No(6) B.E.H.S သို့အလည်တစ်ခေါက်

in #myanmar7 years ago (edited)

P80109-085453.jpg
Photo by me

အထက(၆) မန္တလေးသို့ အလည်တစ်ခေါက် ရောက်ဖူးသွားသော အကြောင်းအရင်းမှာ ကျွန်ုပ်၏ ညီမတစ်ဝမ်းကွဲနှင့် မောင်တစ်ဝမ်းကွဲတို့က '' ညီမလေးတို့ဆုသွားယူရမှာ၊ မမ လိုက်ခဲ့ပါ'' ဟု ပူဆာသောကြောင့် ဖြစ်ပါသည်။
ဒီလိုနှင့် အထက(၆) ကျောင်းတော်ကြီး၏ ကျောင်းပရဝုဏ်အတွင်းသို့ ရောက်သွားပါတော့သည်။

P80109-102823.jpg
Photo by me

ထိုနေ့က ပညာရည်ချွန်
ဆုပေးပွဲနေ့ဖြစ်သော်လည်း ကျောင်းမပိတ်ပါ။ ဆုပေးပွဲခန်းမဆောင်အတွင်း ဆုရကျောင်းသားများ၊ ကျောင်းသားမိဘများ၊ ဆွေမျိုးများ
နှင့် ဆုချီးမြှင့်ရန် တာဝန်ကျသောဆရာမ များသာ နေရာယူထားကြသည်ကို တွေ့ရပါသည်။
ကြွရောက်လာသော ဧည့်သည်တော်များအားလုံးကို ကျောင်းသူချောချောလေးများက ကော်ဖီနဲ့မုန့်များဝေပေး၍ ဧည့်ခံပေးပါသည်၊

P80109-102144.jpg
Photo by me

ကျောင်းသားမိဘများ၏ ပြောကြားချက်အရ ယမန်နှစ်များက ဆုရကျောင်းသား/သူများကို စာအုပ်၊ဘောပန်စသည့်စာရေးကိရိယာများနှင့် ဆုတော်ငွေချီးမြှင့်ကြောင်းသိရသည်။ သို့သော် ထိုချီးမြှင့်လိုက်သောဆုတော်ငွေများနှင့် စာရေးကိရိယာများမှာ သုံး၍ကုန်သွားသောအခါ အမှတ်တရအဖြစ်မကျန်ရစ်ခဲ့ချေ။
ထို့ကြောင့် ယခုနှစ်ပညာရည်ချွန်ဆုပေးပွဲတွင်မူ အမှတ်တရဖြစ်စေရန်အလို့ငှာ ဆုတံဆိပ်များနှင့် ဆုတော်ငွေများချီးမြှင့်ပေးခဲ့သည်။
ထိုဆုတံဆိပ်လေးများ ချီးမြှင့်ခြင်းကိုမူ ကျောင်းသားမိဘများအားလုံးက သဘောကြကျလေသည်။
ထိုဆုတံဆိပ်လေးများက
ကြွားလုံးထုတ်၍ ရသည်ကိုး။
ထို့နောက် ငွေစာရင်းရှင်းတမ်းများကို ကျောင်းအုပ်ဆရာမကြီးမှ
ဖတ်ကြားပေး၍ ဆုပေးပွဲလေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

P80109-095709.jpg
Photo by me

P80109-103625.jpg
Photo by me

ထို့နောက် ဆုရ ကျောင်းသား ကျောင်းသူများနှင့် ဆရာမများ အတူတကွ စုပေါင်း၍ အမှတ်တရဓာတ်ပုံများ ပျော် ရွှင်စွာ ရိုက်ကူးကြပါတော့သည်။
ပွင့်လန်းနေကြသော ပန်းကလေးများ၏ အပြုံးပန်းတို့သည် ကျွန်ပ်ရင်ကို အေးမြလွန်းလှချေတကား။ ။

Writer,
@honeysara
MSC- 040

Sort:  

You got a 5.87% upvote from @nado.bot courtesy of @honeysara!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

အခုခတ်ပညာရေးကကျွန်တော်တို့ထက်တိုးတက်မှုရှိလားပြီး။ဝမ်းသာပါတယ်

Yes 👍

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61720.10
ETH 2429.72
USDT 1.00
SBD 2.63