Galaxy Tab A 8 (2017) Review

in #myanmar7 years ago (edited)

Galaxy Tab A 8 (2017) ရဲ့
မျက်​နှာပြင်​အကျယ်​က ၈ လက်​မ ရှိတဲ့အတွက် စာဖတ်​၀ါသနာပါတဲ့ လူငယ်​​လေး​တွေ၊ ဂိမ်းကစားရတာနှစ်​သက်​တဲ့ သားသားမီးမီး​လေး​တွေအတွက်​ အထူးသင့်​​တော်​ပါတယ်​။ မျက်​နှာပြင်​ကျယ်​တဲ့အတွက်​ ဗီဒီယို ကြည့်​တဲ့အခါ
TV Screen မှာကြည့်​​နေရသလို ခံစားရ​စေမှာပါ။
Battery အားကလည်း 5000mAh ရှိတဲ့အတွက်​ ရုပ်​ရှင်​ဇာတ်​ကား​ကောင်း​တွေကို အချိန်​အကြာကြီး ကြည့်​ရှုနိုင်​ပြီ​ပေါ့။
ဇာတ်​လမ်း​ကောင်းခန်း​ရောက်​​နေမှ ဘတ်​ထရီအားနည်းလာလို့
ပလပ်​​ပေါက်​ကို​ပြေးပြီး ဖုန်းအားသွင်းပြီး ထိုင်​​စောင့်​ရတဲ့ ဒုက္ခက ကင်း​ဝေးပြီ​လေ။ 13 နာရီကြာ ဗီဒီယိုကား​ကောင်း​တွေကြည့်​ရှုနိုက်​မယ်​လို့ samsung company ကဆိုပါတယ်​။
ဖုန်း​သေး​သေး​လေးနဲ့ဆို တစ်​​ယောက်​တည်းဇာတ်​ကားကြည့်​ရမှာ ပျင်းစရာကြီး​နော်​။ ၈လက်​မမျက်​နှာပြင်​ဆို​တော့ တက်​ဘလက်​ကို စားပွဲခုံ​ပေါ်မှာ​ထောင်​ထားပြီး မိသားစုနဲ့ အတူတူကြည့်​လို့ရပြီ​ပေါ့ဗျာ။ ဟာသကား​တွေကြည့်​ပြီး အတူတူရယ်​​မောကြမလား၊ သရဲကား​တွေအတူထိုင်​ကြည့်​ပြီး သံပြိုင်​အတူတူ​အော်​ကြမလား၊
မျက်​နှာပြင်​ကကြီး​တော့ သရဲကားဆိုပို​ကြောက်​ဖို့​ကောင်းမယ်​​နော့။
အရင်​ကထုတ်​ခဲ့သမျှ Tablet ​တွေထက်​ 20% ပိုပြီး​တော့ အလင်း​အား​ကောင်းပြီး ​တောက်​ပ​အောင်​ ဆန်းသစ်​ထားတယ်​လို့ samsung page မှာ တရားဝင်​​ဖော်​ပြထားပါတယ်​။

samsung-galaxy-tab-a8-feature.jpg
Image Source

Design ပိုင်းက​တော့ မြင်​ရုံနဲ့တင်​ ​ကြွေ​လောက်​ပါတယ်​ဗျာ ။
Version ကလည်း ​နောက်​ဆုံး version ဗျာ
Android OS အ​နေနဲ့
Android 7.1 (Nougat) ကိုသုံးထားတယ်​။Ram 2GB,Internal memory က 16GB ၊
SD card စိုက်​ပြီး 256GB ထိထပ်​တိုးလို့ရတယ်​။
တခြား tablet ​တွေနဲ့မတူ ထူးခြားတဲ့အချက်​က​တော့ Samsung Tab A(2017)ကို အားသွင်းထားတဲ့အချိန်​မှာ ​နေ့ရက်​၊အချိန်​၊ မိုး​လေ၀သခန့်​မှန်းချက်​​တွေဟာ ဖုန်းရဲ့မျက်​နှာပြင်​မှာ ​ပေါ်​နေမှာပါ။
Samsung-Galaxy-Tab-A-2017-02.jpeg
Image Source

