လူမှုရေး .....

in #myanmar7 years ago

အားလုံးပဲ...မင်္ဂလာပါရှင်။ ကောင်းသောနေ့လေးဖြစ်ပါစေလို့ အားလုံးအတွက်ဆုတောင်းပေးချင်ပါတယ်။ လူ့လောကဇာတ်ခုံမှာတော့ လူမှုရေး အခန်း၊စီးပွားရေး အခန်း၊
ကျန်းမာရေး အခန်း ကဏ္ဍဆိုပြီး သုံးခုရှိသည်မဟုတ်ပါလား။အဲ့ဒီ ကဏ္ဍသုံးရပ် လုံးဟာ အင်မတန်အရေးကြီးလှပါတယ်။ ကျွန်မ ဒီကနေ့ ရေးချင်တဲ့အကြောင်းအရာကလေးကတော့ လူမှုရေး ကဏ္ဍ အကြောင်းပါ။ ကျမ ပြီးခဲ့တဲ့ တစ်နေ့က ရုံးက အကိုတစ်ယောက်ရဲ့အိမ်သစ်တက်ပွဲ (ဘုရားနေကဇာတင်)ပွဲ ပေါ့...သူက တကူးတကနဲ့ဖိတ်ကြားခြင်းဖြစ်တဲ့အတွက် ကျမတို့ရုံးမှ အမတွေနဲ့ အိမ်သစ်တက်ပွဲကို သွားဖို့ရန် ဆုံးဖြတ်လိုက်ကြပါတယ်။ ကျွန်မတို့ ရုံးမှ အမ လေးယောက်နှင့် ကျွန်မအပါအဝင် စုစုပေါင်းငါးယောက် အိမ်သစ်တက်ပွဲသို့ သွားရန် ဦးစွာ လူစုကြသည်။ ကျွန်မနေသည့်နေရာနှင့်အနည်းငယ်နီးသောကြောင့် ကျမက အဲဒီအိမ်နားမရောက်ခင် လမ်းတစ်နေရာတွင် စောင့်မည်ဟု ဖုန်းဆက်လိုက်ပါသည်။ ကျွန်မလဲ ရေမိုးချိုး အလှပြင်ပြီး၍ အိမ်မှ ထွက်ခဲ့လိုက်ပါသည်။ ကျွန်မတို့ဆုံမည့်နေရာသို့ ရောက်သည်နှင့် ကျွန်မ ကျန်လူများကို စောင့်နေရပါသည်။ ငါးမိနစ်ခန့် အကြာတွင် သူတို့ရောက်ရှိလာပါသည်။ လူစုံပြီဖြစ်သည်ကတစ်ကြောင်း၊ ဘုရားအနေကဇာတင် သည့်အိမ်နှင့်လည်း နီးနေပြီဖြစ်သည်ကတစ်ကြောင်း အချိန်ကလည်း နေနည်းနည်းမြင့်နေသည်ကတစ်ကြောင်း ကျွန်မတို့ ခပ်သွက်သွက် မောင်းကြရပါသည်။ အရေးထဲဆိုလျှင် အိမ်အားလိုက်ရှာနေရသေးပါသည်။ မတွေ့သည့် အဆုံးမှပင် အဲ့ဒီအကိုအား ဖုန်းဆက်လိုက်မှ ကျွန်မတို့လာခဲ့သော လမ်းသည် အဲ့ဒီအိမ်နှင့် ဆန့်ကျင်ဖက်အရပ်ကို သွားနေကြောင်းသိလိုက်ရ၍ ရယ်မောခဲ့ကြရသေးပါသည်။ ယခု အိမ်တက်ကို ဖိတ်သော အစ်ကိုသည် ရုံးကို အလုပ်ဝင်သည်မှာ မကြာသေးပါ။ မကြာသေးသည့်အချိန်ကာလဖြစ်သော်လည်း အလွန်ပင်ရိုးသားလွန်းသူဖြစ်သဖြင့် တစ်ရုံးလုံးက ခင်မင်ကြသည်။ ကျွန်မတို့ သူ့အိမ်သို့ ရောက်သွားသည့်အခါတွင် အိမ်တစ်အိမ်လုံး ဧည့်ခံကျွေးမွေးသည့်နေရာတွင် ဟာကွက်မရှိအောင်ပင် ဧည့်ဝတ်ကျေကြပါသည်။ ကျွန်မတို့ ရောက်ခါစတွင် တစ်အိမ်လုံး ဧည့်သည်များပြည့်နေသဖြင့် တစ်ဆယ့်ငါးမိနစ်လောက် ထိုင်စောင့်လိုက်ရပါသေးသည်။
