ဘာမှမသိတော့ပါ။

in #myanmar7 years ago

Steemitနဲ့ဝေးခဲ့တာ တော်တော်ကြာခဲ့ပြီ။ အမှန်တိုင်းပြောရရင် ပျင်းလို့မရေးတော့တာပါ။စာမေးပွဲကို အကြောင်းပြပြီး postမတင်တာ ၁လကျော်သွားပါပြီ။ ဒါပေမယ့် information တွေကိုတော့ မပျက်သိနေရပါတယ်။ ဘာလို့ဆို ကို@aggamunက အမြဲပြောပြတယ်လေ။

နောက်ပြီးတော့ သူကpostမတင်ချင်ရင် Nextcolonyကိုတော့ မပြတ်စေနဲ့ဆိုလို့ သူ့ကိုတော့ နေ့တိုင်းဝင်ကြည့်ဖြစ်တယ်။ကိုaggamunတင်ခိုင်းတဲ့ အရာအားလုံးကို levelတွေလိုက်တင်တယ်။ ပြည့်သွားရင် ဘာကိုလုပ်ဆိုလုပ်လုပ်လိုက်တာပဲ။ ဘာမှကိုမလေ့လာပါဘူး။သူပြောသမျှကိုပဲ လိုက်လုပ်နေတာပါ။ အဲ့လိုလုပ်ရင်းပဲ planet4 ခုလောက်ရှာတွေ့တယ်။ မဆိုးဘူးပေါ့လေ။

အဲ့လိုနဲ့ နေလာတာ သူနေမကောင်းဖြစ်တော့ ကိုယ့်ကိုscoutတွေကို levelလိုက်တင်ခိုင်းထားတယ်။ဘာလို့တင်ခိုင်းလဲ ဘာကြောင့်လဲဆိုတာကိုလဲ မမေးမိပါဘူး။ level အားလုံးတင်ပြီးသွားရင်း သူပဲဆက်ပြောမှာလို့ ထင်ထားခဲ့တာကို။

အခုတော့ ကိုယ်လည်းlevelတွေ ပြည့်လုနီးပါးဖြစ်နေပါပြီ။ဒါပေမယ့် သူကတော့ ဆက်မပြောနိုင်တော့ဘူး။အခုမှ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်လို့မဆုံးဘူး။ရှိတုန်းက သင်ပေးတာတွေ ပြောပြခဲ့တာတွေကို အလေးမထားခဲ့မိဘူး။ အခုတော့ steemitကိုလည်း ဆက်မလုပ်ချင်တော့ဘူး။nextcolonyကြီးကိုလည်း မမြင်ချင်တော့ဘူး။

Sort:  

ဟုတ်ကဲ့အကို

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64139.33
ETH 1799.22
USDT 1.00
SBD 0.38