Steemit Boosters Review(part 1)

in #myanmar6 years ago

မင်္ဂလာပါ။
ဒီရက်ပိုင်းကျမ စတီးမစ်အကောင့်တွေဝယ်ပြီး
GBYTE Coins တွေရအောင်ရှာနေတော့
ဘုစတာတွေနဲ့ပဲ လုံးလည်လိုက်နေတယ်ဆိုပါတော့ဗျာ။
အဲ့ဒီတော့ အိပ်မက်ထဲထိ ဘုစတာတွေက ပါ ပါလာတယ်။
ဟော...ပရိုနေ့လေးရောက်တော့ စာရေးမယ်ကြံတော့လည်း
ဒီဘုစတာအကြောင်းတွေပဲ ခေါင်းထဲရောက်လာပြန်တယ်။
မထူးဘူး အားလုံးသိပြီးသားဖြစ်ပေမယ့်လည်း
ဘုစတာအကြောင်းတွေပဲ ရေးပါရစေတော့။
stacks-of-money-steemit-social-media-rich.png
Image Source> https://goo.gl/images/NvPpKj

ခုလိုဈေးကျနေတဲ့အချိန်မှာ booster ဆိုတာသုံးပေမဲ့သိပ်မမြတ်နိုင်သလို ရှုံးနိုင်တာလဲရှိတတ်စမြဲပါ။ဈေးတက်တဲ့အချိန်မှာဆိုရင်တော့ သေချာပေါက် မြတ်မယ်ဆိုတာတော့ငြင်းလို့မရပါဘူး။booster ဆိုသည်မှာ "သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး"ဖြစ်စေသည်မှာကိုတော့သတိပြုသင့်ပါတယ်။Booster
တွေကတော့အစုံပါပဲ...

boosterimage.png
Image Source>https://goo.gl/images/XuQ2Rp

ဘုစုခရုဘုစတာ(small booster)
0.01 sbd or 0.01steem ပို့ရင်တောင်လာဘုတ်တဲ့
အသေးစားဘုစတာလေးတွေလည်းရှိပါတယ်။
ကောင်းကျိုးကတော့ ဘုစတာအသေးလေးတွေက ပိုမြတ်ပါတယ်။
ဘုတ်တဲ့သူဦးရေပိုရတာပေါ့။
ဆိုးကျိုးကတော့ အလုပ်ရှုပ်တာပေါ့နော်။
မိနောင်းကို 25sbd ပေးလိုက်ရင်ပြီးပြီလေ။
25sbd မိနောင်းကိုသာပို့လိုက်ရင် ကြာချိန်တစ်မိနစ်ခန့်။
ဘုစတာလေးတွေကို 25sbd ပို့မယ်ဆိုရင်တော့
ကြာချိန်ကို တွက်ကြည့်မယ်ဆို....
0.1sbd တခါပို့ရင် စက္ကန့်၃၀(လိုင်းမကောင်းတဲ့အခြေအနေဆိုပိုကြာနိုင်)၊ တွက်ရလွယ်အောင်တစ်မိနစ်ထားပါတော့။
1sbd ပို့ဖို့ဆို ဆယ်မိနစ်
10sbd ဆို မိနစ်၁၀၀ခန့်ကြာနိုင်ပါတယ်။

Jerrybenfield

Booster ထဲမှာ Rp အမြင့်ဆုံးဖြစ်၍ Rp တက်ချင်သူများအတွက်တော့သုံးသင့်တဲ့ boosterကောင်းတစ်ယောက်ဖြစ်ပါတယ်။
။ဒါပေမယ်ဲ့မြတ်မယ်လို့တော့မထင်လိုက်ပါနဲ့ ၊ 1 sbd လောက်ပေးမှ 1.3 sbd လောက်ပဲလာပြီး vote ပေးတဲ့အတွက် သေချာပေါက်ရှုံးနိုင်ပေမဲ့ rpတက်တာကတော့အမြတ်ဆိုပြီးတွေးလျှင်တော့လည်းရှုံးတယ်လို့တော့လည်းမဆိုသာပါဘူး။Robot systemသုံးထားတဲ့အတွက် သူ့ရဲ့ voting system ကတော့ ၂ နာရီခွဲတစ်ခါ voting ပေးတဲ့စနစ်ကိုအသုံးပြုထားပါတယ်။

