မချိပြုံး
ကျွန်မနာမည်က မီးမီးပါ။
သာမန်လက်လုပ်လက်စား မိသားစုကနေ ပေါက်ဖွားလာတဲ့ သာမန်မိန်းကလေးတစ်ယောက်ပေါ့။
ဖုန်းဆိုင်သေးသေးလေးတစ်ခုရဲ့ အရောင်းစာရေးဝန်ထမ်းတစ်ယောက်ဆိုလည်း မမှားပါဘူး။
Image Source
ကျွန်မအလုပ်က အလွန်ကို ရိုးရှင်းလွန်းလှပါတယ်။ ဆိုင်က မနက် ၈နာရီကနေ ည ၁၀လောက်အထိဖွင့်ပေမယ့် ကျွန်မအလုပ်ချိန်က မနက် ၈နာရီကနေ ညနေ ၆ နာရီအထိပါ။
ဆိုင်နဲ့အိမ်က သိပ်အလှမ်းမဝေးလှတာကြောင့် စက်ဘီးလေးတစ်စီးနဲ့ပဲ အလုပ်သွား အလုပ်ပြန်ဖြစ်ခဲ့ပါတယ်။
ဒီကနေ့ ၁ရက်နေ့မို့ထင်ပါရဲ့ ဖုန်းဆိုင်မှာ ဈေးဝယ်တွေနဲ့ပြည့်နေလေရဲ့၊ ဒီလို လူကျတဲ့နေ့ဆို ကျွန်မအလုပ်ချိန်က ၆နာရီကျော် ၇နာရီလောက်အထိ ရောက်သွားလေ့ရှိတယ်။ လက်ကနာရီကို ကြည့်လိုက်တော့ ၆နာရီ ၃၈မိနစ်။ မဖြစ်ဘူး လူရှင်းတုန်း ပြန်မှပဲ။ တော်ကြာ customer တစ်ယောက်ထပ်ရောက်လာရင် ၇နာရီကျော်မှ အိမ်ပြန်ရလိမ့်မယ်။
"ဆရာရေ ကျွန်မပြန်တော့မယ်နော်"
"အော်...အေး အေး"
ဆိုင်ရှင်ကို နှုတ်ဆက်ကာ အိမ်သို့ပြန်ရန် စက်ဘီးကို ထုတ်လိုက်သည်။ ထမင်းချိုင့်လေး စက်ဘီးခြင်းထဲထည့်ကာ စက်ဘီးနင်းလာခဲ့သည်။
လမ်းမီးတိုင်တို့မရှိသော လမ်းသွယ်လေးနားအရောက်တွင် စိတ်ကလှုံ့ဆော်လာမှုကြောင့် အောက်ကိုငုံ့ ကြည့်လိုက်သည်။
ဟာ ဖုန်းလေးတစ်လုံးပါလား။ လက်ကအလိုလို ဘရိတ်ကိုညှစ်လိုက်မိ၍ စက်ဘီးကလေး တုံ့ခနဲထိုးရပ်သွားသည်။
ဘေးဘီကို ဝှေ့ဝဲကာကြည့်လိုက်တော့ မလှမ်းမကမ်းက ဆောက်လက်စတိုက်တွင် လူနှစ်ယောက်မတ်တပ်ရပ်ကာ စကားပြောနေသည်။ အရှေ့ဘက်မှ ဆိုင်ကယ်တစ်စီးကလည်း ဒီဘက်ကိုလာနေသည်။ ဖုန်းကို မြန်မြန်ကောက်ယူလိုက်ကာ ဟန်မပျက် စက်ဘီးပြန်စီးခဲ့သည်။
လူကသာ စက်ဘီးနင်းနေရတာ၊ စိတ်က ကောက်ရခဲ့သည့်ဖုန်းလေးဆီမှာ။ ကောက်ရခဲ့သည့် ဖုန်းလေးက အနက်ရောင်လေးဖြစ်သည်။ နောက်က ကာဗာကလည်း အနက်ရောင်ဆိုတော့ All Black လေး။ ထို့ကြောင့် မှောင်ရိပ်ကျနေသော လမ်းလေးပေါ်မှာ ကျရောက်နေသောထိုဖုန်းလေးကို ဘယ်သူမှမမြင်မိခြင်းဖြစ်မည်ဟု တွက်ဆမိသည်။ ထိုကောက်ရသည့် ဖုန်းမှာ
