လမ်းသရဲမုန့်

in #myanmar7 years ago

P70928-164232.jpg
မ​နေ့ကကျ​နော်​ (၈၈)ရပ်​ကွက်​ ​ငွေဇင်​​ယော်​လမ်း၊ ဒဂုံဆိပ်​ကမ်းမြို့နယ်​ဘက်​ကို ​ရောက်​ဖြစ်​တယ်​ဗျ။ အဲဒီမှာဗျာ ကျ​နော်​တို့ မန္တ​လေး မြို့အ​ခေါ် မုန့်​ပြားသလပ်​ကို​တွေ့လို့ စားချင်​လို့
"မုန့်​ပြားသလပ်​တစ်​ခု ဘယ်​​လောက်​လဲ " ​မေး​တော့
"ဘယ်​ဟာကို ​ပြောတာလဲ" တဲ့
ကျ​နော်​ ကအဖြူ​ရောင်​ မုန်​ပြားသလပ်​ကို လက်​ညှိုးထိုးပြ​တော့
"အဲဒါလား...လမ်းသရဲမုန့်​လို့​ခေါ်တယ်​၊ ဒီဘက်​ကအနီ​ရောင်​က ​ခေါက်​မုန့်​လို့ ​ခေါ်တယ်​"
"ဟုတ်​ကဲ့ အန်​တီ....အဖြူတစ်​ခု၊ အနီတစ်​ခု​ပေးပါ"
P70928-163648.jpg
"တစ်​ခုဘယ်​​လောက်​လဲ အန်​တီ"
"၁၅၀ ပါ"
စိတ်​ထဲမှာ​တော့ ​​ဈေးသက်​သာလိုက်​တာလို့​တွေးမိတယ်​။
ကျ​နော်​တို့ မန္တ​လေးမှာဆို မုန့်​ပြားသလပ်​အဖြူ နဲ့ အနီဆိုပြီး​ခေါ်ကြတယ်​။ အနီ​ရောင်​က​တော့ ထန်းလျက်​ရည်​နဲ့လုပ်​ထားတာ​ပေါ့ဗျာ။ အဖြူ​ရောင်​က​တော့ ပဲပြုတ်​၊ဆူးပုတ်​ရွက်​၊ ပဲပင်​​ပေါက်​၊ ခရမ်းချဉ်​သီး၊ ငရုတ်​သီးအစိမ်း ပါတယ်​၊အ​ပေါ်က​နေ နှမ်း​ထောင်းဖြူး​ပေးတယ်​။
ကြက်​ဥထပ်​ထည့်​ချင်​ရင်​လည်းရတယ်​။
အခု လမ်းသရဲမုန့်​က ဘယ်​လိုလုပ်​လဲဆိုတာ တစ်​ချက်​ရိုးလိုက်​ဦးမယ်​ဗျ။
P70928-163236.jpg
အရင်​ဆုံး ပုံမှာပြထားသလို အဖြူ ​ရောင်​မုန့်​အနှစ်​ထည့်​မယ်​။
မီး​သွေးမီးဖိုကိုပဲ သုံးရမယ်​ဗျ။
P70928-163308.jpg
ပုံမှာပြထားသလို အ​ပေါ်က​နေ ပါဝင်​ပစ္စည်း​လေး​တွေဖြူးလိုက်​မယ်​။
ခရမ်းချဉ်​သီး၊ ငရုတ်​သီး၊ ပဲပင်​​ပေါက်​၊ အုန်းသီး​လေး​တွေဖြူးလိုက်​တယ်​။ ကြည့်​လိုက်​​တော့လဲ လွယ်​လွယ်​​လေး ထင်​ရတယ်​ ။ ဒါ​ပေမယ့်​ ​လောကကြီးမှာ ဘယ်​အရာကမှ ထင်​သ​လောက်​ မလွယ်​ကူလှပါဘူး၊ မုန့်​နှစ်​​ဖျော်​တဲ့အခါမှာ ​ရေအချိုးအစားတွက်​ရမယ်​။ ​ရေများလို့လဲမဖြစ်​ နည်းလို့လဲမဖြစ်​ပါဘူး၊ ​နောက်​တစ်​ချက်​ရှိတာက မီးအပူရှိန်​ဂရုစိုက်ရမယ်​၊ မီးအပူရှိန်​နည်းရင်​လဲ မုန့်​က​ပျော့သွားမယ်​၊ မီးများပြန်​ရင်​လဲ ကျွပ်​လွန်းအားကြီးပြီး တူးသွားရင်​ ဘယ်​သူမှဝယ်​မှာ မဟုတ်​ပါဘူး။ ​ဟော...လမ်းသရဲမုန့်​​တော့ရပြီ၊ အမယ်​ သတင်းစာအပိုင်းအစ​လေးနဲ့ထုတ်​​ပေးတာဗျ။ အဖြူ ​ရောင်​ရပြီဆို​တော့ အနီ​ရောင်​ ဘယ်​လိုလုပ်​လဲ တစ်​ချက်​ကြည့်​မယ်​​နော်​။

