Smile 😊😊😊

in #myanmar6 years ago (edited)

အပြုံးတစ်​ခုဟာ လူတစ်​​ယောက်​ရဲ့မျက်​နှာကို​ပြောင်းလဲသွား​စေပါတယ်​။
လူ​တွေက အပြုံး​လေး​တွေ နှစ်​သက်​ကြပါတယ်​။
ကျွန်​မတို့ဟာ တူညီတဲ့ပြဿနာ​ပေါ်မှယှာ အကြိမ်​ကြိမ်​ ငိုတယ်​ ။ ပြဿနာ​တွေ​ပေါ်မယ်​ အ​ရေးအ​ကြောင်းကြုံမယ်​ အခက်​အခဲ​တွေရှိမယ်
သို့​သော်​လည်း သင်​ဘယ်​သူပဲဖြစ်​​နေပါ​စေ ထိုအရာ​တွေက ​ရောက်​လာမှာပါပဲ။ လူတစ်​​ယောက်​ကို မီးရို့ သတ်​လိုက်​တယ်​ လူတစ်​​ယောက်​ပဲ​သေတယ်​။ ဒါ​ပေမယ့်​ ကျွန်​မ တို့စိတ်​ထဲမှာ ရှိ​နေတဲ့စိုးရိမ်​စိတ်​က​တော့ လူကို အကြိမ်​ကြိမ်​သက်​​နေပါတယ်​။ဘဝ​တွေ အတိတ်​​ ပစ္စုန်​ပ္ပန်​ ​တွေကို သတ်​တယ်​ ဘဝမှာဘယ်​​တော့မှပြည့်​စုံမူရှိတယ်​လို့ကို မခံစားရဘူး ဖြစ်​ကြပါတယ်​။ ကျွန်​မ တို့ဟာ ပစ္စည်း ဥစ္စာ​တွေကို တအားစွဲလန်းမ​နေသင့်​ပါဘူး။ ဘာ​ကြောင့်​လဲ ဆို​တော့ ကမ္ဘာကြီး က အမြဲ​ပြောင်းလဲ​နေပါတယ်​ ။ကျွန်​မတို့ ဒီ​နေ့တအားစွဲလန်း​ ရူးသွပ်​​နေတဲ့အရာတစ်​ခုဟာ မနက်​ဖြန်​မှာ လုံးဝ​ပြောင်းလဲသွားနှိင်​ပါတယ်​။ မတည်​မြဲတဲ့အရာ​တွေအ​ပေါ် ရူးရူးမိုက်​မိုက်​ တမ်းတ စွဲလန်းပြီး ဆုပ်​ကိုင်​မထားပါနဲ့။ကျွန်မ​​တို့ဟာ ကမ္ဘာ​မြေကြီး​ပေါ်က အရာအားလုံးကို နည်းမျိုးစုံသုံးပြီး ​ဆောင်​ယူအသုံးပြုကြပါတယ်​။ ဘာ​တွေများကျွန်​မတို့ပြန်​​ပေးပြီး ပြီလဲ။ကျွန်​မတို့ဟာ ကမ္ဘာကြီးကို ဘာမျှ ပြန်​မ​ပေးနှိင်​​တောင်​မှ လူသားအချင်းချင်းကို​တော့ ကြည်​လင်​ ရိုးသား ​ဖော်​​ရွေ​ ပြူငှါ​သော အပြုံးတစ်​ခုကို​တော့ ပြန်​​ပေးလိုက်​သင့်​ပါတယ်​။
ထို့​ကြောင့်​ ပြုံးပါ😀😊😄 image
ရိုးသားဖြူစင်​​သော အပြုံးတစ်​ခု လူသားတိုင်းပိုင်​ဆိုင်​နှိင်​ကြပါ​စေ။

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 67659.31
ETH 3802.76
USDT 1.00
SBD 3.75