"ပတ်ဝန်းကျင်" အပိုင်း(၁)

in #myanmar6 years ago

"ပတ်ဝန်းကျင်" ဆိုတာ လူသားတွေမှာ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ်အရေးပါနေပါတယ်။
ကျွန်မရဲ့ အမြင်တွင်တော့ "ပတ်ဝန်းကျင်"နှစ်မျိုးနှစ်စားပဲရှိပါတယ်။
No(1) မကောင်းတဲ့ပတ်ဝန်းကျင်...
အဲ့ဒီ ဝန်းကျင်ဟာ ကိုယ့်ကို အမြဲတမ်း မကောင်းတာတွေလုပ်ဖို့တွန်းအားပေးနေမယ်၊ ကိုယ့်ကိုပဲ နှိမ်ချတဲ့အကြည့်နဲ့ကြည့်နေမယ်၊ ကိုယ့်ကိုအမြဲတမ်း negative ဖြစ်စေမယ့်အကြောင်းအရာတွေပဲလာပြောနေမယ်၊တချို့သူတွေကတော့ ရှိတက်ပါတယ် သူတို့ကိုယ်တိုင်ကလဲကောင်းအောင်မကြိုးစားချင်ကြဘူး၊သူတစ်ပါးက ကောင်းတဲ့ကိစ္စဖြစ်တယ် ကောင်းမွန်တဲ့အရာကိုပြုလုပ်တယ်ဆိုရင်တောင်မှပဲ လက်မခံချင်ပဲရှောင်ထွက်သွားတဲ့သူမျိုးတွေဖစ်ပါတယ်.....
(ဒီလိုတွေရေးနေတဲ့ ကျွန်မကိုယ်တိုင်ဟာလဲ ဒီလို negative people တစ်ယောက်အရင်က ဖြစ်ခဲ့ဖူးပါတယ်။)
နောက်တစ်ခု.......
No.(2) "ပတ်ဝန်းကျင်" ကောင်း
ကျွန်မတို့တွေဟာ ကောင်းတဲ့စိတ်မွေးတက်ဖို့လိုအပ်ပါတယ်
ကိုယ့်စိတ်က မကောင်းခဲ့လျှင်တော့ ဝန်းကျင်ကောင်းနှင့် တွေ့ဖို့ရာအကြောင်းမရှိနိုင်ပါဘူး ။ အကယ်၍တွေ့ခဲ့လျှင်သော်လည်းကောင်း၊ အဲ့ဒီဝန်းကျင်ဟာ ကိုယ့်အနားမှာရေရှည်မခံပါဘူး။ ကိုယ့်ကိုအမြဲပဲ ကောင်းနိုးရာရာတွေကိုလုပ်ဖို့အမြဲလှုံ့ဆော်ပေးနေတဲ့သူ၊လဲကျနေလျှင် ဖေးမကူညီပြီး လမ်းမှန်ကိုရောက်အောင်ပို့ပေးတက်တဲ့ သူတို့ကိုသာတွေ့လျှင် ကိုယ်ကိုယ်တိုင်က စိတ်ရင်းဖြင့်သာ ဆက်ဆံပေးပါ၊ စိတ်လိုလက်ရ ရိုးသားစွာ ဆက်ဆံပေးပါ။ ဤနေရာတွင် ကျွန်မကြုံတွေ့ခဲ့ရသော ဝန်းကျင်လေးများကို ဖော်ပြပေးချင်ပါသည်။ ငယ်စဉ်အချိန်ခါကတည်းကပင် ယခုအချိန်ထိ လူပေါင်းများစွာ အတွေ့ကြုံပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးပါသည်။ အသက်ကြီးပီလား ဆိုလျှင်တော့ မကြီးသေးပါ။ ယခုမှပင် လူ့လောကဇာတ်ခုံတွင် သဏ္ဍန်လုပ်သရုပ်တူအောင် ပုံဖော်နေရသည်မှာ နှစ့်ဆယ့်သုံးနှစ်ပြည့်ရန် ရှစ်လလောက်အလိုပဲရှိပါသေးသည်။
ဟိုးအရင်က ကျွန်မသည် အထက်တွင်ဖော်ပြခဲ့သလို လုံးဝ negative ပါ ။ ငယ်ငယ်က အရာအားလုံးကိုကြောက်ရွံ့သည့်စိတ်၊တစ်ကိုယ်ကောင်းဆန်တက်သည့်စိတ်၊ ရှက်ရွံရန်မလိုအပ်သည့်ကိစ္စများကို ရှက်ရွံခြင်း၊ အဆုံးစွန်ထိဆိုလျှင် ညမိုးချုပ်မှာကိုပင်ကြောက်နေတက်သည့် လူစားမျိုး ဖြစ်ခဲ့သည်။ ဒီလို စိတ်တွေနဲ့ဖြတ်သန်းခဲ့ရသော ကျွန်မအဖို့ "ပတ်ဝန်းကျင်"ဆိုသည့်အရာက အများကြီးသက်ဆိုင်ခဲ့ပါသည်နောက်ရက်တွင် ထပ်၍ဆက်ပါဦးမည်။Screenshot_20180131_214519.jpg

Sort:  

စောင်​​နေပါတယ်​ အဆက်​ကို

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67408.93
ETH 3491.49
USDT 1.00
SBD 2.70