မုန်းချင်လည်း မုန်းကြပါစေတော့
"Fri, Oct 5''
အရင်အချိန်တုန်းကတော့
ကိုယ့်ကိုလူမုန်းမှာ အရမ်းကြောက်ခဲ့တယ်။
ကိုယ့်ဆီအကူအညီလာတောင်းတိုင်း
ပြန်ကူညီဖြစ်တယ်။
သူတို့မသိတာက ကျမက စူပါမန်းမဟုတ်ဘူး။
စူပါမန်းလိုစွမ်းအင်တွေပိုင်ဆိုင်ထားလို့
ကူညီနိုင်တာ တစ်မျိုးပေါ့နော်။
အခက်အခဲ အကြပ်အတည်းတွေကြားထဲကနေ
မဖြစ်ဖြစ်အောင်
အဆင်မပြေ, ပြေအောင်
ကူညီလုပ်ကိုင်ပေးထားတာပါ။
လူတွေရဲ့သဘောက
ဆယ်ခါမှာ ၉ခါကူညီဖူးတာ သူတို့မမြင်ဘူး။
ဆယ်ခါမှာ တစ်ခါလောက်မကူညီတာကို အပြစ်မြင်တယ်။
ဒါကြောင့်
ဒီနေ့
ဆုံးဖြတ်ချက်တစ်ခုရဲရဲဝံ့ဝံ့ချလိုက်တယ်။
ကူညီနိုင်တာကူညီမယ်။
မကူညီနိုင်တာဆို ငြင်းပယ်လိုက်မယ်။
Relax!
မကူညီနိုင်တာကြီးကို အတင်းကြိုးစားပြီး ကူညီဖို့မလုပ်တော့ဘူး။
မုန်းချင်လည်း မုန်းကြပါစေတော့။
Photo from facebook
တစ်နေ့တာကြုံတွေ့ရသမျှကို သင်ခန်းစာများအဖြစ်မှတ်ယူပြီး
ဒိုင်ယာရေးစာအုပ်လေးထဲချရေးလိုက်ရတော့ အနည်းငယ်ပေါ့ပါးသွားသလိုပါပဲ။
စိတ်ပြေလက်ပျောက်ဖြစ်အောင် တီဗီကိုဖွင့်ကြည့်လိုက်တော့
Channel 7 မှာ ''ဝေဟင်ချစ်သူ'' ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလာနေလေရဲ့။ အဲ့ဒီဇာတ်ကားလေးက ကျမအကြိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အစအဆုံးအခွေဝယ်ကြည့်ပြီးသားမို့ TVဖွင့်ထားပေမယ့် စိတ်တို့က ဇာတ်လမ်းတွဲဆီအာရုံမရောက်ပဲ ကိုယ့်အဖြစ်အပျက်နဲ့ အဲ့ဒီဇာတ်လမ်းတွဲထဲက မင်းသမီးလေးနဲ့အဖြစ်အပျက်ခြင်းတူညီနေပီလားလို့သာတွေးတောနေမိပါတော့တယ်......
Photo from wikipedia
အဲ့ဒီဇာတ်လမ်းကျောရိုးလေးက ဒီလိုပါ။
အမွှာညီအစ်မနှစ်ယောက်ရဲ့အကြောင်းပါ။
သူတို့နှစ်ယောက်အဖေက အလုပ်ကြိုးစားပြီး
သူတစ်ပါးအတွက်ဆိုအမြဲအနစ်နာခံကူညီတတ်တဲ့ ရဲတစ်ယောက်။ တစ်နေ့မှာ သူ့မိန်းမနဲ့ဖုန်းပြောနေတုန်း
''ကယ်ကြပါဦးရှင်''ဆိုတဲ့အသံကိုကြားလိုက်ရတော့
သူသွားကူညီတယ်။ အဲ့ဒီမှာ ဓားထိုးခံရပြီး အသက်ဆုံးပါးသွားတယ်။ ဆုံးပါးသွားတဲ့သု့အဖေရဲ့ရုပ်ကလာပ်ကိုကြည့်ရင်း အကြီးမကတော့ ငိုတာပေါ့၊ အငယ်မကတော့ မငိုဘဲအံကြိတ်ထားပြီး
''အဖေသူများကူညီတော့ ဘာရလဲ? အသက်သေ သွားတာပဲ အဖတ်တင်တယ်မို့လား'' ဆိုတဲ့အကြည့်နဲ့ပဲ ကြည့်ပြီး မငိုမိအောင်ကြိုးစားတယ်။ အမွှာဆိုပေမယ့်လို့ သမီးအကြီးက သူ့အဖေနဲ့စိတ်ဓာတ်တူပြီး ကြင်နာသနားတတ်တယ်၊ အေးအေးချမ်းချမ်းနေတယ်