Oppo တံဆိပ်။ အတိအကျ ပြောရလျှင် Oppo F5 Youth ဖြစ်သည်။
Oppo မှ နောက်ဆုံးထွက်ထားသော တန်ဖိုးမြင့် ဖုန်းတစ်လုံးဖြစ်သည်။
ထို ဖုန်းမော်ဒယ်ကို အတိအကျသိနေရခြင်းမှာ
ကျွန်မကိုယ်တိုင်ကိုက ဖုန်းဆိုင်က ၀န်ထမ်းဖြစ်နေခြင်းကြောင့်
ဖုန်းပုံစံကိုတစ်ချက်မျှကြည့်လိုက်ရုံဖြင့် မည်သည့်အမျိုးအစား ၊ တန်ဖိုးဘယ်လောက်ဆိုတာကို တန်းသိခြင်းဖြစ်သည်။
ယခု ကောက်ရခဲ့သော Oppo F5 Youth ဆိုလျှင် အသစ်ဈေးနှုန်း ၃သိန်း၁သောင်း၉ထောင် ပေါက်ဈေးရှိသည်။
ပြန်ရောင်းမယ်ဆိုလျှင် second ဈေး နှစ်သိန်းကျော်တော့ ရတန်ကောင်းပါရဲ့။
ဖုန်းဆိုင်မှာ တစ်လလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်တာတောင် လစာက ၁သိန်းကျော်လေးသာရသည်။ ယခု ကောက်ရသည့်ဖုန်းကို ပြန်ရောင်းလိုက်ပါက နှစ်သိန်းကျော်ကြီးများတောင်ရမယ်။
တွေးရင်းနဲ့ ပျော်လာကာ စက်ဘီးလေးကိုနင်းလာခဲ့သည်။
ထို့နောက် သတိတစ်ခုခေါင်းထဲကိုဝင်လာသည်။
တကယ်လို့ ပိုင်ရှင်က ဖုန်းဆက်ခဲ့ရင်ရော??
ဟာ မဖြစ်ဘူး....ဖုန်းပိုင်ရှင်ကဖုန်းဆက်လာ
်ရင် ကွိုင်ပဲ။ ဖုန်းကို power မြန်မြန်ပိတ်မှ။ စက်ဘီးကို လမ်းဘေးနားခနရပ်ကာ ဖုန်းကို power ပိတ်ရန် စက်ကိုဖွင့်လိုက်သောအခါ.............
.........................
မြင်လိုက်ရသည့် ဖုန်း screen ကြောင့် ကြက်သေ,သေသွားသည်။
ဖုန်း screen မှာ pattern lock ခတ်ထားတယ်။
ဖုန်းရဲ့ cover photo က မီးမီးတို့ ဖုန်းဆိုင်သေးသေးလေးနှင့် တစ်လမ်းကျော်အကွာတွင် ဖွင့်ထားသော ဖုန်းဆိုင်အကြီးကြီးက ၀န်ထမ်းကောင်မလေးတစ်ယောက်၏ ဓာတ်ပုံ ဖြစ်လို့နေသည်။
ထိုကောင်မလေးနာမည်က မဟူရာ။
Image Source
မဟူရာတို့မိသားစုကလည်း ချမ်းသာသောသူများမဟုတ်ကြပါ။ တန်တော့ ထို F5 Youth ကို မိစိမ်းတစ်ယောက်လိုချင်လွန်း၍ ၆လအရစ်ကျတွေဘာတွေနဲ့ ၀ယ်ထားဟန်တူသည်။
ဖုန်းပိုင်ရှင်ကို သိနေပြန်တော့ ယူရခက်၊ ပြန်ပေးရခက်ဖြစ်ကာ တွေးရကျပ်နေသည်။ ပိုင်ရှင်ဘယ်သူလည်းဆိုတာ မသိရင်လည်းအကောင်းသား။
ခုတော့ ပိုင်ရှင်က မဟူရာဆိုတာကိုလည်း သိလိုက်ရပြီ။ မဟူရာတစ်ယောက်ခုချိန် ဖုန်းပျောက်လို့ ဘယ်လောက်များ စိတ်သောကရောက်နေလိုက်မလဲ။
