။
ထိုရွာအမည်များမှာ

သစ်ပင်ရှည်ကျေးရွာ
ပျော်ဘွယ်စံပြကျေးရွာ
လယ်သစ်ရွာ
ခင်မကန်ရွာ
တဲရွာ
ဓူဝံရွာ
ညောင်ပင်စံပြရွာ
တူရွင်းဘို့ ရွာ
ဇီးပင်ကန်ရွာ
သစ်ရုံစံပြရွာ
ထန်းတောကြီးရွာ
ကုက္ကဲရွာ
သင်ပြွန်းရွာ
ရွာသာယာရွာ
ရသာရွာ
တပ်ရွာ
ချဉ်မြစ်ကျင်းရွာ
မြင်သာကျေးရွာ
ရွှေဘုံသာကျေးရွာ
နဘူးအိုင်ရွာ
သက္ကယ်ချင်းကျေးရွာ
မင်းနေကုန်းရွာ
ညောင်ဝန်းရွာ ......တို့ ဖြစ်ပါတယ်။

ကဲ...မြင်းခြံမြို့လေးကိုတော့ ရောက်လာခဲ့ပြီ။
ဟာ...ကိုးရီးယားသင်တန်းတွေများလှချည်လား!
ဘာတဲ့ 'ဟန်းဂုရွာ' ကိုရီးယားဘာသာစကား ရေးဖတ်ပြောသင်တန်းတဲ့။ 'ဟန်းဂု' ဆိုတာ မြန်မာလိုပြန်ရင် 'ကိုရီးယား' လို့ အဓိပ္ပာယ်ရပါသည်၊ ဒါဆို သင်တန်းနာမည်က 'ကိုရီးယားရွာ' ပေါ့။
'ဟန်းဂုရွာ' ကိုရီးယားဘာသာစကား သင်တန်းကစလို့ လမ်းမှာတွေ့သမျှ သင်တန်းတွေအားလုံးနီးပါးဟာ ကိုရီးယားသင်တန်းတွေချည်းပါပဲ။ အော်...ဒါ့ကြောင့်လည်း ပြင်ဦးလွင်မြို့က ကျွန်မသူငယ်ချင်းတစ်ယောက်လည်း မြင်းခြံမြို့ထိကို တကူးတကသွားပြီး ကိုရီးယားသင်တန်းလာတက်တာကိုး။ မြင်းခြံမြို့က အမျိုးသားတွေအားလုံး ကိုရီးယားကို အလုပ်သွားလုပ်ကြမလားမသိ 😁
Myanmar Steemit Community ထဲမှာရော မြင်းခြံမြို့သားတွေ ပါလားရှင့်။ ကိုရီးယားစာလေးသင်ချင်လို့ပါ 😁

Image Source

မြင်းခြံမြို့လေးဟာ နေပူ ဖုန်ထူတာကလွဲရင် နေရထိုင်ရတာ တော်တော်အဆင်ပြေပါတယ်။ သူလည်း မန္တလေးလို ဆိုင်ကယ်မြို့တော်ပဲလေ။ မော်တော်ပီကယ်ဦးဦးတွေက ဦးထုပ်မဆောင်းတဲ့ ဘဲ စီးလာတဲ့ဆိုင်ကယ်တွေကို ဖမ်းတာတွေ့မြင်ခဲ့ရပါတယ်။
လမ်းတွေလည်း ကောင်းတယ်၊ အမှိုက်တွေဘာတွေလည်း သိပ်မရှိတဲ့ သန့်ရှင်းတဲ့မြို့ငယ်လေးပဲဖြစ်ပါတယ်။
ဘုရားနားမှာဆိုရင် မန္တလေးက မိန်းထဲကိုရောက်သွားသလိုပါပဲ။
ဆိုင်တွေမှ အများကြီးပဲ။ ဈေးလည်း လုံးဝမကြီးပါဘူး။
မြင်းခြံမြို့မှာ ကျွန်မအကြိုက်ဆုံးအစားအစာကတော့ 'ဒိန်ချဉ် ' ပါပဲ။ ညနေတိုင်းလိုလို သွားသောက်ဖြစ်ပါတယ်။ ပျစ်ခဲပြီး သောက်လို့အရမ်းကောင်းတဲ့ ဒိန်ချဉ်က တစ်ခွက်ကို 300 ks ပဲ ပေးရတာပါ။ တန်တယ်နော်။

ဆက်ရန်..........

Thanks for reading.

Author @honeysara(MSC-040)

S80225-023903(2)(1).jpg

S80225-023903(1).jpg

Sort:  

ကျောက်​ပန်း​တောင်းမှာ မြင်းခြံ့ နဲ့နီး​ပေမယ့်​ ဖြတ်​သွားတစ်​​ခေါက်​ Mytelရုံးသွား တစ်​​ခေါက်​ နှစ်​​ခေါက်​ပဲ​ရောက်​ဖူး​သေးတယ်​။

Aww....

မြင်းခြံက​တော့ စိမ်းလန်းစိုပြည်​ ​နေပါတယ်​ဗျာ ဗဟုသုတ ​တွေရမှာ​သေချာတယ်

😇👍👍

ကွန့်​မန့်​ မျာများ​ပေးပါဆိုလို့ များများ​ရေးလိုက်​ပြီ
မြင်းခြံက ဒီက​ရှေ့ဆို အ​တော်​ပူ​တောမှာ​နော့ :-)

ဟုတ်တယ် အားကြီးပူတာ

ဒိုင်ယာရီလေးနဲ့မှတ်ထားတာကောင်းတယ်နော်။အလွမ်းဖြေလို့လဲရတာပေါ့။အမှတ်တရလဲဖြစ်တာပေါ့။ကိုရီးယားမမရေအားပေးသွားတယ်နော်။

Comment များများပေးပါလို့ 😁

ခုလို​လေး​တွေ ​မှတ်​သားထားပြီး​ရေးပြ​တော့
မသိ​သေးတဲ့ ကျွန်​​တော့်​လိုလူ​တွေ သိရတာ​ပေါ့ အစ်​မ​ရေ ..

ဟုတ်ကဲ့။

တိုနေသလားလို့...ဖတ်ရတာအားမရဘူးရယ်။
ဆက်ရန်ကိုမျှော်နေပါတယ်ဗျို့...

ဟု ဟု sl

Release the Kraken! You got a 1.41% upvote from @seakraken courtesy of @honeysara!

You got some unconditional puppy love and a 99% upvote from @puppylove!

aspect.png

အဲ ဖတ်ကောင်းနေတုန်းဆက်ရန်ဆိုတော့

မြင်းခြံက ​နွေဆိုတအားပူတယ်​​နော်

မှန်တာပေါ့

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63595.77
ETH 3415.98
USDT 1.00
SBD 2.49