ကျွန်မတွေးမိသမျှ( ၁ )
ကျွန်မအခုရေးမယ့်အကြောင်းလေးက ကျွန်မရဲ့ကိုယ်တွေ့ဖြစ်ရပ်လေးပါ။ညီမတစ်ယောက်လို သဘောထားတဲ့ ကလေးမလေးတစ်ယောက်က ကျွန်မကိုရင်လာဖွင့်တာနဲ့ ဒီအကြောင်းလေးကို steemitမိသားစုဝင်တွေကို ပြန်လည်ပြောပြချင်တာနဲ့ ရေးလိုက်တာပါ။ကျွန်မရေးတဲ့အထဲမှာ အမှားပါသွားရင်လည်း တောင်းပန်ပါတယ်။ဘာလို့ဆိုကျွန်မလဲ ကျွန်မအမြင်နဲ့ပြောမိတာမို့လို့ပါ။
ကျွန်မအကြောင်းအရာလေးကိုမပြောခင် ကျွန်မကိုရင်လာဖွင့်တဲ့ကောင်မလေးအကြောင်းကို နည်းနည်းလောက်မိတ်ဆက်ပေးပါရစေ။ကောင်မလေးက ဆယ်တန်းအောင်ခါစပါ။ ပြောရ ရင်တော့ လူရာစဝင်တော့မယ့် အရွယ်ပါ။ကိုယ့်ကိုယ်ကိုလဲ လူရာဝင်ပြီလို့ သတ်မှတ်ထားပုံပါပဲ။တက္ကသိုလ်တတ်ဖို့ စောင့်နေတဲ့ကလေးမလေးပေါ့။
တစ်နေ့တော့အဲ့ကောင်မလေးက ကျွန်မဆီ ရောက်လာပါတယ်။အကြောင်းကတော့ "မမ သမီးရုပ်ရှင်ကြည့်ချင်လို့"တယ့်။ "သူငယ်ချင်းတွေနဲ့ စုပေါင်းသွားရမှာမို့လို့ သွားချင်ပါတယ်"တယ့်။ကျွန်မကလဲ ဟယ် ငါကနင့်မိဘမှမဟုတ်တာ ဘာလို့လာပြောလဲလို့ မေးမိတော့ အဖေ့ကိုမပြောရဲလို့ပါတယ့်။အဖေကမထင်ရင်မထင်သလိုအော်ထုတ်မှာ ပြောလို့တောင်ရမှာမဟုတ်ဘူးတယ့်။
ကောင်မလေးပြောတဲ့ စကားတစ်ခွန်းက ကျွန်မခေါင်းထဲကို အတွေးတွေအများကြီးဝင်လာစေတယ်။ပထမက သူဘာလို့ အခုလိုကိစ္စကို ကျွန်မနဲ့လာတိုင်ပင်ရတာလဲ။အမှန်ဆို မိဘနဲ့သာ တိုင်ပင်သင့်တာပေါ့။တစ်ကယ်လို့များကျွန်မက မမြှောက်ပေးသင့်တာ မြှောက်ပေးလိုက်မိရင် သူပျက်ဆီးသွားမှာပေါ့။အဲ့ဒါကိုအဲ့ကောင်မလေးမတွေးမိဘူးလား။ဘာလို့ဆို ကျွန်မကသူစိမ်းလေ။သူဖြစ်ချင်တာဖြစ်ကျွန်မကသူ့မိဘမှမဟုတ်တာ။ဒါပေမဲ့သူကကျွန်မကို လာတိုင်ပင်တယ်။ဘာလို့လဲဆိုတာ ကျွန်မဘာသာနားလည်လိုက်တာကတော့ သူ ကျွန်မကိုယုံကြည်လို့ဆိုတာပါပဲ။
မိဘထက်သူစိမ်းကိုပိုယုံကြည်တာ ဒီကောင်မလေးအပြစ်လား။ဒီလိုဆိုလာရင်တော့ ကျွန်မကတော့ငြင်းချက်ထုတ်ရမှာပဲ။ဘာလို့ဆိုမိဘကိုသူစိမ်းလောက်မယုံတာဟာ မိဘညံ့တာပါ။(ကျွန်မအမြင်ကိုသာပြောခြင်းဖြစ်ပါသည်။)