ယခု လူများမှာ ပရဟိတ အဖွဲ့ ဘုံဆွမ်းလောင်းအဖွဲ့မှ အသိမိတ်ဆွေများ ဖြစ်သည်ဟု အဲ့ဒီအစ်ကိုမှ ကျွန်မတို့အား စကားစမြည်ခဲ့သည်။ ပရဟိတဆိုသည့် အဓိပ္ပါယ်မှာလည်း ကိုယ့်အကျိုးအားမလိုလားပဲ သူတစ်ပါးအကျိုး ဖြစ်ထွန်းစေရန် ဖြစ်သဖြင့် အဲ့ဒီအလုပ်သည် လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင်အကျိုးအရှိဆုံး ဖြစ်ပါသည်။ ထို့ကြောင့် အဲ့ဒီအလုပ်ကို လုပ်ကိုင်နေသည့်သူများကိုလည်း လွန်စွာသာဓုခေါ်မိပါသည်။ ကျွန်မတို့အရှေ့မှ ဧည့်သည်များ ပြန်သွားကြသောအခါ ကျွမတို့ကို စတင်ဧည့်ခံပါသည်။ ထမင်းဝိုင်းတွင် ကျွန်မတို့အားနေရာချထားပေးပါသည်။ ဟင်းပွဲများကလည်း စုံစုံလင်လင်ရှိလှပါသည်။ ဝက်သားဟင်းဆီပြန်၊ ကြက်သားနှပ်၊ ခရမ်းချဉ်သီးငပိချက်၊အစိမ်းကြော်၊ပဲနပ်၊ အတို့အမြှပ်၊ ချဉ်ရည်ဟင်း.... အခုရေးနေရင်းနှင့်ပင် မျက်လုံးထဲပြန်မြင်ယောင်နေမိပါသည်။
အလွန် လက်ရာကောင်းသော ဟင်းပွဲများဖြစ်ပါသည်ဟု ကျွန်မတို့က ချီးကျူးကြသောအခါ အဲ့ဒီအစ်ကိုမှ အမေချက်ထားတာဟု ဂုဏ်ယူစွာပြန်ပြောလာပါသည်။ ဧည့်သည်များကို ဧည့်ဝတ်ကျေခြင်းမှာလည်း များပြားလှသော လူမှုရေးခေါင်းစဉ်များထဲမှ တစ်ချက်အပါအဝင်ဖြစ်ပါသည်။
အစားအသောက်အကြောင်းအရာအား တဖန်ပြန်အသက်သွင်းပါမည်။ကျွန်မတို့ ထမင်းစားပြီးသောအခါ အချိုပွဲ စားပွဲဖက်သို့ ထပ်မံဖိတ်ကြားခံရပါသည်။ အချိုပွဲတွင်လည်း.. သီးမွှေးငှက်ပျောသီး၊ပန်းသစ်တော်၊ လိမ္မော်သီး၊ လက်ဖက်၊ နွားနို့၊ ကိတ်မုန့် များဖြင့် စုံစုံလင်လင်ထပ်မံဧည့်ခံပါသည်။ ကျွန်မတို့အဖွဲ့လည်း တော်တော် ဗိုက်ပြည့်သွားကြပါပြီ။
ဧည့်သည်များကို ဧည့်ဝတ်ကျေအောင် ကျွေးမွေးပြုစုရခြင်းမှာ အမှန်တကယ် မင်္ဂလာတစ်ပါးဖြစ်ပါသည်။ ကျွန်မတို့ အဖွဲ့မှာ ချက်ချင်း ထမပြန်ဖြစ်ကြသေးပါ...စကားတပြောပြောနှင့် ရီလိုက်မောလိုက် အလွန်ပျော်စရာကောင်းလှပါသည်။ အဲ့ဒီအစ်ကိုမှ သူ၏ ငယ်ဘဝမှ ဓာတ်ပုံများထုတ်ပြသဖြင့် ကျွန်မတို့လဲ သူမသိအောင် ဓာတ်ပုံများအား ကျွန်မ၏ ဖုန်းထဲသို့ ရိုက်ကူးခဲ့ပါသည်။ အပြုငဘောဆောင်သော ဟာသလေးများဖြင့် စနောက်ချင်သောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်မတို့ စကားစ က မပြတ်ရင်းပင် နေ့လည် နှစ်ချက်တီးသွားသည်။ ထိုစဉ် အဖွဲ့ထဲမှအစ်မတစ်ယောက်မှ သွားစရာကိ စ္စလေးတစ်ခုရှိသောကြောင့် စကားစကို အတော်ပင်ဖြတ်ခဲ့ရပါသည်။ အိမ်ပြန်ရာလမ်းတစ်လျှောက်တွင်လည်း အဲ့ဒီအကိုတို့ မိသားစု၏ ဧည့်ဝတ်ကျေပွန်မှုများကို ပြောရင်း ဆိုင်ကယ်စီးကြပါတော့သည်။ ကျွန်မလည်း အိမ်သို့ရောက်တော့မည့် လမ်းချိုးတွင် အဖွဲ့များအားနှုတ်ဆက်၍
အိမ်သို့ပြန်ခဲ့ပါတော့သည်။........
Written By Zin Wai Hmu

Sort:  

It's look like very happy moment. I regrat i miss it. 😁

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61475.37
ETH 2485.94
USDT 1.00
SBD 2.61