The Kookie Thief

in #myanmar6 years ago (edited)

တစ်​​နေ့ ​လေဆိပ်​မှာအမျိုးသမီးတစ်​​ယောက်​​လေယာဉ် ​စောင့်​​နေသည်​။
သူမ စီးရမည့်​​လေယာဉ်​က သုံးနာရီ​လောက်​ ​စောင့်​ရဦးမည်​။ ထို့​ကြောင့်​ သူမသည်​ ကွပ်​ကီး တစ်​ထုပ်​ကို ဝယ်​ပြီး စာအုပ်​ တစ်​အုပ်​ရှာကာ စာဖတ်​​နေခဲ့သည်​။
စာအုပ်​ကို သဲသဲမဲမဲ ဖတ်​​နေရင်းက​နေ သူမူတစ်​ခုကို သတိရလာသည်​။
ကြည့်​စမ်း။ သူမ​ဘးမှလူတစ်​ယာက်သည် ကွပ်ကီး ထုပ်ထဲမှ ကွပ်ကီးနှစ်ခုသုံးခုနိုက်စာ​​နေသည်ကို​​ တွေ့သည်။ မ​ပြောချင်​​သော​ကြောင့်​ မသိချင်​​ယောင်​​ဆောင်​​နေလိုက်​သည်​။
သူမ စာဆက်​ဖတ်​သည်​။ ကွပ်​ကီး ကိုလည်းစားသည်​။ မကြာခဏ နာရီ ကိုလည်းကြည့်​ရသည်​။အတင့်ရဲ့လှသည့် ​​ကွပ်​ကီးသူခိုး​ကြောင့်​ သူမ​၏ကွပ်​ကီးထုပ်​သည်​ ကုန်​ကာလုနီးပါးဖြစ်​လာသည်​။စိတ်​ကလည်းတိုသထက်​တိုလာသည်​။ "အင်း ငါလိုသ​ဘော​ကောင်းတဲ့သူမို့ငါ​ပေါ့ နို့မို့ဆိုလျင်​ မျက်နှာကို ပစ်​ထိုးမိမှာ" ဟုသူမစိတ်​ထဲ ကြိတ်​ရေရွတ်​​သည်​။
သူမစိတ်​ထဲဘယ်​လို​နေ​နေ ထိုသူတစ်​နှက်​လျှင်​သူမလည်းတစ်​ခုနိုက်​စားသည်​။ အထုပ်​ထဲ၌ ကွပ်​ကီး တစ်​ခုတည်းကျန်​​တော့သည့်​အခါ ထိုသူသည်​ ရယ်​​မောကာ ကွပ်​ကီး ကိုနှစ်​ပိုင်း​ပိုင်​၍ သူတစ်​ပိုင်းစာ၍ ကျန်​တစ်​ပိုင်းအား သူမအား​ပေးသည်​။အမျိုးသမီးသည်​ ထိုသူ​ပေး​သည့်​တစ်​ပိုင်းကို ဆက်​ကနဲ ဆွဲယူပြီးစဉ်းစားမိသည်​။" ကြည့်​စမ်းပါဦး ဒီလူက ရဲတင်းပြီး ရိုင်းလဲရိုင်း​သေးတယ်​​ကျေးဇူး​တင်​တဲ့အမူအရာ​တောင်​ တစ်​စက်​​လေးမှ ပြ​ဖော်​မရဘူး" ဟု သူမစိတ်​ထဲမှာ ကျိတ်​မနှိင်​ခဲမရ ဖြစ်​​နေမိ​တော့သည်​။လေယာဉ်​ခရီးစဉ်​​ခေါ်ပြီဆို​တော့ ကျွတ်​ပြီ လွတ်​ပြီ စိတ်ထဲ၌​​ပေါ့သွားကာ သက်​ပြင်းချမိသည်​။သူမသည်​ ကွပ်​ကီး နိုက်​စားသည့်​သူအားတစ်​ချက်​မျှပင်​လှည့်​မကြည့်​ပဲ အထုပ်​များကိုသယ်​ကာ ​လေယာဉ်​ထွက်​မည့်​ဂိတ်​သို့ ထွက်​ခွာလာခဲ့သည်​။
လေယာဉ်​​ပေါ်​​ရောက်​သည်​။ထိုင်ခုံ​ပေါ်ထိုင်​ချလိုက်​ပြီး ပြီးကာနီးစာအုပ်​အားဆက်​ဖတ်​ရန်​ အိတ်​ထဲနိုက်​လိုက်​သည်​။ အဲ့သည့်​အခါမှ သူမ အံအားသင့်​ကာ ဟယ်​ကနဲ ဖြစ်​သွား​တော့သည်​။သူမကွပ်​ကီးထုပ်​သည်​ သူမအိတ်​ထဲ၌ပင်​ရှိ​နေပါသည်​။
သူမအကြီးအကျယ်​​နောင်​တရမိ​နေ​တော့သည်​။ပြန်​၍​တောင်းပန်​ရမည်​လည်းမဖြစ်​နှိင်​​တော့​ချေ။ သူက ငါ့ကို စားပါ​စေဆိုပြီး​ပေး​နေတာကို သူမ
စိတ်​မ​ကောင်းခြင်း ကြီးစွာဖြစ်ရ​သည်​။ အခု​တော့သူမသာလျှင်​ ရိုင်း​သော​သောသူ၊သူမသာလျှင်​ သူတစ်​ပါးမုန့်ကိုနိုက်စားသူ၊​​ကွပ်​ကီး သူခိုး။
ဆရာ​ဖေမြင့်
(နှလုံးသားအဟာရ)
image image
Photo credit google image

Sort:  

အားပေးနေပါတယ် အစ်မ

copy ကူးထားတာဟုတ်ဘူးနော်com ကို အစ ကbroထင်နေတာမို့ ဆောတီးအစ်မ

စားချင်တယ် နဲနျဲေး😁

good post

video ကြည့်ဖူးတယ် တကယ်ပညာရစေပါတယ်

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 68279.01
ETH 3694.74
USDT 1.00
SBD 3.65