မုသားsteemCreated with Sketch.

in #myanmar6 years ago

"သမီး ခဏလာဦး အန်တီပြောစရာရှိလို့" ဟုတ်လာပြီ အန်တီ။ခေါ်သံ ထူးသံနဲ့အတူ ကျွန်မ အန်တီနားအပြေးလေးသွားလိုက်မိတယ်။"နင့် တီလေးဘယ်သွားလဲ"။ "သမီးလဲ မသိဘူးလေ၊အပြင်ထွက်သွားတာတော့ တွေ့လိုက်တယ်"။

ကျွန်မစကားအဆုံးမှာပဲ အန်တီကဘေးဘီဝဲယာကို မယုံသလို လှည့်ကြည့်လိုက်သေးတယ်။ကြည့်ပြီးလို့ ပတ်ဝန်းကျင်က စိတ်ချရတဲ့ အခြေအနေဖြစ်ပြီဆိုမှ "အန်တီ သမီးကိုနင့်တီလေးအကြောင်းပြောချင်လို့ပါ"တဲ့။
"ပြောရမှာတော့ မကောင်းဘူးသမီးရေ ရင်ဖွင့်စရာဆိုလို့ သမီးပဲရှိလို့ပြောရတာ"အဲ့လိုစကားဦးပြောပြီ ဆိုတာနဲ့ ကျွန်မရင်အလိုလိုတုန်ပြီးသားပါ။ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ နားထောင်ရဦးမှာပေါ့။"ပြောကတည်းက ရင်ဖွင့်စရာ ကိုယ်ပဲရှိတယ် ဆိုတဲ့ စကားအပိုင်ချုပ်လိုက်ပြီပဲ။နားထောင်ရဦးမပေါ့။
ပြောလေ အန်တီ သမီးနားထောင်နေတယ်ဆိုတဲ့ စကားလေးပြောပြီးအဆုံး"အေးသမီးရေ ပြောရမှာလဲမကောင်းဘူး ရှိတာကဒီညီအစ်မလေး သုံးယောက် သြော် သမီးအမေဆုံးပြီး အဖေဖြစ်သူကသမီးကို အန်တီတို့ညီအစ်မနှစ်ယောက်လက်ထဲအပ်ထားခဲ့တော့ သမီးက အန်တီတို့ညီအစ်မရဲ့ သမီးလေးလိုဖြစ်နေပြီမလားသမီး "မေးခွန်းလေးမေးပေမယ့် ဒီမေးခွန်းက ကျွန်မဖြေစရာမလိုဘူးဆိုတာ သိပြီးသားပါ။သူမေးသူဖြေပဲလုပ်မှာပါ။ထင်တဲ့အတိုင်းပဲ။သူ့ဘာသာပဲဖြေသွားတယ်။" ဟုတ်တာပေါ့"တဲ့။

တစ်ဆက်တည်းပဲ"အန်တီ နင့်တီလေးကြောင့် စိတ်ညစ်လာပြီ သမီးရယ်။အန်တီ့မှာ ဒီတစ်အိမ်လုံးရဲ့ စီးပွားရေးကို ခေါင်းခံထားရတာ။တစ်မိသားစုလုံးစားဖို့ နေပူမရှောင် မိုးရွာမရှောင် ဈေးဗန်းခေါင်းရွက် ရောင်းနေရတာ။ဈေးရောင်းပြန်လာတော့လဲ အိမ်အတွက် ချက်ဖို့ပြုတ်ဖို့ ပြင်ရသေးတယ်။သမီးက ငယ်တော့ အချက်အပြုတ်ဘယ်နိုင်ဦးမလဲ။အန်တီပင်ပန်းတယ် သမီးရယ်။အဲ့ဒါဟိုဟာမအသုံးမကျတာ။သူကအိမ်အတွက် မီးဖိုချောင်ကို တာဝန်ယူချက်ပြုတ်ပါလား။အခုတော့ ရပ်တကာ ရွာတကာလှည့် အတင်းလိုက်ပြောနေတယ်လို့။အံ့ပါရဲ့တော်။" စပါပြီ။ကျွန်မနားတွေ စက်သေနတ်နဲ့အပစ်ခံရတော့မယ်။မကြားဝံ့မနာသာစကားတွေနဲ့ သူ့ညီမကို ပြောတော့မယ်။ကိုယ်တိုင်ကျသွားမပြောဘဲ သူ့ရဲ့ရင်တွင်းဒေါသတွေကို ကျွန်မကို ရင်လာဖွင့်တာလား။ပုံချတာလား မသဲကွဲတော့ဘူး။