P70928-163120.jpg

ပုံမှာပြထားတဲ့အတိုင်း မုန့်​အနှစ်​အဖြူ ​ရောင်​ပဲ ထည့်​တယ်​ဗျ။
P70928-163150.jpg
အဖြူ​ရောင်​ မုန့်​အနှစ်​မ​ခြောက်​​သေးတဲ့အချိန်​မှာ အနီ​ရောင်​မုန်​အနှစ်​ထပ်​ထည့်​ပါတယ်​။ ပြီးရင်​ အ​ပေါ်က​နေ အုန်းသီး​လေး​တွေ ဖြူး​ပေးရင်​ ပြီးသွားပါပြီ။
P70928-163212.jpg
အင်း...သူတို့​ပြောတဲ့ ​ခေါက်​မုန့်​ဆိုတာ မန္တ​လေးက အနီ​ရောင်​မုန့်​ပြားသလက်​နဲ့ လုပ်​ပုံလုပ်​နည်းအတူတူပါပဲ။ မန္တ​လေး ကမုန့်​က အနီ​ရောင်​မုန့်​အနှစ်​ပိုများသွားပြီး ထူထူ​လေးဖြစ်​သွားတာပဲ ကွာပါတယ်​။
မန္တ​လေး မှာလဲ ​ခေါက်​မုန့်​ဆိုတဲ့နာမည်​နဲ့ မုန့်​တစ်​မျိုးရှိ​သေးတယ်​ဗျ။ သူတို့​ခေါက်​မုန့်​နဲ့​တော့မတူဘူး​ပေါ့ဗျာ။ မန္တ​လေးက​ခေါက်​မုန့်​က ကြက်​ဥတို့ ​ထောပတ်​တို့နဲ့လုပ်​ထားပြီး မုန့်​ကို ​ခေါက်​ထားတာဗျ။ အဲဒါ​ကြောင့်​လည်း ​ခေါက်​မုန့်​လို့​ခေါ်တာဗျ။ ကျ​နော်​ဆို ​ခေါက်​မုန့်​ကို အရမ်းကြိုက်​တာဗျ။ ၀ါးလိုက်​ရင်​ ကြွပ်​ကြွပ်​နဲ့မည်​ပြီး ​ထောပတ်​နံ့​လေးသင်း​နေတာပဲ၊ ​ပြောရင်းနဲ့​တောင်​ စားချင်​လာပြီဗျ။
အခု​လော​လောဆယ်​​တော့ ရှိတဲ့ လမ်းသရဲမုန့်​နဲ့ ​ခေါက်​မုန့်​ နဲ့ပဲစားရ​တော့မယ်​ဗျာ။
ခံတွင်းချဉ်​တယ်​၊ ဗိုက်​မ၀​သေးဘူးဗျ။ လက်​ဖက်​ရည်​ ၀င်​​သောက်​လိုက်​ဦးမယ်​။ "ဗျို့ တီးဆရာ....ပုံမှန်​တစ်​ခွက်​​လောက်​ဗျို့"
P70908-122155.jpg

Myanmar Steemit အဖွဲ့သားများအားလုံး သွားရည်​ကျနိုင်​ကြပါ​စေ.....အဲ​လေ ​ယောင်​လို့...ကျန်းမာလန်းဖြာကြပါ​စေလို့ ဆုမွန်​​ကောင်း​တောင်းရင်း......
Written By
@honeysara

Sort:  

ခေါက်မုန့်ပဲသိတယ်

Aww, Imm....

ဓာတ်ပုံတွေကြည့်ရနဲ့တင် သွားရည်ယိုတယ်။ လမ်းသရဲမုန့် မစားရတာကြာပြီ။

ဟုတ်​လား....ပါဆယ်​ပို့​ပေးမယ်​​လေ 😊

မစားဖြစ်တာအတော်ကြာ သရေယိုလိုက်ထာ

လမ်းမှာ​တွေ့ရင်​ ၀ယ်​​ကျွေးမယ်​​လေ 😊

ကြိုက်တယ်

ဟုတ်​လား :-)

အရင်က ဘုရားပွဲဈေးဆို စားရတယ် ခုမစားရတာတောင်အတော်ကြာခဲ့ဘီ

အော်​..​ဆောင်းရာသီ​ရောက်​​တော့မယ်​၊ ဘုရားပွဲ​ဈေး​တွေ ​နီးပါပြီ ☺

တစ်ခု ၅၀၀ကျပ်

ဟုတ်​တယ်​ဆို....အဲ့မှာ​ဈေးသက်​သာတယ်​​နော်​ 😁😋

Coffee လေးအရမ်းကြိုက်တယ်။

Coffee ​သောက်​ချင်​တာလား?
ကျ​နော်​က
လက်​ဖက်​ရည်​ ပုံတင်​ထားတာဗျ 😂😂

vote ခဲ့တယ်ဗျာ
If u would like to vote me back
@aungmyotun

I upvoted you too 😉

ဂလု ဂလု

ရှလွှတ်​ .....ရှလွတ်​ 😂😂😂

ငင့် အဲ့ရေခဲမုန့်ကအေးမှမအေးတာကို

လမ်းသရဲ မုန့်​ပါဗျ 😳

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67401.36
ETH 2611.38
USDT 1.00
SBD 2.68