Important Of Body Language

in #myanmar6 years ago (edited)

မင်္ဂလာပါ။
စတီးမစ်မှာ စာမရေးရရင်လည်း မနေနိုင်ပြန်...
ရေးမယ်ဆိုပြီး လိုင်းဖွင့်လိုက်ပြန်ရင်လည်း ဘာရေးလို့ရေးရမှန်းမသိ......
ဘာလိုလိုနဲ့ ပရို နှစ်ခါတောင် လွတ်သွားပါရောလား၊
နှမြောလိုက်တာ 😁
ကဲပါလေ၊ မဖြစ်ချေဘူး ၊ တစ်ခုခုရေးမှပါ။
Body Language ရဲ့ အရေးပါပုံကို ရေးချင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က ပညာရှင်တွေရဲ့ လေ့လာချက်အရ
''လူတွေဟာ ပြောလိုက်တဲ့စကားရဲ့ 7% ကိုသာ လက်ခံရရှိတယ်လို့ဆိုပါတယ်။''
ဥပမာ- ''ကျေးဇူးတင်ပါတယ်'' ဆိုတဲ့စကားကို မှန်ရှေ့မှာကြည့်ပြီး ပြောကြည့်ပါ။

ရုပ်တည်တည၊် အသံငြိမ်ငြိမ် ''ကျေးဇူးတင်ပါတယ်'' ပြောကြည့်ပါ။ သင်ဘာကို သတိရပါသလဲ?
ကျမကတော့ ဘဏ်ကနေအထွက် ဘဏ်ဝန်ထမ်းတွေရဲ့ ''ကျေးဇူးတင်ပါတယ်'' ဆိုတဲ့ လေသံကို ပြန်သတိရမိပါတယ်။
တကယ့်စိတ်ရင်းမပါ တာဝန်အရ ပြောတဲ့အဓိပ္ပါယ်ကို ဆောင်ပါတယ်။

image
Image Source> TED Ideas - TED Talks

တကယ့်စိတ်ရင်းနဲ့ ကျေးဇူးတင်တဲ့သူတွေရဲ့ အသံဟာ
အနိမ့်အမြင့် ရှိပါတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့ ကြိုးစားမှုကြောင့်
company နာမည်ရတဲ့အခါ (သို့မဟုတ်) ကုန်ပစ္စည်းရောင်းအားတက်လာတဲ့အခါ လုပ်ငန်းရှင်သူဌေးက ဝန်ထမ်းကို
ို ''တော်တယ်ကွာ၊ မင်းလိုဝန်ထမ်းမျိုးငါတို့ company မှာရှိတာ ကံကောင်းတာပဲ၊ ဆက်ကြိုးစားကွာ'' ဆိုပြီး ဝမ်းသာတက်ကြွတဲ့အသံနဲ့ ပြောလိုက်တယ်ဆိုပါတော့....
ဝန်ထမ်းစိတ်ထဲမှာ ''ဒါ ငါ့ကိုချီးကျူးတာပဲ၊ ငါ့ကို သူကျေးဇူးတင်နေတာ'' လို့ တွေးမိမှာပါ။
သူဌေးပြောလိုက်တဲ့စကားထဲမှာ ကျေးဇူးတင်ပါတယ် လို့မပါဘူးနော် ''တော်တယ်'' လို့ပဲ ချီးကျူးလိုက်တာ။
တစ်ဖက်ကပြောလိုက်တဲ့စကားက ''တော်တယ်''
တစ်ဖက်က လက်ခံလိုက်တဲ့စကားဟာ ''သူ ငါ့ကို ကျေးဇူးတင်နေတယ်''

ပါးစပ်က အဆင်ပြေပါတယ် ပြောပေမယ့်လို့
အသံမှာ တက်ကြွမှုမပါတဲ့အခါ
''အဆင်မပြေသေးဘူး'' ဆိုတဲ့ အဓိပ္ပာယ် ကို ဆောင်ပါတယ်။
ဒီလိုဖြစ်တာ ဘာကြောင့်လို့ သင်ထင်ပါသလဲ?
အသံအနိမ့်အမြင့်ကြောင့်ပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် ပြောတာပေါ့ ''လူတွေဟာ ပြောလိုက်တဲ့စကားရဲ့ 7% ကိုသာ လက်ခံရရှိပါတယ်'' လို့။
ဒါဆို ပြောလိုက်တဲ့စကားရဲ့ အသံအနိမ့်အမြင့်က ဘယ်လောက်ရာခိုင်နှုန်းလို့ သင်ထင်ပါသလဲ?
အဖြေကတော့ 38% ပါတဲ့။
ဒါဆို ကျန်တဲ့ရာခိုင်နှုန်းတွေ ဘယ်ရောက်သွားပါလိမ့်?
ဟုတ်ကဲ့ ကျန်တဲ့ရာခိုင်နှုန်းတွေက body language ပဲဖြစ်ပါတယ်။ တကယ့် တကယ့်ကို အရေးအကြီးဆုံးအပိုင်းပေါ့။
55% တောင်မှ နေရာယူထားတာကတော့ body language ပါပဲ။
image
Image Source > Research Summary

''ကျေးဇူးတင်ပါတယ် '' ဆိုတဲ့စကားကိုပဲ ဥပမာ ပေးပါ့မယ်။
ခေါင်းကိုမော့ ရင်ကိုကော့ပီး အထင်သေးတဲ့ အကြည့်နဲ့ ''ကျေးဇူးတင်ပါတယ်'' လို့ပြောကြည့်ပါ။ ဒီလိုနည်းအားဖြင့် သင်တကယ်သူ့ကို ကျေးဇူးမတင်ဘူး လို့ ပြောလိုက်တာနဲ့အတူတူပါပဲ။

