ကလေးနှင့်မှတ်ဥာဏ်steemCreated with Sketch.

in #myanmar6 years ago

Steemitမိသားစုဝင်များအားလုံး မင်္ဂလာပါနော်။ကျေးလက်သုံးအမှတ်အသား အခေါ်အဝေါ်ဖြစ်တယ့် "တစ်ပြူး တစ်လံ ညောင်ကန် ထမ်းပိုး အချိုး"ဆိုသော လင်္ကာလေးကို ရှင်းလင်းဖော်ပြလာသည်မှာ အခုခါမှာတော့ "ထမ်းပိုး"ကိုဖော်ပြရမည် ဖြစ်ပါတယ်။"ထမ်းပိုး"ဟူသော ဝေါဟာရ ပေါ်ပေါက်လာပုံကတော့

ဖခင်ဖြစ်သူသည် နွား၂ကောင်ကို ထမ်းပိုးတုံး၍ တပ်နေစဉ် ကလေးသည် အနားမှာရှိနေပေသည်။အရေအတွက်ကို ဝါသနာပါသော ကလေးသည် လက်ညှိုးထိုး၍ မျက်စိရှေ့ရှိသမျှကို ရေတွက်နေလေသည်။နွား၂ကောင်၏ခြေထောက်များကို ရေတွက်ကြည့်မိလေသည်။သို့သော် မည်သို့မည်မျှခေါ်ရမည်မသိပေ။နွားတစ်ကောင်တွင်ရှိသော ခြေထောက်သည် တစ်လံ(တစ်နည်းအားဖြင့် ၄ ဂဏန်းဖြစ်သည်။)နွားနှစ်ကောင်ရှိသောကြောင့် ရှိနှင့်ပြီးသောတစ်လံကို နောက်တစ်လံထပ်၍ ပိုးပေးလိုက်လေသည်။ထိုအခါ ကလေး၏မှတ်ဥာဏ်တွင် ထပ်၍ပိုးပေးသောကြောင့် "ထပ်ပိုး"ဟူ၍ မှတ်သားလိုက်လေသည်။
တစ်ဖန် ဆွမ်းခံကျောင်းသားများသည် ဗျပ်ဆိုင်းများကို ထမ်းပိုးတွင်ထမ်း၍ လာကြလေသည်။ထိုအခါ ကလေးငယ်သည် ထိုဗျပ်ဆိုင်းကြိုးကို စိတ်ဝင်စားလေသည်။ဗျပ်ဆိုင်းကြိုးကို ကြည့်သောအခါ တစ်ခုတွင် ကြိုးတစ်လံ(တစ်နည်းအားဖြင့် ၄ခု)ရှိကြလေသည်။ရှေ့ဗျပ်ဆိုင်းကြိုးတွင် ကြိုးများသည်တစ်လံရှိပြီး နောက်ဗျပ်ဆိုင်းကြိုးတွင်လည်း ကြိုးများသည် တစ်လံရှိကြလေသည်။ထိုဗျပ်ဆိုင်းကြိုးနှစ်ခုကို ထပ်၍ပိုးလာသောအခါ ဂဏန်း၈ခုဖြစ်ကြောင်း သိလာလေသည်။ထို့ကြောင့် ကလေးငယ်သည် ၈ဂဏန်းကို "ထပ်ပိုး"(သို့မဟုတ်)"ထမ်းပိုး"ဟူ၍ မှတ်သားလိုက်လေတော့သည်။

ကောက်နုတ်ချက်။ ။ဆရာမြကေတုရေးသော ကလေးမှတ်ဥာဏ်တစ်ပြူးတစ်လံမှ ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Posted using Partiko Android

Sort:  

ဗဟုသုတရပါပေတယ်ဗျာ။ အကျိုးအကြောင်းလေးလဲ ဆက်ရေးပေးပါဦးနော် sis

ဟုတ်ကဲ့Bro

Posted using Partiko Android

အသိတိုးပါတယ်​ဗျာ

Posted using Partiko Android

😊😊

Posted using Partiko Android

Congratulations @hnineikhaing ! You received a 3.43% upvote from @kryptoniabot & @kryptonia for your task of 50 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

fightin sis

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63402.76
ETH 2554.52
USDT 1.00
SBD 2.66