Tablet ဖြစ်​​နေလို့ ဓာတ်​ပုံရိုက်​ရတာ အဆင်​မ​ပြေနိုင်​ဘူးလို့​တော့မထင်​လိုက်​ပါနဲ့။ floating shutter button စနစ်​ကို သုံးထားတဲ့အတွက်​ camera ခလုတ်​ကို မိမိကြိုက်​နှစ်​သက်​တဲ့​နေရာကို ​ရွေ့ပြီးသုံးလို့ရပါတယ်​။ ဆိုလိုတာက မိမိလက်​မနဲ့ အနီးဆုံး​နေရာကို ခလုတ်​ကို​ရွေ့လိုက်​ပါ ပြီးရင်​ အလှဆုံးပြုံးထားပြီး ခလုတ်​​​နေရာကို လက်​မ​လေးထိလိုက်​တာနဲ့ အလွယ်​တကူ
Selfie ဆွဲလို့ရပါပြီ။
8MP နဲ့ Flash မီးပါတဲ့အတွက်​ အလင်းအားနည်းတဲ့ ညဘက်​အချိန်​​တွေမှာ ရိုက်​ကူးရင်​​တောင်​ ​တောက်​ပကြည်​လင်​တဲ့ photo ကိုပိုင်​ဆိုင်​နိုင်​ပါတယ်​။
TabA-banner6-d.jpg
Image Source

Blue Light Filter ပါတဲ့အတွက်​ ညအချိန်​အိပ်​ခါနီး လိုင်းမသုံးရ မ​နေနိုင်​တဲ့ ကိုကို၊ မမ ​တွေအတွက်​ အထူးသင့်​​တော်​ပါတယ်​။
တစ်​ချို့သူ​တွေရှိတယ်​ဗျ၊ facebook ​လေး ၅မိနစ်​​လောက်​သုံးလိုက်​ပါဦးမယ်​ ဆိုပြီး အင်​တာနက်​လိုင်း​လေးဖွင့်​ "အိပ်​​တော့မယ်​၊ good night" ဆိုတဲ့စာ​လေးတစ်​​ကြောင်းတင်​၊ သတင်း​လေးနည်းနည်းပါးပါးဖတ်​ရင်း မျက်​လုံးကအိပ်​ချင်​​နေတဲ့စိတ်​က​လေး​ပျောက်​သွားတယ်​။ ဒီလိုနဲ့ ညဥ့်​နက်​မှ အိပ်​ဖြစ်​​တော့တယ်​။ ဟုတ်​တယ်​ဟုတ်​။ အဲဒီလို အိပ်​ချင်​စိတ်​​ပျောက်​ရတာ ဖုန်းမျက်​နှာပြင်​က​ဖြာထွက်​လာတဲ့ Blue Light ​တွေ​ကြောင့်​ဗျ။ blue light ​filter ပါတဲ့အတွက်​ အိပ်​ခါနီးဖုန်းသုံးထားရင်​​တောင်​ ညဘက်​နှစ်​နှစ်​ချိုက်​ချိုက်​ အိပ်​​ပျော်​​စေမှာပါ။
2017-10-21-16-00-21-184923703(1).jpg
Image Source