တီလေးကလဲ တီလေးပါပဲ။အိမ်အလုပ်ဆို ဘာမှမလုပ်ချင်ဘူး။နေထွက် ကနေ နေဝင်ထိ ထီးတစ်ချောင်းကိုင်ပြီး အတင်းလိုက်ပြောနေတာ ကျွန်မတစ်သက်ရှိပြီ။မမောသေးဘူးလား မသိပါဘူး။အိမ်အလုပ်ကိုလဲ မလုပ်။အိမ်အတွက် စီးပွားရေးလဲ မလုပ်ချင်တော့ အန်တီပေါက်ကွဲတာမဆန်းပါဘူးလေ။ကျွန်မနားလည်ပါတယ်။ခက်တာက အန်တီပေါက်ကွဲတာက သူ့ညီမအပေါ်တိုက်ရိုက်မပြောဘဲ ကျွန်မကိုလာလာပြောနေတာပဲ။ကြာရင် ကျွန်မနားတွေဆေးခန်းပြရမယ်ထင်တယ်။နားပူလွန်းလို့။

ကျွန်မတွေးလို့မဆုံးသေးဘူး။တီလေးပြန်လာနေပြီ။တီလေးကိုမြင်ရော အန်တီပြောနေတဲ့စကားတွေက ဘရိတ်ချက်ချင်းအုပ် သလိုပဲ ရပ်တန့်သွားတယ်။ချက်ချင်းပဲထပြီး အိမ်နောက်ဖေးကိုဝင်သွားတော့တယ်။ပြောတဲ့သူကပြောပြီးပေမယ့် မပြီးသေးတာ ကျွန်မပါ။ဘာလို့ဆို မကြာခင်ကျွန်မခေါင်းတွေ အလုပ်ပေးရတော့မယ်လေ။ကျွန်မအတွေးမဆုံးသေးဘူး။တီလေးကျွန်မနားရောက်လာပါပြီ။"နင့်အန်တီ နင့်ကိုဘာပြောနေတာလဲ"တဲ့။"ငါ့အကြောင်းပြောနေတာလား။ဘာပြောနေတာလဲ။သူကဘာလို့ ငါ့အကြောင်းပြောတာလဲ
ငါ့ကိုဘယ်လိုတွေပြောနေတာလဲ"စ သော"ဘ"အက္ခရာ မေးခွန်းတွေ မေးပါပြီ။"မဟုတ်ပါဘူး"လို့ ဖြေတော့ ဒါဆိုဘာအကြောင်းလဲ"တဲ့။ကဲ ခက်ပြီ။အခုလိုအခြေအနေမျိုးနဲ့တီလေးတွေ့တိုင်း တီလေးမေးတဲ့စကားကို အမျိုးမျိုးလှည့်ပတ်ပြီး ဖြေနေရတာ အကြောင်းအရာတွေလဲ စုံနေပါပြီ။နောက်ဆုံးတော့ မနေ့ကမှ သတင်းစာထဲကဖတ်လိုက်တဲ့ ရွှေဈေးတွေ တက်တဲ့အကြောင်း သတိရပြီး "သြော် တီလေးရေ အန်တီကရွှေဈေးတွေ တက် ဆီဈေးတွေတက် ကုန်ဈေးနှုန်းတွေတက်တဲ့အကြောင်း စိတ်တိုနေတာပါ"လို့ ပြောလိုက်မှပဲ "ဒါဆိုလဲပြီးရောတဲ့"။

တီလေးအနားကသွားမှပဲ သက်ပြင်းချနိုင်တယ်။"ဒီလိုပုံမျိုးဆိုရင်တော့ ငါတော့သတင်းစာနေ့တိုင်းဖတ်ပြီး ခေါင်းစဉ်တွေ မှတ်ရမလိုဖြစ်နေပြီ။အမှန်တိုင်းဘာအကြောင်းပြောနေတာပါဆိုပြီး ပြောလို့လဲမဖြစ်။ပြောလိုက်ရင် စိတ်မြန်လက်မြန်တီလေးနဲ့ ညီအစ်မတွေ နောင်ဂျိန်ချရင် ဒုက္ခ။ညတိုင်း ရွတ်ရတဲ့ "လိမ်ညာကိုလဲ မပြာဘဲ အမြဲရှောင်ကြဉ်မည်"ဆိုတဲ့ ကန်တော့ချိုးလေးကတော့ ငါ့ကိုလှောင်နေတော့မှာပဲ။
"သြော် မုသားမပါ လင်္ကာမချောပါလားနော်။"

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

တယ် ခက်ပါလား စကားပြောနည်း ၁၀ နည်းရှိတယ်လေ
ဘာလို့ အန်တီ အကြောင်းပြောတယ်လို့ ထင်တာလဲ ဆိုပြီး ကွေ့ပတ် ရှောင်ပေါ့ အဓိကက မလိမ်ဖြစ်တော့ဘူးလေ 😜

စကားပြာနည်း၁၀နည်းကိုရေးတင်သူရှိတာတောင် အသုံးမချတာကိုယ့်အမှားပါ😖

မုသားက စားလို့ရလားမသိဘူး😜😜

မစားဖူးဘူးတစ်ခါမှတော့ စားကြည့်ပါလား😝

စာရေးတာလေးက အမြဲဆွဲဆောင်မှုရှိတယ် ညီမလေးက

ကျေးဇူးပါမကြီး အကောင်းဆုံးဖြစ်အောင်ထပ်ကြိုးစားပါ့မယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61006.67
ETH 2417.79
USDT 1.00
SBD 2.61