မိဘတစ်ယောက်ဟာ သားသမီးတစ်ယောက်ရဲ့ ရှေ့ဆောင်လမ်းပြဖြစ်နေရသလို သားသမီးတွေရဲ့ အကောင်းဆုံးတိုင်ပင်ဖော် ရင်ဖွင့်ဖော် သူငယ်ချင်းကောင်းဖြစ်နေရပါမယ်။အခုခေတ်ကလေးတွေက အရင်ခေတ်ကကလေးတွေလို လူကြီးပြောသမျှကို ခေါင်းငြိမ့်လက်ခံယုံနေတဲ့သူတွေမဟုတ်ပါဘူး။ဟုတ်လား မဟုတ်လား စမ်းသပ်ပြီးမှယုံတယ့်သူပါ။အဲ့လိုကလေးတွေမျိုးတွေကို ဆုံးမတဲ့အခါမှ သက်သေတွေ ဖြစ်ရပ်တွေနဲ့ဆုံးမမှသာ ယုံချင်ကြတာပါ။ဒါတောင်ရာခိုင်နှုန်းကနည်းပါတယ်။
အဲ့တော့ အရာရာကိုစူးစမ်းချင်နေတဲ့ ကလေးတွေက သူတို့စူးစမ်းသမျှကိုလဲ တစ်ယောက်ယာက်ကိုပြောပြချင်ပါတယ်။အဲ့ဒါကလေးတွေရဲ့သဘာဝပါ။ဒါကြောင့်မို့ ကလေးတွေပြောပြတဲ့သူုဟာ သူစိမ်းထက် မိဘအရင်းဖြစ်ဖို့လိုပါတယ်။ဒါမှသာ မကောင်းတဲ့အရာဆို မိဘတွေကပြင်ပေးနိုင်မှာပါ။မှားနေရင်လဲ သေချာရှင်းပြနိုင်မှာပါ။တစ်ကယ်လို့များ ကလေးတစ်ယောက်က သူမကောင်းတဲ့အရာကို စူးစမ်းချင်နေတယ်ဆိုပါစို့။ အဲ့ခါကျရင် သူမိဘကိုလာရင်ဖွင့်မှာပါ။အဲ့ချိန်မှာမိဘတွေက
သေချာမရှင်းပြပေးပဲနဲ့ "မင်းကတော်တော်ဆိုးတာပဲ။အသုံးမကျဘူး။ခေါင်းမရှိဘူးလား။ငါတို့ကမဆုံးမလို့ မင်းအခုလိုလုပ်တာလား။"စသဖြင့် ကလေးကိုယ်တိုင်က ငါပြောမိတာမှားသွားလားလို့ ထင်ရအောင်ကို ပြောဆိုနေမယ်ဆို နောက်ဆိုကလေးက ဘယ်တော့မှ သူဖွင့်ပြောလိမ့်မှာ မဟုတ်ဘူး။အဲ့ခါကျရင် ကလေးရဲ့ရင်ဖွင့်စရာက မိဘမဟုတ်ပဲနဲ့ သူစိမ်းဖြစ်သွားရင် ကလေးအတွက် ထိခိုက်စရာတွေရှိလာမှာပါ။
အခုဆိုရင်လဲ ဒီကောင်မလေးကျွန်မကို အခုလိုလာတိုင်ပင်တာဟာ သူစိတ်ချရတဲ့ သူဟာမိဘမဟုတ်ပဲနဲ့ ကျွန်မဖြစ်နေတယ်။အဲ့တော့ကျွန်မလဲ မိန်းကလေးတစ်ယောက်အနေနဲ့ လူကြီးမပါဘဲ အပြင်ထွက်တာဟာ မသင့်တော်ကြောင်း တတ်နိုင်သမျှ လူကြီးပါမှသွားသင့်ကြောင်းပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ကောင်မလေးကလဲ အခုချိန်မှာ ကိုယ့်ကိုယ်ကိုလူရာဝင်ပြီလို့ သတ်မှတ်ထားတော့ဆိုတော့ ကျွန်မလဲတတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းပြောဆိုလိုက်ပါတယ်။နောက်ဆုံး ကျွန်မဆုံးဖြတ်လိုက်တာတော့ ကျွန်မပါသူနဲ့လိုက်သွားလိုက်ဖို့ပါပဲ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
#myanmar
#msu
good post
@aggamun
thz bro
Nice post
Nice sis👍
Nice Post
yes bro