Boosters Review (part 2)
Smartsteem
Smartsteem ကတော့ booster အကြီးစားဖြစ်ရုံသာမက ကိုယ့်မှာရှိတဲ့ Steem power တွေကိုလည်းရင်းနှီးမြှုပ်နှံနိုင်မဲ့ booster တစ်ယောက်ဖြစ်ပါတယ်။
ဒါ့အပြင်
သင့်ရဲ့ အသုံးမပြုဖြစ်ဘဲ ပိုနေတဲ့ တန်ဖိုးရှိလှတဲ့ upvote တွေကို Smartsteem မှာ ရောင်းစားနိုင်ပါတယ်။
https://smartsteem.com/
menu ထဲမှာရှိတဲ့ ''sell votes'' ကိုနှိပ်ပါ။
Smartsteem ကသင့်ရဲ့ upvote ကိုသင့်ကိုယ်စားရောင်းချပေးပါလိမ့်မယ်။ ပြီးတော့ နှစ်ရက်ခြားတစ်ခါ သင့်upvote ရောင်းရငွေကို သင့်ဆီပို့်ပေးပါလိမ့်မယ်။
Booster အကြီးစားဆိုတဲ့အတိုင်း 5sbd/steem to 100sbd/steem ထိပေးပို့ကာ upvote ရယူနိုင်မှာဖြစ်ပါတယ်။အရမ်းActive ဖြစ်တဲ့ booster တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့အပြင်အသုံးများတဲ့booster တစ်ယောက်ဆိုလည်းမမှားနိုင်ပါဘူး။ကိုယ်မှာရှိတဲ့ steem power(sp) တွေကိုလည်းရင်းနှီးမြှုပ်နှံတဲ့အခါ 20 steem power ကနေစ၍ရင်းနှီးလို့ရမှာဖြစ်ပါတယ်။ကိုယ်က 20 steem ရင်းနှီးထားလျှင် တစ်ရက်ကို 0.007 steem ဘာမှမလုပ်ပဲရမှာဖြစ်ပါတယ်။ ကိုယ့်မှာ 10000 လောက်ရှိနေရင်တော့သာသာယာယာဝင် claimနေရုံပဲ။smartsteem မှာ 10000 steem power ရင်းနှီးထားမယ်ဆိုရင် တစ်ရက်ကို 3.331 steem ရရှိမှာဖြစ်တဲ့အတွက် ခုလိုဈေးကျနေတဲ့အချိန်တွေမှာတောင် တစ်ရက်ကို USD 3$ ခန့် မြန်မာငွေ 5000ခန့်က ဘာမှအလုပ်လုပ်စရာမလိုပဲ အသာလေးဝင်နေမှာဖြစ်ပါတယ်။ဈေးတက်တဲ့အချိန် 2018 ဇန်နဝါရီတုန်းကလိုဈေးမျိုးနဲ့ဆို 1 steem = 7$ လောက်ပေါက်တုန်းကလိုဆိုရင် usd 23 $ ခန့် မြန်မာငွေ 35000 လောက်ဝင်နေမှာဖြစ်ပါတယ်။ခုချိန်မှာအပြင်မှာအလုပ်လုပ်တဲ့ဝန်ထမ်း တစ်နေ့ကိုဘယ်သူမှ 35000 မဝင်ကြပါဘူး။ ကိုယ်လုပ်ရင်လုပ်သလောက်အကျိုးအမြတ်ဖြစ်ထွန်းစေမယ့် booster ကောင်းတစ်ယောက်ပါ။
Image Source> TheCryptoDB
Postpromoter
သူကလည်း booster အကြီးစားတစ်ယောက်ပါပဲ။boostဖို့အတွက် 5sbd/steem to 100sbd/steem ထိပို့ပြီး upvote ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Postpromoterရဲ့ 100% voting ကတော့ $160 ခန့်ရှိတဲ့အတွက်လုံလောက်တဲ့ steem power (sp) ရှိနေတယ်ဆိုတာတော့ပြောစရာမလိုလောက်တော့ပါဘူး။voting power ကိုလဲထိန်းညှိပြီိးပေးတဲ့အတွက်ကိုယ်ပေးသလောက်ပြန်ရမဲ့ ရာခိုင်နှုန်းအတွက်လျော့မှာစိတ်ပူစရာမလိုတော့ပါဘူး။ကိုယ upvote လုပ်မဲ့ post ကတော့ 20mins အထက်ရှိရမှာဖြစ်ပြီး 3.5 days ထက်ကျော်လွန်လို့တော့ရမှာမဟုတ်ပါဘူး။booster တွေကိုပို့တဲ့အခါတစ်ခါတစ်လေအမှုမဲ့အမှတ်မဲ့ဖြစ်တတ်တဲ့အရာလေးတွေပါ။
Image Source>
https://goo.gl/images/NU16hf
Boomerang