။ အငယ်မလေးကတော့ သူ့အဖေသေပြီးနောက်ပိုင်း မျက်နှာကိုတင်းတင်းပဲထားတယ် အပြုံးဆိုတာ မရှိသလောက်ပဲ။ ''လာမထိနဲ့ မီးပွင့်သွားမယ်'' ဆိုတဲ့အကြည့်မျိုး။ ဒီလိုအကြည့်တွေကြောင့်ပဲ
လူအများစုကသူ့ကိုကြောက်ကြတယ်။ နောက်ကွယ်မှာသာ
bad witch(မကောင်းတဲ့စုန်းမ) လို့ နာမည်ပြောင်ပေးထားကြတာ သူ့ရှေ့မှာဆိုမလှုပ်ရဲကြဘူး။
အမွှာညီမနှစ်ယောက်လုံးရဲ့ ငယ်ရွယ်စဉ်ကတည်းက စိတ်ကူးယဉ် အိပ်မက်ကတော့ ''လေယာဉ်မယ်''လေးဖြစ်ချင်တာပါတဲ့။
ညီမနှစ်ယောက်လုံးဥာဏ်ကောင်းပြီး စာကြိုးစားကြတော့
နှစ်ယောက်လုံး စကောလားရှစ်ရတယ်။ စကောလားရှစ်ရပေမယ့်
မိသားစုကဆင်းရဲတော့ အိမ်ရဲ့စားဝတ်နေရေးအတွက် တစ်ယောက်ကကျောင်းတက် တစ်ယောက်က စီးပွားရှာမှဖြစ်မယ်လေ။
စိတ်ထားကောင်းတဲ့အကြီးမပဲ အနစ်နာခံတက္ကသိုလ်ဆက်မတက်ဘဲ စတိုးဆိုင်မှာ အရောင်းစာရေးမအဖြစ် အိမ်အတွက်စီးပွားရှာရပါတော့တယ်။ ဇာတ်လမ်းထဲမှာ
အဲ့ဒီနေရာကနေစပြီးတော့ အကြီးမရဲ့အနစ်နာခံမှုတွေစတော့တာပါပဲ။
အပိုင်း ၂ ဆက်ရန်
Written by,
@honeysara
MSC 040
ကျုပ် အဲ့ဒါကြာင့်ကိုရီးယားကားမကြည့်တာ
ကောင်းခန်းရောက်ရင် ဇာတ်ကားတင်မကဘူး
ရေးပြသူကပါကြော်ငြာဝင်တာ
သူရဲကောင်းဆိုတော့လည်း သီးခံရမှာပ😁
သူရဲကောင်းဟာ ကွန်မန့်ဝင်ရေးသွားပါသတဲ့။
မုန်းခိုင်းတိုင်း မုန်းနိုင်ပါဘူးဗျာ...
လူအကြိုက် ဆယ်ခါလိုက် မလိုက်တစ်ခါ ရှိခဲ့ပါမူ ရန်သူထင်တတ်သတဲ့ဗျ😁
Posted using Partiko Android
ဟုတ် ကြားဖူးတယ်😁
ကိုရီးယားကတွေကို မကြည့်ဖြစ်ပေမယ့် သူတို့ရဲ့ ဖန်တီးထားချက်၊ ဇာတ်လမ်းလေးတွေကိုတော့သဘောကျတယ်ဗျ
ဟုတ်တယ် မက်ဆေ့တစ်ခုခုကိုယ့်အတွက်ကျန်ခဲ့တယ်။
ညီအစ်မနှစ်ယောက်ဇာတ်လမ်းတွဲစိတ်ဝင်စားဖို့ကောင်းတယ်...အပိုင်းဘယ်နှစ်ပိုင်းရှိလဲ?
Posted using Partiko Android
အပိုင်း၂၀ ထင်တယ်၊ မှတ်မိတော့ဘူး😁
လူလောကထဲမှာ
လူကဲခတ်တဲ့ပညာအခက်ဆုံး
မှန်ပါ့ရှင်
အမြတ်တန်ဘိုးကို ဘာနဲ့တိုင်းတာတဲ့အပေါ်မူတည်ပါတယ်။
ဟုတ်
ဇာတ်လမ်းရှည်ကျ ငယ်ငယ်တုန်းက ကြည့်ပေမဲ့ ခု မကြည့်နိုင်ဘူး အရှည် ကြည့်ပြီးစတုန်းကလည်း အတိုကို အားမရဘူး ဟီး ကောင်းလိုက်တာဆွင် pp ။ ခုတော့ အတိုတွေနဲ့ဘဲနေနေပါတယ် ။
အတိုချစ်သူပေါ့😁😁
တစ်သက်မှာ ဘယ်နှစ်ခါ မုန်းလို့ရမလဲဗျာ။
၁၅ခါ😁
နောက်တာနော်ဆရာ😁
ကူညီပါအူံး မတ်မတ်ရယ်
Posted using Partiko Android
မက်မက်စု နောက်ပီ😁