ဘဝအဓိပ္ပာယ်
အချို့လူတွေက ပြောတယ်
ဘဝဆိုတာ တိုက်ပွဲတဲ့။
အချို့လူတွေက ပြောတယ်
ဘဝဆိုတာ ဆူးခင်းလမ်းတဲ့။
အချို့လူတွေက ပြောတယ်
ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းတဲ့။
အချို့လူတွေက ပြောတယ်
ဘဝဆိုတာ သမုဒ္ဒရာကြီးတဲ့။
အချို့လူတွေက ပြောတယ်
ဘဝဆိုတာ ဓားတောင်ကြီးတဲ့။
ဘယ်သူတွေဘယ်လိုပြောပြော
ကျွန်မအတွက်ကတော့
ဘဝဆိုတာ ဓားသွေးကျောက်ပဲ
မျက်နှာပြင်ကြမ်းကြမ်းရှိတဲ့
ဓားသွေးကျောက်ပေါ်မှာ
ကိုယ်ပိုင်ဆိုင်တဲ့ အနာဂတ်ကို
အနာခံပြီး နာနာသွေးရင်
ထက်မြက်လာမှာပဲ
ဒါကြောင့် ဘဝဆိုတာဓားသွေးကျောက်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
#myanmar
#msu
good
thanks
good tal sis.
thanks bro
ကျော့်အိမ်က ဓားတုံးနေလို့ ကူညီပါဦးဗျာ😛😛
စတာစိတ်ဆိုးနဲ့နော်
မသိဘူးစိတ်ဆိုးတယ်အယ်လယ့် ဓားသွေးကျောက်ဝယ်ပြီးမြန်မြန်သာသွေးပေတော့
😁😁
very very good
thanks
msu081 @kokokyaww
အန်တီမိုက်တယ်ဗျာ
ကျေးဇူးတင်ပါတယ် ဒါပေမဲ့မကျေနပ်ဘူး အန်တီတဲ့ ငိုမှာနော်😝
သိပ်မြင့်လွန်းသွား ပီ လိုက်မမီတော့
ခုံခုပေးမယ်ကိုကြီး