minbooLogo.jpg
Image Source>https://goo.gl/images/9ZyKHk
Minnowbooster

Minnowbooster ကတော့စာအုပ်ကြီးသမားပေါ့။
ပေးလိုက်ရတဲ့ sbd ကို ပြန်ပြီး upvote မလုပ်နိုင်ခဲ့လျှင် refund ပြန်ပေးတာသေချာတဲ့booster ပေါ့။
(ချွင်းချက်အနေနဲ့
downvote post တွေကိုတော့လာမဘုတ်ပါဘူး။
sbd လည်းပြန်မပေးပါဘူး)
Minnowbooster ကိုသုံးဖို့အပြည့်အဝထောက်ခံပေးလိုက်ရပါတယ်။သူ့ရဲ့ထူးခြားချက်တစ်ခုကတော့တစ်ခြား booster တွေနဲ့မတူဘဲ သူ့ဆီကို 20 sbd အောက်ပေးပို့သူတွေအတွက်တော့သူကိုယ်တိုင်မလာပဲ တစ်ခြားသူတွေကိုလွှတ်ကာ upvote လုပ်ခိုင်းတဲ့သူဖြစ်ပါတယ်။တစ်ခြားသူလာပြီး upvote လုပ်တဲ့အတွက်တော့အမြတ်နည်းနိုင်ပေမဲ့ 20sbd & အထက်ပေးပို့သူတွေအနေနဲ့ကတော့ သူကိုယ်တိုင်လာပြီး upvote ပေးတဲ့အတွက် ပိုပြီးမြတ်ပါတယ်။နောက်ထပ်မတူတဲ့အချက်ကတော့ ပို့စ်တစ်ပိုစ့်ကို boost တဲ့အခါ sbd တွေကို တစ်ခါမက ထပ်တလဲလဲပို့နိုင်တဲ့booster လည်းဖြစ်ပါတယ်။ကိုယ့်ပို့သလောက် sbd ပမာဏကိုကြည့်ပြီးသင့်တော်တဲ့သူတွေကိုလွှတ်တဲ့အတွက် ထပ်တလဲလဲပို့နိုင်တာတော့ ထူးခြားချက်ဖြစ်ပါတယ်။
white list မဝင်သေးတဲ့ ကျမလိုသာမန်စတီးမီယန်လေးအတွက်ကတော့ တရက်ကို 25 sbd သာ boost ဖို့ limit သတ်မှတ်ထားတာတွေ့ရပါတယ်။
2day ago ထက်မကျော်တဲ့ post တွေကို steem power တိုးပွားဖို့အတွက်
မိနောင်းနဲ့ လက်တွဲသင့်ပါကြောင်း အကြံပေးပါရစေ။

Smartmarket

သူကတော့ booster အသေးစားပါ။သူနဲ့ချိတ်တက်ထားတဲ့ booster အကြီးစားကတော့ smartsteem ပဲဖြစ်ပါတယ်။သူတို့လည်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး smartmarket ကတော့သူကိုယ်တိုင်မလာပဲ ပါဝါနည်းသူလေးတွေအများကြီးကိုပို့လွှတ်ပါတယ်။0.1 sbd လောက်ပို့လိုက်ရင်တော့ 0.17 လောက်တော့ပြန်လာပြီuးpvote ပေးတဲ့အတွက်တန်တဲ့အနေထားမှာတော့ရှိနေပြန်ပါတယ်။သူ့ကိုတော့ 0.5 ထက်တော့ပိုပြီးမပို့မိစေရန်သတိထားသင့်ပါတယ်။အဲထက်ပိုပြီးပို့ချင်လျှင်တစ်ခြား booster တွေကတော့ပိုပြီးသင့်တော်မယ်လို့ထင်ပါတယ်။သူနဲ့ချိတ်ဆက်ထားတဲ့ smartsteem ကတော့ 5 sbd လောက်အနည်းဆုံးပို့ပေးရတဲ့အတွက် အကြီးစားbooster ထဲပါဝင်သွားပြီးဖြစ်ပါတယ်။ smartsteem ကိုတော့နောက်တစ်ပတ်မှာဆက်လက်တင်ပြသွားပါဦးမည်။

ကျေးဇူးပါ။
@honeysara,
MSC 040

Sort:  

Booster ​တွေ အစုံပါလား အမ​ရေ

လာဦးမှာ နောက်ထပ်😛

thanks you… ရှဲ့ရှဲ့… ကျေးဇူး…ပါလို့

ဟု မမမြန်မာ

ဗဟုသုတပြောပြတာကျေးဇူးပါ

ဟုတ်ကဲ့

အောက်ဆုံးက smartsteem လေးပဲ သဘောကျတယ် sbd တွေမပေးတော့ဘူးဆိုတော့ 0.1steem နဲ့ boot ခလို့ ရမလားမသိဘူး

0.1steem နဲ့ဆို lovejuice, thebot တို့ရှိတယ်

booster​တောင်​သိပ်​မသုံးဖြစ်​​။

ဘုဆရာမလေး ကျေးဇူးပါ

သေချာသိလိုက်ရလို့ ကျေးဇူးပါ ညယ်မရေ

သင်‌ပြ‌ပေးလို့ ‌ကျေးဇူးပါ။

ဟုတ်ကဲ့ရှင့်😁

နောက်ဆက်တွဲလေးတွေစောင့်မျှော်လျက်ပါ

ဘာမှ မဘုတော့ဘူး ငြိမ်နေတာပဲကောင်းပါတယ်လေ ☺☺☺

Hee, ငြိမ်နေတာလည်း တမျိုးကောင်းတာဖဲ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60859.14
ETH 2917.50
USDT 1.00
SBD 3.61