အသေးစားလည်းမဟုတ်သလို အကြီးစားလည်းမဟုတ်တဲ့ အသင့်အတင်အသုံးပြုလို့ရမဲ့ booster လေးကတော့ Boomerangပဲဖြစ်ပါတယ်။ 1.5 sbd/steem ပေးကာ upvoteပြုလုပ်နိုင်မှာဖြစ်ပြီး အများကြီးလဲမသုံးချင်သူတွေအတွက်လည်းအဆင်ပြေသလို ခုမှတက်ခါစ newbies များအတွက်လည်းသင့်တင့်တဲ့ပမာဏလို့ဆိုလို့ရမှာဖြစ်ပါတယ်။booster တွေတစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားတဲ့အချိန်ကာလကတော့မတူညီကြပါဘူး။Boomerangကတော့ ကိုယ့်ပိုစ်တင်တင်ချင်း boost လိုရတဲ့အပြင် 2.5 days ထက်တော့အကျော်မခံပါဘူး။ဒီဘူစတာလေးကတော့အလတ်တန်းစားထဲမှာသင့်တင့်တဲ့ booster ကောင်းတစ်ယောက်ဖြစ်ပါတယ်။
boomerang နဲ့ပတ်သတ်လို့သတိထားမိတာလေးတစ်ခု ကြုံတုန်းပြောပါရစေ။ အဲ့ဒါကတော့ တခြား ဘုစတာတွေထက်စာရင် သူက မကြာခဏ node error တက်လေ့ရှိပါတယ်။ သူ error တက်တိုင်း တစ်ခါတစ်လေ သူ့ဆီပို့ထားတဲ့ sbd ကိုပြန်ပို့်ပေးလေ့ရှိပါတယ်။ တစ်ခါတစ်လေတော့ပြန်မပို့ပေးဘဲ error အတိုင်းပဲလာပီး ဘုတ်ပေးပါတယ်။ အမှားကောင်းလို့ဆိုရမလားပဲ
သူ error တက်ပီဆို boost တန်ဖိုး၃ဆပြန်ရတဲ့အတွက် အရမ်းပျော်ပါတယ် 😁။ (1.5 ပို့ထားရင် 4.5 ပြန်ရသည်။)
Sneaky ninja
ဓားကြီးကိုင်ထားတဲ့ စနစ်ကီကိုတော့ အားလုံးသိပီးသားဖြစ်မှာပါ။
ဘူစတာအများစုကတော့ အလွန်ဆုံး 3.5 days လောက်ထိပဲ Max Age ပေးတတ်ကြတာပါ။Sneaky ninjaကတော့တန်လွန်းတယ်ပြောလို့ရမယ်။ဈေးအတက်အကျအခြေအနေပေါ်ကစားပြီးကိုယ့်အမြတ်ကိုချိန်တွယ်လို့ရအောင် 6days ထိပေးထားတဲ့အတွက်မြတ်လဲအေးဆေး၊ရှုံးလဲသိပ်မရှုံးတော့တာပေါ့။Sneaky ninjaကိုတော့ 0.5 sbd ပေးပို့ကာ upvoteပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဘူစတာအသေးစားသာသာရှိတဲ့အတွက်2 sbd ထက်တော့ပိုမပို့သင့်ပါဘူး။ပါဝ်ါနည်းနေတဲ့အချိန်နဲ့တွေ့ကြုံလာခဲ့ရင်အရှုံးပေါ်နိုင်ပါတယ်။သူ့ရဲ့ voting max ကလည်း 16$ ရှိတဲ့အတွက်အလွန်အကျွံပို့ခြင်းမှရှောင်ရှားစေလိုပါတယ်။
့ sneaky ကို steem ဈေး တက်ရိပ်ပြတဲ့အချိန်မှာ အဓိက သုံးစေချင်ပါတယ်။ steem ဈေးတက်နေတဲ့အချိန် ကိုယ့်မှာလည်း 5day, 6 day ago က ပိုစ့်တွေရှိတဲ့အချိန် sneaky ကိုသာသုံးလိုက်ပါက သေချာပေါက် အမြတ်ရနိုင်ပါလိမ့်မည်။
အခုလို ကျမရေးထားတဲ့ review ကို အစအဆုံးဖတ်ပေးသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
@honeysara
MSC - 040
sneaky-ninja ကတော့ အမြဲ boot ဖြစ်တယ် ဒါပေမဲ့ ဈေးကျပြီးနောက်ပိုင်း ရှုံးပဲရှုံးနေလို့  မboot ရဲတော့ဘူးခွယ်
ရှုးံလိုက်မြတ်လိုက်
သံသရာလည်နေတာ😁
ဗဟုသုတရတယ်အေ
sbd တွေတော့စိတ်နာလို့ အကုန်ပါဝါအပ်ပလိုက်တယ်
ရသလောက်ပါဝါအပ်တာလဲကောင်းတာပါပဲ😁
resteemထားလိုက်ပြီ ညယ်မရေ
သိုင်းကျူးမမစု
Bot တွေတောင် မေ့နေပီ ဂီဂီရေ😁 ပြန်စရမလားဟင်
ဟုတ် မိနောင်းကိုပဲအားပေးတယ်မမ
sneaky ပဲ အမြဲသုံးတယ်
Sneaky လေးက အဆင်ပြေတယ်😊
ခုလိုပြောပြလို့ကျေးဇူးပါ...ဗဟုသုတရပါတယ်....
arr pay loh kyae zuu par.
အယ် boosterမလုပ်တာတောင်ကြာပေါ့
😳😳
မရောင်းရဲပါဖုလေ ထုတ်ခံလိုက်ရ ဘယ်နှာလုပ်မလဲ ☺☺☺
ဟားး
😂😂
Thanks for sharing
Thank you too.
အခုလို အသေးစိတ် ရှင်း ပြပေးတဲ့အတွက် ကျေးဇူးပါ ဗျာ။
hoke kae, ko ma haw