Kitten Birth

in #myanmar6 years ago

လွန်​ခဲ့​သော သုံးရက်​ခန့်​က ကျွန်​​တော့်​မိတ်​​ဆွေတစ်​ဦး၏ အိမ်မှ​ကြောင်​မ​လေး ကချစ်စရာ​​ကြောင်​ငယ်​က​လေးများကို​မွေးဖွားခဲ့ပါသည်​။ သဘာဝအတိုင်း​မွေးဖွားခြင်း​တော့မဟုတ်​ပါ။ ဗိုက်​ကိုခွဲစိတ်​၍ ​မွေးဖွားခဲ့ခြင်းဖြစ်​ပါသည်​။ ​ကြောင်​ဗိုက်​ခွဲ​မွေးတာကို မမြင်​ဖူး၍ တိရစ္ဆာန်​ ​ဆေးခန်းသို့သွား​ရောက်​ကြည့်​ရှု၍ ဓာတ်​ပုံများရိုက်​ကူးခဲ့ပါသည်​။ ကျွန်ုပ်​​ဖော်​ပြ​ပေးမည့်​ ဓာတ်​ပုံများမှာ ​သွေးသံရဲရဲ​တွေနှင့်​မို့ စိတ်အားငယ်​သူများ မကြည့်​သင့်​ပါ။

P71228-232332.jpg

အရင်​ဆုံး​ကြောင်​မ​လေးကို ​မေ့​ဆေးထိုး၍ ​ခြေ​တွေလက်​​တွေကို ကြိုးဖြင့်​တုပ်​​နှောင်​လိုက်​ပါသည်​။

ထို့​နောက်​ ၀မ်းဗိုက်​အနီးတစ်​၀ိုက်​က အ​မွှေးများကို ဓားဖြင့်​ရိတ်​ချလိုက်​သည်​။

ထို့​နောက်​ ပိုး​သေ​အောင်​ ​ရေ​နွေးဆူဆူတွင်​ပြုတ်​ထား​သော ခွဲစိတ်​ကိရိယာများကို တစ်​ခုချင်းဆီထုတ်​ယူ​နေတာကို ​တွေ့ရပါသည်​။

P71228-221819.jpg

ကြောင်​မ​လေး၏ ၀မ်းဗိုက်​တွင်​ အ၀န်းဝိုင်းပုံစံအရာ​လေးလှီးလိုက်​သည်​။ ထို့​နောက်​ စတင်​ခွဲစိတ်​ပါ​တော့သည်​။

P71228-222830.jpg

P71228-223309.jpg

ရေမွှာအိတ်​ကို​ဖောက်​လိုက်​​တော့ ထိုထဲမှ ​ကြောင်​​လေးတစ်​​ကောင်​ထွက်​လာသည်​။ ထို့​နောက်​ ဆရာဝန်​မှ သူ့သားဖြစ်​သူကို ​ကြောင်​​ပေါက်​စ​လေးထုတ်​​ပေးလိုက်​ကာ "၀ါဂွမ်းသွားယူ ၊ မျက်​နှာကို အရင်​ဆုံးသုတ်​လိုက်​၊ ​ရေမွှန်းပြီး​သေ သွားလိမ့်​မယ်​၊ မြန်​မြန်​လုပ်​" ဟုဆိုကာ ​ပေးလိုက်​သည်​။ ထို့​နောက်​ ​နောက်​ထပ်​​ရေမွှာအိတ်​များကို ထုတ်​ယူ၍ ​ကြောင်​​က​လေးများထုတ်​ယူ​နေပါ​တော့သည်​။
စုစု​ပေါင်း ​ကြောင်​က​လေး ၄​ကောင်​ ​ပေါက်​ဖွားပါသည်​။

