ခြောက်​​ပေတွင်း

in #myanmar6 years ago (edited)

ပုံပြင်​ ​လေးတစ်​ပုဒ်​​ပြောပြမယ်​​နော်​....
တစ်​ခါက လယ်​ယာ​တွေကို အများကြီး ပိုင်​ဆိုင်​တဲ့ သူ​ဌေးကြီးတစ်​ဦးရှိပါသတဲ့။ အဲ့ဒီ သူ​ဌေးကြီးဆီမှာလည်း အလွန်​စိတ်​ချယုံကြည်​ရတဲ့ အလုပ်​သမားတစ်​ဦးလည်းရှိပါသတဲ့။ တစ်​​နေ​တော့ သူ​ဌေးကြီးက သူရဲ့ 
အလုပ်​သမား​လေးကို​ခေါ်လိုက်​တယ်​။ သူ​ဌေးကြီးက ​ပြောတယ်​ မင်းဟာ ငါယုံကြည်​စိတ်​ချရတဲ့ အလုပ်​သမားတစ်​​ယောက်​လည်းဖြစ်​တယ်
မင်းက ငါ့ဆီမှာလည်းအလုပ်​တာဖြင့်​လည်း ကြာပြီ။ဒါ့​ကြောင့်​မင်းကို​ကျေးဇူးပြန်​ပြုချင်​တယ်​။ ငါ့မှာ လယ်​ဧက များစွာရှိတယ။်​ အဲ့ဒါ မင်းအခု​ပြော​နေတဲ့​နေရာက​နေစပြီး မင်း​ပြေးနှိင်​သ​လောက်​ယူ လို့​ပြောလိုက်​ပါတယ်​။ အဲ့ဒါ နဲ့ အလုပ်​သမား​လေးလည်း လယ်​ယာ​မြေ​တွေ​တွေ သူ​ပြေးနှိင်​သ​လောက်​ရမယ်​ဆို​တော့​ပြေးတာ​ပေါ့။ ​တော်​​တော်​ လှမ်း​တော့သူ့ သူ​ဌေးကို လှည့်​ကြည့်​လိုက်​ နဲပါ​သေးတယ်​ဆိုပြီး​ဆက်​​ပြေးလိုက်​။ ​နော်​ထပ်​ ​တော်​​တော်​​လေး ​ဝေး​တော့ ပြန်​လှည့်​ကြည့်​လိုက်​ နဲပါ​သေးတယ်​ဆိုပြီးဆက်​​ပြေးလိုက်​နဲ့ ​နောက်​ဆုံး​ နဲပါ​သေးတယ်​ဆိုပြီး​ပြေး​နေရင်းနဲ့ အ​မောဆို့ပြီး​သေသွားခဲ့ပါတယ်​။
လောဘကို အ​တောမသတ်​နှိင်​တဲ့ အလုပ်​သမား​လေ ​သေပွဲဝင်​သွားခဲ့ရပြီ။ စိတ်​မ​ကောင်းစရာပါ။
နောက်​ သူ​ဌေးကြီးကကြာ​တော့ ငါ့အလုပ်​သမား​လေးလည်း ​ပြေးလိုက်​တာ ကြာ​ပေါ့။ ကြာလိုက်​တာ ဘယ်​လိုဖြစ်​​နေပါလိမ့်​ ။ဒါနဲ့ သူ​ဌေးကြီးက လိုက်​ကြည့်​တယ်​ ။ ​အော်​ ​တွေ့ပြီ။ သူ​ပြေးရင်းနဲ့ ​သေ သွားတာပဲ။ ငါဖြင့်​စိတ်​မ​ကောင်​လိုက်​တာ။ ငါက မင်းကိုရပါ​စေ လယ်​​မြေ​တွေပိုင်​ဆိုင်​ပါ​စေဆိုပြီး​ပေးတာ ။ မင်းက အခု​တော့ ​ခြောက်​​ပေတွင်း​လောက်​ပဲတန်​တာကိုး ဆိုပြီး သူ​ဌေးကြီးက အဲ့​နေရာမှာပဲ တွင်းတူးပြီးမြုပ်​​ပေးခဲ့ပါတယ်​။
လောကကြီးမှာ ရုပ်​ဝတ္ထု အစိတ်​အပိုင်း​တွေက အကန့်အသတ်​နဲ့ရရှိနှိင်​ကြ​ပေမယ့်​ လူ​တွေရဲ့​လောဘဟာ အ​တောမသတ်​နှိင်​ကြပါ။
ရှိတာ​လေးနဲ့​ တင်းတိမ်​​ရောင့်​ရဲ ​နေမယ်​ဆိုတာ ရှားပါးပါတယ်​။
...မိတ်​​ဆွေ သူငယ်​ချင်း အားလုံး လည်း မ​ကောင်း​သော ​လောဘ​တွေ ကင်း​ဝေးကြပါ​စေ။... image

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 67738.65
ETH 3810.43
USDT 1.00
SBD 3.74