Kids Mood လဲပါတယ်​ဗျ။ Samsung model မြင့်​ဖုန်းအများစုမှာ Kids Mood ပါ​လေ့ရှိ​ပေမယ့်​၊ အများစုက သတိမထားမိကြဘူးဗျ။ Kids Mood သုံးနည်း​လေးကျွန်​​တော်​ရှင်းပြပါ့မယ်​။ Kids Mood ထဲမှာ က​လေးငယ်​​လေး​တွေအကြိုက်​ ဂိမ်း​လေး​တွေပါမယ်​၊ ​ဆေး​ရောင်​ခြယ်​တာ​လေး​တွေ၊ ပန်းချီဆွဲတာ​လေး​တွေ၊ က​လေးအရွယ်​ကြည့်​သင့်​တဲ့ ဗီဒီယို​လေး​တွေ...
စသဖြင့်​အစုံပါမယ်​။
Kids Mood ထဲက ဂိမ်း​လေး​တွေ​ပေး​ဆော့ရင်​ က​လေးက kids mood ကလွဲပြီး တခြား apps ​တွေဝင်​လို့မရတဲ့အတွက်​ ကိုယ့်​အတွက်​ အရမ်းအဆင်​​ပြေတယ်​။
နောက်​ပြီး ကိုယ့်​က​လေး ဘာဂိမ်း​လေး​တွေ​ဆော့ထားလဲ၊ ဘယ်​လိုပန်ချီ​လေး​တွေဆွဲထားလဲ၊
ဘယ်​လိုကာတွန်းကား​လေး​တွေကြည့်​ထားလဲဆိုတာ ပြန်​ကြည့်​လို့ရတဲ့အတွက်​ ကိုယ့်​က​လေးရဲ့ အကြိုက်​ကို အလွယ်​တကူသိနိုင်​ပါတယ်​။ ဥပမာ- kids mood ထဲမှာ ပန်းချီ​လေး​တွေဆွဲထားရင်​ ကိုယ့်​က​လေးပန်းချီဝါသနာပါ​ကြောင်း အလွယ်​တကူသိနိုင်​ပါတယ်​။ timer ​ပေးထားလို့လဲရပါတယ်​။ ဂိမ်း​ဆော့ချိန်​တစ်​နာရီဆိုပြီး timer သာ​ပေးထားလိုက်​ အချိန်​ပြည့်​ရင်​ ​ဆော့ချင်​လဲဆက်​​ဆော့လို့မရ​တော့တဲ့အတွက်​ က​လေးက ဖုန်းကို အလွယ်​တကူ ပြန်​​ပေးပါလိမ့်​မယ်​။
ခု​ခေတ်​က​လေး​တွေက သိတဲ့အတိုင်း ဂိမ်းဆိုအရမ်း​ဆော့ကြတယ်​။ မိဘ​တွေကလည်း သိ​တော့ "စာကျက်​၊ စာတစ်ပုဒ်​ရရင်​ ဂိမ်းတစ်​ပွဲ​ဆော့ခိုင်းမယ်​" လို့ အ​ပေးအယူလုပ်​ကြရတယ်​။ ဒီလိုလုပ်​မှပဲ ဒင်းတို့​လေး​တွေ စာကျက်​ကြမယ်​​လေ။
စာလဲကျက်​ပြီး​ရော ဖုန်း​လေးခန​ဆော့ခိုင်းလိုက်​ပါတယ်​၊ လက်​ကမချ​တော့ဘူး ဒင်းတို့​လေး​တွေက။ ​နောက်​ပြီး ဒင်းတို့​လေး​တွေက ​လျှောက်​ပြီး လက်​ကမြင်းလိုက်​ရင်​ အ​ရေးကြီးတဲ့ ဖိုင်​​တွေ၊ ဖုန်းနံပါတ်​​တွေ၊ ဓာတ်​ပုံ​တွေ အကုန်​ပျက်​ကုန်​​ရော၊ ဆူလိုက်​ရင်​လည်း အာပြဲကြီးနဲ့ ထငို​တော့ ကိုယ်​​တွေပဲပြန်​​ချော့ရတယ်​။
ဒီလို ဒုက္ခ​လေး​တွေ ကင်း​ဝေးရ​အောင်​ kids mood ကိုသာသုံးကြဖို့ ​အကြံ​ပေးပါရ​စေ။
ဈေး နှုန်းက​တော့ 343,000mmk ပါတဲ့ဗျာ။

samsung-kids(1).webp
Image Source
Galaxy Tab A 8 (2017) နှင့်​ပတ်​သက်​၍
ကျွန်​​တော်​​လေ့လာထားသ​လောက်​ ​ဝေမျှ​ပေးခြင်းဖြစ်​ပါသည်​။
မြန်​မာစတီးမစ်​အဖွဲ့သားများအားလုံး ကျန်းမာ ချမ်းသာကြပါ​စေ။

Written By
@honeysara
MSC-040

Source- samsung.com

Sort:  

ကြိုက်သွားပါပြီ
ဝယ်သုံးဖို့ငွေပဲလိုတော့တယ်ဗျာ

ကျေးဇူးပါ ☺

@cryptohustlin has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Steemit ကရ​တဲ့​ငွေ​လေးနဲ့စုပြီးဝယ်​မယ်​😁😁😁😁

Good idea ...😃😃

😊😊😊😊

😊😇👍👍

မဝယ်နိုင်ပေမဲ့
သရေကျလိုက်သည်

ကျွန်​​တော်​လည်း သ​ရေကျပြီး ​ရေးထားတာ 😂😂

Thanks sis lay 😊

ကျနော့်ကိုလည်း volt cmt လေး ပေကြပါအုံးဗျာ....အကိုအရေးသား ကောင်းတယ်

လိုင်းမ​ကောင်းလို့ အခုမှ vote and comment ​ပေးလိုက်​ပါပြီ bro​ရေ၊ fighting.

Thanks for sharing.

Thank you too.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64364.24
ETH 3416.30
USDT 1.00
SBD 2.48