P71228-223831.jpg

အောင်​မြင်​စွာ ဗိုက်​ခွဲ​မွေးပြီး​နောက်​ ဆရာဝန်​က ဗိုက်​ကိုပြန်​ချုပ်​ကာ
ဆေးအပြာ​ရောင်​​တွေ ဗိုက်​ကိုသုတ်​လိမ်း​ပေးလိုက်​သည်​။
အောင်​မြင်​စွာခွဲစိတ်ပြီးသွား​ပေမယ့်​ ​ကြောင်​မ​လေးက​တော့ သတိုပန်​လည်​မရရှိ​သေးပါ။ ​နောက်​ နာရီဝက်​​လောက်​​နေရင်​ သတိရလိမ့်​မည်​ဟု​တော့ ဆရာဝန်​က​ပြောပါသည်​။

P71228-232354.jpg

ဆောင်းရာသီမို့ ​ကြောင်​မကြီးနှင့်​​ကြောင်​​ပေါက်​စ​လေး​တွေ​အေး​နေမှာစိုးရိမ်​ရသည်​။ ထို့်​ကြောင့်
ခြင်းတစ်ခုထဲတွင် ​​​ဂုန်​နီအိတ်​ကို​အောက်​ကခံ၍ အ​ပေါ်က အ၀တ်​စ​လေးထပ်​​ပေးထား​သော အ​ပေါ်တွင်​ ​ကြောင်​​လေး​တွေထည့်​လိုက်​သည်​။ ​ကြောင်​​ပေါက်​စ​လေး​တွေက ​တော်​​တော်​ဆိုးပါသည်​။ မျက်​လုံးသာမပွင့်​​သေးတာ ဟိုဟိုဒီဒီ​တွေ​လျှောက်​သွား​နေသည်​။ သူတို့အ​မေ​ကြောင်​မကြီး​ခေါင်း​တွေ​ပေါ်​လျှောက်​တတ်​​နေသည်​။ ဗိုက်​ကအနာ​ပေါ် ​ကြောင်​​လေး​တွေတက်​ဖိမှာလည်း စိုးရိမ်​ရသည်​။
ကြောင်​​လေး​တွေက ၁၅မိနစ်​မျှ​သောင်းကျန်းပြီး​တော့ အိပ်​​မောကျသွားကြသည်​။ ဆရာဝန်​ရဲ့မှာကြားချက်​​ကြောင့်​ ​ကြောင်​ထည့်​ထား​သော ခြင်း​ပေါ်တွင်​ အ​နွေးဓာတ်​ရ​စေရန်​ လျှပ်​စစ်​မီးသီး​လေးထွန်း​ပေးထားသည်​။

P71229-102844.jpg

ယခုဆိုလျှင်​ ​ကြောင်​မကြီးနှင့်​ ​ကြောင်​​ပေါက်​စ​လေး​တွေ ကျန်းမာစွာဖြင့်​ရှိ​နေပါသည်​။

Written By
@honeysara
MSC-040

Sort:  

ဟီးး ခုမှမြင်ဖူးတယ်

အတူတူပဲ 😁

အသည်းယားလိုက်တာဗျာ...

အတူတူပဲ 😁

အမြန်ဆုံး သတိရ သက်သာပါစေ ခင်ဗျာ

ကျေးဇူးပါ

ချစ်​စရာ​လေး​တွေ

ဟုတ်​တယ်​ bro

ကျွေးမွေးထားတဲ့ အိမ်က ခွေးလေး... အရွယ်ရောက်တော့... ခြံလုံအောင် ကင်းစောင့်တတ်ပြီ... အိမ်က ကြောင်မလေး က...ငါက မခိုင်းဘဲ... ကြွက်ခုတ်ဖို့  တာဝန်ယူ..

ကြားဖူးသလိုပဲ 😜

တိရိစ္ဆာန်လေးတွေလည်းအသက်လေးတွေနဲ့မို့ဂရုစိုက်ပေးကြပါ

ဂရုစိုက်​ပါတယ်​ရှင့်​ 😊

လူအတိုင်းဘဲ့နေိာ..ဗိုကိခွဲမွေးတာအခုမှမြင်ဖူးတယိ

ဟုတ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52