ဟုတ်ကဲ့ ဒီလောက်ဆို body language ရဲ့အရေးပါပုံကို သိလောက်ပီပေါ့နော် ။

body language ရဲ့ အရေးပါပုံကို
ဖော်ပြပြီးနောက် တစ်ဆက်တည်းမှာပဲ မိမိရဲ့ ခန္ဓာကိုယ်ဟာ ပိန်သလား၊ ဝသလား တွက်ချက်နည်းကို ဖော်ပြပေးချင်ပါသေးတယ်။
ပိန်တာ ဝတာ နဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေရဲ့ ပြောစကားကို မယုံပါနဲ့။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း အချင်းချင်း
တွေ့ဆုံကြတဲ့အခါ
'' ဟယ် နင် ဝလာ လိုက်တာနော်''

''နင် ပိန်သွားတယ် ''
စသဖြင့် ဝေဖန်ခံရလေ့ရှိပါတယ်။
ပိန်တာနဲ့ ဝတာ
ဒီနှစ်မျိုးပဲ ရှိတာကို
တစ်ယောက်က ''နင် ဝလာတယ်''
နောက်တစ်ယောက်က '' နင် ပိန်သွားတယ်''
ပြောတဲ့အခါမျိုးမှာ သင့်အနေနဲ့
ဲ့ ''ဘယ်သူ့ပြောစကားက အမှန်ပါလိမ့်'' ဆိုပြီး ဒွိဟ ဖြစ်မိတာမျိုးတွေ ကြုံဖူးကြမှာပါ။
နိုင်ငံတကာမှာတော့ ခန္ဓာကိုယ်အချိုးအစားကို
ို BMI(body mass index) နဲ့ပဲ တွက်ချက်လေ့ရှိပါတယ်။
body weight ထိန်းဖို့ အစားအသောက်ကိုလည်း ကယ်လိုရီနဲ့ပဲ တွက်ချက်စားသောက်လေ့ရှိပါတယ်။

BMI တွက်ချက်နည်း
တွက်နည်းလေးကတော့ ရိုးရှင်းလွယ်ကူလှပါတယ်။
ပထမဦးစွာ မိမိခန္ဓာကိုယ်အလေးချိန်ကို သိရှိရန် ပေါင်ချိန်စက်ဖြင့် ချိန်ပါ။ ရလာသော အလေးချိန်ကို 703 ဖြင့်မြှောက်ပါ။
ရရှိလာတဲ့အဖြေကို မိမိရဲ့အရပ်အမြင့်(လက်မ)ဖြင့်စားပါ၊
ထိုရရှိလာသောအဖြေကို နောက်တစ်ကြိမ် မိမိရဲ့အရပ်အမြင့်(လက်မ) ဖြင့် ထပ်စားပါ။ ထွက်ရှိလာတဲ့ ကိန်းဂဏန်းလေးနှစ်လုံးဟာ သင့်ရဲ့ BMI ပဲဖြစ်ပါတယ်။

ကဲ....အတူတူ တွက်ကြည့်ပြီးရင် အဖြေတိုက်ကြည့်ရအောင်နော်😁

BMI 20နဲ့ 25 ကြား = အနေတော်ကိုယ်လုံးပိုင်ရှင်။
BMI 26 နဲ့ 30 ကြား = ဝသော ခန္ဓာကိုယ်ပိုင်ရှင်။
BMI 30 နှင့်အထက် = အဝလွန်သော ခန္ဓာကိုယ်ပိုင်ရှင်။

ကောင်းနိုးရာရာ ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမည်။

Thank You,
@honeysara
MSC 040

Sort:  

သြော် ကိုယ်တေက 20နဲ့25 ကြားရောက်နေတာပါလားကွယ် ဟိ။

ဟုတ်လို့လား😛

အဟေးဟေး မှန်ကြည့်
ပြီးပြောကြည့်အုံးမှ 😁

hee hee

Body language အ​ရေးပါပုံ သိပါပြီအမ

လာ အားပေးသွားတာ ကျေးဇူး

ဗဟုသုတရစေပါသည်

thanks

ဟင့်အင် တွက်ဘူး . . .ကိုယ်ဝ တာကိုယ်အတိအကျ အသေအချာသိသွားမှာစိုးလို့

အော်, အဲ့ဂလို 😂

အံ့ဖွယ် ဗဟုသုတများပါပဲဗျာ။

ဟုတ်ကဲ့

ဟိုက်! ပြန်စစ်ပြီ ကိုယ်ဘယ်လိုဆိုတာပေါ့ဗျာ

ဟိ

အမေကတော့ ပြောတာပဲ ဦးဇင်းပိန်သွားတယ်တဲ့ ဦးဇင်းကတော့ ဝလွန်းလို့ စိတ်ညစ်နေတာ

ဦးဇင်းအရင်ကလောက်မဝတော့လို့ ပိန်သွားတယ်ပြောတာထင်တယ်😁

body languageအကြောင်း မှတ်သားရပါတယ် ညီမရေ

ဟုတ်

Coin Marketplace

STEEM 0.16
TRX 0.14
JST 0.028
BTC 59117.70
ETH 2597.31
USDT 1.00
SBD 2.43