ဟော..ပြောရင်း ဆိုရင်း ဖုန်းပိုင်ရှင် မဟူရာဆီက ဖုန်းဝင်လာသည်။
power ပိတ်ပြီး ဖုန်းကိုယူထားလိုက်ရင် ကောင်းမလား၊
အ၀င် call ကိုလက်ခံပြီး သူ့ပိုင်ရှင်ဆီပဲ ပြန်ပေးလိုက်ရတော့မလား၊
စဉ်းစားရခက်ကာ အေးမြသော ဆောင်းရာသီတွင် ဇောချွေးများပျံလာသည်။
နောက်ဆုံးတော့
မီးမီးတစ်ယောက် မချိပြုံးလေးပြုံးရင်း ဖုန်းကိုင်လိုက်ပါတော့သည်။
Written By
@honeysara
MSC-040
@mrainp420 has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
https://steemit.com/steemit/@justinomora/look-this-crap-scammers-on-the-horizon
Ok
well done honeysara!
Thanks bro 😁
Good job
thanks
ကောင်းမွန်သေယ အလုပ်လေးပါ
ကျေးကျေးပါ 😊
ကောင်းတယ် အဲဒီလိုလေး ဇာတ်သိမ်းလိုက်တာ.....
ဟုတ် 😁
Good
Thanks sis
ဖတ်လိုက်ရတဲ့ခံစားမှုတွေကစိတ်ကိုပြန့်မသွားပဲ
အာရုံတခုထဲကိုနစ်ဝင်သွားခဲ့ရပါတယ်။
နောက်ဆုံး၌ဖုန်းကိုင်လိုက်တော့ဘာတွေပြောကြသလဲ
"ဟယ်လို မဟူရာလား၊ ငါ မီးမီးပါ၊ ငါနင့်ဖုန်းကိုကောက်ရထားတယ်၊ နင်အရမ်းကံကောင်းတယ်သိလား၊ တခြားသူဆို ပြန်ပေးမှာမဟုတ်ဘူး၊ ငါ့ဆီလာယူလိုက်နော်"
"ကျေးဇူးတင်ပါတယ် မီးမီးရယ်၊ ငါဒီဖုန်းကို အရစ်ကျဝယ်ထားတာ မကြာသေးဘူးဟ၊ အကြွေးတောင်မကျေသေးဘူး၊ ပျောက်သွားလို့ဖုန်းခေါ်ကြည့်လိုက်တာ၊ ပြန်ရမယ်တောင် မထင်မိဘူး၊ ငါ အရမ်းဝမ်းသာတာပဲဟာ၊ နင့်ကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမယ်တောင်မသိတော့ဘူး"
............................................
Thanks ကိုသူရ
အခုပြောလိုက်တဲ့စကားလုံးတွေက
နှလုံးသားရင်တည့်တည့်ကိုထိုးဖောက်နစ်ဝင်
သွားစေနိုင်တယ်ဗျ။
postတခုလုံးကိုစိတ်ဝင်စားခဲ့ပါတယ်။
(နောက်ဆုံးဖုန်းကိုင်လိုက်ပါတယ်)
ဒီလိုဖြတ်တောက်လိုက်သာ
စာဖတ်သူကျွန်နော်ကိုပိုပြီးအတွေးတွေ
ဝင်သွားခဲ့ရပါတယ်။လိုအပ်နေသာကိုဖြေကြားပေးလို့အမှန်သိရှိလိုက်ပါတယ်။အခုမှအလုံးလေးကျသွားတော့တယ်ဗျ။လည်ပင်းမှာရောက်နေတဲ့
သကာခဲကိုပြောသာနော်။ဒါပဲ@thura