စိတ်ကူးယဉ်ပါ

in #myanmar6 years ago

"ကမ္ဘာအရပ်ရပ်ကို စက္ကန့်ပိုင်းအတွင်း ရောက်အောင်သွားနိုင်သလား"တဲ့။ရောက်နိုင်တာပေါ့။စိတ်ကူးလေးနဲ့ သွားလိုက်တာပဲလေ။ဟုတ်တာပေါ့။စိတ်ကူးလေး ယဉ်လိုက်တာနဲ့ ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ ၊ ဘာစားချင်လဲ အကုန်ဖြစ်နိုင်တာပေါ့။အဓိကလိုတာက စိတ်ကူးလေးယဉ်ဖို့ပါပဲ။

ကျွန်မစိတ်ကူးယဉ်ရတာ ကြိုက်တယ်။အေးချမ်းတဲ့ အပင်ရိပ်လေးအောက်မှာ ထိုင်ခုံလေးချ ပတ်ဝန်းကျင်ကိုငေးကြည့်ပြီး တွေးချင်ရာတွေးငေးချင်ရာငေး ကိုယ်လိုချင်တဲ့ အရာတစ်ခုကို စိတ်ထဲမှာဖန်တီးနေရတဲ့ အရသာကို သဘောကျတယ်။

" ငါသာဘီလျံနာသူဌေးကြီး ဖြစ်ခဲ့ရင်"ဆိုပြီး စိတ်ကူးလိုက်တာနဲ့ အရာရာဟာ စိတ်ချမ်းမြေ့စရာတွေပဲ။ကုန်တိုက်တွေထဲ လျှောက်သွား ၊ အစားအစာတွေ မျိုးစုံဝယ်စား ၊အလွန်ကိုပျော်စရာကြီးပါ။

ဒါပေမဲ့ အခုလို အရာရာတိုင်းကို စိတ်ကူးယဉ်နေမယ့်အစား ဖြစ်ချင်တာတစ်ခုတည်းကိုပဲ စိတ်ကူးလေးယဉ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ စိတ်ကူးယဉ်နေမယ့်အစား ကိုယ်တစ်ကယ်လိုအပ်တဲ့ အရာတစ်ခုကိုပဲ တစ်စိုက်မတ်မတ်စိတ်ကူးယဉ်လိုက်ပါ။နေ့စဉ် အားလပ်ချိန်တိုင်း ကိုယ့်ရဲ့စိတ်ကူးလေးကို အမြဲစိတ်ကူးယဉ်ကြည့်ပါ။ပြီးရင်တော့ကိုယ့်ရဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ပါတော့။
ကိုယ့်စိတ်ကူးမှာသရုပ်ဖော်ထားတဲ့အတိုင်း ဖြစ်အောင်ကြိုးစားပါတော့။ဒါဆိုရင် စိတ်ကူးယဉ်တာက အချိန်ဖြုန်းတာမဟုတ်ဘဲ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သွားမှာပါ။
ဒါကြောင့်မို့ အခုချိန်ကစပြီး စိတ်ကူးလေးစယဉ်ကြစို့။ဒါပေမဲ့ စိတ်ကူးပဲယဉ်ပါ။စိတ်ကူးနဲ့တော့ မရူးလိုက်ပါနဲ့ လို့ဆန္ဒပြုရင်း။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

သူသိလာပီ နော်

သင်ပေးနေတာကို

စိတ်ကူးကောင်းပါတယ်

စိတ်​ကူး​လေးပါပဲ အိမ်​မက်​​လေးပါပဲ😁😁

ဒါပေမဲ့ အခုလို အရာရာတိုင်းကို စိတ်ကူးယဉ်နေမယ့်အစား ဖြစ်ချင်တာတစ်ခုတည်းကိုပဲ စိတ်ကူးလေးယဉ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ စိတ်ကူးယဉ်နေမယ့်အစား ကိုယ်တစ်ကယ်လိုအပ်တဲ့ အရာတစ်ခုကိုပဲ တစ်စိုက်မတ်မတ်စိတ်ကူးယဉ်လိုက်ပါ။နေ့စဉ် အားလပ်ချိန်တိုင်း ကိုယ့်ရဲ့စိတ်ကူးလေးကို အမြဲစိတ်ကူးယဉ်ကြည့်ပါ။ပြီးရင်တော့ကိုယ့်ရဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ပါတော့။

good motivation.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94