Train To Naung Hkio (Part 3)

in #myanmar6 years ago

နံနက် ၉နာရီခန့်ရှိချေပြီ။
လေးနာရီရထားဖြင့် ခရီးသွားရသည်မို့ တစ်မနက်ခင်းလုံး ဘာမှမစားရသေးသဖြင့် ဝမ်းဟာလာသည်။
ရထားကြီးက တစ်ဘူတာပြီး တစ်ဘူတာရပ်နားသော်လည်း ဘာဈေးသည်မျှတက်မလာသဖြင့် အနည်းငယ်အံ့သြရပါသေးသည်။
ယခင်က ကျွန်ုပ်စီးနင်းလိုက်ပါဖူးသော ရန်ကုန်-မန္တလေး ရထားကြီးကား ဈေးသည်များ များပြားလွန်းလေစွ။ ထိုဈေးသည်များ ဒီရထားကြီးပေါ်သို့ တက်လာ၍ ဈေးရောင်းလျှင် ဘယ်လောက်များ ကောင်းလိမ့်မလဲ?

ယခုတော့......
ရေသန့်နှင့် အချိုရည်ရောင်းသောသူများသာရှိသည်။
ဗိုက်ဆာနေသောအချိန်တွင် မည်သည့်အချိုရည်မျှ သောက်သုံးလိုစိတ်မရှိပါ။
ထမင်းဘူးရောင်းမည့်သူကိုသာ မျှော်ရသည်။
မျှော်သာမျှော် ဈေးသည်က ပေါ်မလာ။

ဒီလိုနှင့်...........
ပြင်ဦးလွင် ဘူတာရုံသို့ ရောက်လာသည်။
" ရေနွေးဘူးတွေရမယ်''

" သရက်သီးတွေရမယ်''

" ကောက်ညင်းပေါင်းနဲ့ အကြော်ရမယ်''

ဈေးသည်တွေကရထားပေါ်သို့ တက်မလာကြဘဲ အပြင်ကနေသာ အော်ရောင်းနေကြသည်။
image
Image Source > kristinpotenti.com

ကျွန်ုပ်လည်း ကောက်ညင်းပေါင်းသည်ကို လှမ်းခေါ်ရန် ရထားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်ရာ ကောက်ညင်းပေါင်းသည်ကား ဟိုးအနောက်ထဲ့ ရောက်ရှိသွားချေပြီ။
ကျွန်ုပ်လည်း ဒီဘက်သို့ ပြန်လာနိုးဖြင့် မျှော်ကြည့်နေသည်။
ကျွန်ုပ်အခြေအနေကို ဘေးနားက အစ်မကြီးက ခန့်မှန်းမိသည်ထင်သည်..
....
" ညီမလေး အောက်ဆင်းပြီး ဝယ်ချင်ဝယ်လေ ရထားက ဒီမှာ( ပြင်ဦးလွင်ဘူတာ) အကြာကြီးရပ်တာ။ တစ်နာရီလောက်ကြာတယ်၊ အချိန်ရတယ်။ ဟိုးနားမှာ ဈေးရှိတယ်၊ လက်ဖက်ရည်ဆိုင်ရှိတယ်၊ ကြိုက်တဲ့မုန့်ဆင်းဝယ်စားချေ''
ဟု ပြောရှာသည်။

ကျွန်ုပ်လည်းအောက်သို့ဆင်းရန်ပင် အားမရှိတော့သဖြင့် အမေ့ကိုသာ အောက်ဆင်းပြီးမုန့်ဝယ်ပေးရန် ပူဆာရသည်။ 😁

နောင် ချိုမှ မန္တလေး သို့ အပြန်ခရီးတွင်ကား ထိုကဲ့သို့ အဖြစ်မခံနိုင်တော့ပါ

လမ်းခရီးတွင် ဗိုက်ဆာလျှင်စားရန် မုန့်ထုတ်များ အလျှံပယ် ဝယ်လာခဲ့ပါတော့သည် 😁😁

image
Photo by me

ထိုနေ့က ကျွန်ုပ်တစ်ယောက်တည်း ဗိုက်ဆာသည့်ဝေဒနာကို ခံစားခဲ့ရသည် မဟုတ်ပါ။
ဘဝတူတစ်ယောက်ရှိပါသေးသည်။
ထိုသူကား နိုင်ငံခြားသား ခရီးသွား တိုးရစ်မ, လေးတစ်ဦးသာဖြစ်ပါသည်။
ထိုတိုးရစ်မလေးကို ကြည့်ရသည်မှာ ဗိုက်အလွန်ဆာနေပုံပေါက်နေပါသည်။
ရထားအောက်သို့ ဆင်းကာ အကြော်သည်ဆီမှ အကြော်ဝယ်နေသည်ကို တွေ့ရသည်။ အကြော်သည်က အကြော်အနည်းငယ်ထည့်ပေးသည်ကို တွေ့ရပြီး
တိုးရစ်မက အကြော်ဖိုး မြန်မာငွေ ၁၅၀၀ ကျပ် ထုတ်ပေးသည်ကိုလည်း တွေ့ရပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။
@honeysara
MSC-040

Sort:  

မန်းလေးကနောင်ချို ရထားစီးရင် ဆည်တော်မှာ
မနက်စာစားဖို့ ရပ်တယ်လေ အဲ့မှာမစားဘူးလား

ဆည်တော်မှာ ရထားရပ်တုန်းက အိပ်ပျော်နေလို့ 😁

ရထားစီးသွားတာလား ညီမ ပျော်စရာကြီး

ဟုတ် မမ၊ ပျော်စရာကြီး။

အကြောင်းအရာတင်ပြမှု ကောင်းမွန်ပါသည်။ ကိုယ်တွေ့ဖြစ်သောလည်း ဝါကျဖွဲ့စည်းမှု ကျစ်လစ်၍ဖတ်ချင်ဖွယ်ဖြစ်ပါသည်။ သတ်ပုံသတ်ညွှန်းလည်းဂရုတစ်စိုက်ရှိသည်ကိုတွေ့ရပါသည်။ ဆောင်းပါးကောင်းတစ်ပုဒ်ဟုပြောနိုင်ပါသည်။

ဝမ်းသာလိုက်တာ 😁😁

ရ ရထားကြီး​ပျော်​​ပျော်​စီး

လ လဝါဝါ ထိန်ထိန်သာ 😛

အိုး ကြော်ငြာတောင်ပါသေး မိုက်တယ် မက်မက်ကိုရီးယားကို ငှားထားတာလား မော်ဒယ်လေ။

မုန့်တွေဝယ်လာကြောင်း ကြွားတာ 😁😁

ရထားကြီး စီးပြီး ခရီးမထွက်ရတာကြာပေါ့
အဲ့လိုမျိုးလေး ခရီးထွက်ဦးမှ

ခရီးလေးဘာလေးထွက်ပီး အပန်းဖြေလိုက် မမမြန်မာ 😃

ဗိုက်ကတော့ တခါပဲအဆာခံမယ် ၂ခါအဆာမခံဘူး
ပေါ့...ပြတ်သားချက်ပဲ...haha.. :P

ဗိုက်ဆာအောင် ဆွတယ်ပေါ့လေ

နောင်ချိုမြို့က ဝက်ခေါက်ထုပ်လေးလေ 😁

ဝက်ခေါကြော် အကြိုက်ပဲ 😁

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63595.77
ETH 3415.98
USDT 1.00
SBD 2.49