သိသိသာသာ- မသိမသာ

in #myanmar7 years ago (edited)

မင်္ဂလာပါ
ကျွန်မတို့လူသားများသည် နှုတ်မှအသံထွက်ကာ ​​​​စကား​ပြောကြတယ်​၊​ ပြောတဲ့စကားလုံ​တွေဟာ ထိမိ​လေးနက်​​တဲ့အဓိပ္ပါယ်​​တွေနဲ့ပြည့်​နှက်​​နေပါတယ်​။
ဒီ​နေ့မှာ​တော့ "သိသိသာသာ " "မသိမသာ " ဆိုတဲ့စကားလုံး​တွေရဲ့အဓိပ္ပါယ်​​ကို ကျွ န်​မ သိသလောက်​​ပြောပြချင်​တာပါ။
လူ​တွေ​ပြောကြတယ်​ ပုံမှန်​အ​နေ အထားထက်​​ကျော်​လွန်​သွားရင်​သိသိသာသာ ဆိုတဲ့အသုံးကို​ပြောတတ်​ကြပါတယ်​။ "သိသိသာသာ" ဆိုတဲ့အသုံးမှာ လူ​တွေ အချင်းချင်းစကား​ပြောကြမယ်​ သူများထက်​ ကိုယ်​က သိတယ်​ တတ်​တယ်​ ​တောာ်​တယ်​ ဆိုရင်​ ထိုသူက သူများထက်​ သာသွားသွားတယ်​။ ဘာ့​ကြောင့်​လဲ ထိုသူဟာ သူများတကာ ထက်​ပိုသိလို့ တတ်​လို့ ​တော်​​လို့ သာသွားတာ​ပေါ့။
ထို့​ကြောင့်​ - သိ​တော့ သာတယ်​ လို့​ပြောကြတာပါ။
အလုပ်​တစ်​ခု သို့မဟုတ်​ ဘာပဲ လုပ်​လုပ်​​ပေါ့ လူချင်းယှဉ်​ပြီး
ို့ ​ပြောမယ်​ လုပ်​မယ်​ ဆိုရင်​ ဘာမျှမသိနားမလည်​ မတတ်​တဲ့သူသည်​ ​သူများနှင့်​ယှဉ်​ပြိုင်​လျှင်​နှိင်​မည်​မဟုတ်​​သော​ကြောင့်​အ​ရေးလည်း မသာနှိင်​​ချေ။ ဥပမာ​ပြေရ လျှင်​ ​သေ​နေ​သော သူ​သေ​ကောင်​ကြီး၏ ​ဘေးမှာထိုင်​ပြီး သိ​အောင်​တတ်​​အောင်​ ဘာ​တွေသင်​​ပေးသင်း​ပေး ဘာပဲ​ပြော​ပြော ဘာပဲ လုပ်​လုပ်​ ထိုသူ​သေ​ကောင်​ကြီးသည်​ ဘာတစ်​ခုမျှ သိနှိင်​မည်​မဟုတ်​​ပေ။ ထို့​ကြောင့်​ ဘာမျှမသိလျှင်​​တော့ လူ​သေ​ကောင်​ကြီး(မသာ) ပါပဲ။
ကျွန်​မ ချစ်​ခင်​ရပါ​သော မိဘ သူငယ်​ချင်း မိတ်​​ဆွေ အားလုံးတို့သည်​လည်း ဘဝတွင်​​ကောင်း​သောလုပ်​ရပ်​များကို ​ဖော်​​ဆောင်​၍ တိုးတတ်​မြင့်​မား​သော ဘဝများကို လက်​ဝယ်​ပိုင်​ဆိုင်​ သိ-သာ နှိင်​ကြပါ​စေ။😊
image

Sort:  

အရေးအသားကောင်းပါတယ်ဗျ ညီမရေ ကြိုးစားထား

ဟုတ်​ကဲ့ ​ကျေးဇူးပါ

အားပေးပါတယ်

Good post

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65771.81
ETH 3174.77
USDT 1.00
SBD 2.61