Changes-ပြောင်းလဲခြင်း(အစကောင်းမှအနှောင်းသေချာ)
Changes(.....ပြောင်းလဲခြင်း) လူသားတိုင်း လူသားတိုင်းတွင် ပြောင်းလဲခြင်းသည် ရှောင်လွှဲ၍ မရသော သဘာဝတရားကြီးပင်ဖြစ်သည်။ ဦးစွာပထမ မိခင် ဝမ်းဗိုက်ထဲမှ စတင်လာသည့် လူမမယ်ကလေးတွင် မိခင်ဝမ်းထဲတွင် အချင်းမှတဆင့် မိခင်၏ အဟာရမှန်သမျှ စားသုံးသည်။ မိခင်ဝမ်းတွင်းမှ စတင် မွေးဖွားလာသည့်အချိန်တွင် မိခက်၏ နို့ရည်ဖြင့် ကြီးထွားဖွံဖြိုးမှုစတင်သည်။ ထိုမှတဆင့် တဖြည်းဖြည်း လူလားမြောက်လာသည့်အခါတွင် ထမင်း ၊ ပဲ ၊ အသီးအနှံ ၊ အသား၊ ငါး စသဖြင့်ပြောင်းလဲ၍ အဟာရဖြစ်တည်မှုကို ရယူကြရသည်။ ထိုသို့ အရွယ်ရောက်လာသည့် အချိန်တွင် မိခင်နို့ရည်အား တောင့်တ၍ အဟာရပြုခြင်းငှါ မဖြစ်နိုင်တော့ပေ။ ထိုနည်းတူ ငယ်ရွယ်စဉ်အချိန်တွင် မိဘ တို့အား အားကိုး၍ ပညာ ရှာမှီးကြရသည်။(ပညာဆိုသည်မှာ အသိပညာ၊အတက်ပညာ၊အသက်မွေးဝမ်းကြောင်း စသည့် ပညာရပ်များကိုဆိုလိုသည်။) မိဘတို့၏ အထောက်အပံ့ဖြင့် ပညာရှာမှီး၍ ပြည့်စုံကြသောအခါ စီးပွားဥစ္စာများကို ရှာကြရသည်။ ထိုသို့စီးပွားဥစ္စာ ရှာဖွေနေစဉ် အချိန်အတွင်း လောကဓံ ဟူသည့် ဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားရမည်ဖြစ်သည်။ လူတိုင်းသည် မွေးဖွားစကတည်းကပင် ခြေနှစ်ဖက် လက်နှစ်ဖက် ခေါင်းတစ်လုံးဖြင့်မွေးဖွားလာခဲ့ကြသည်ပင်သည်ဖြစ်သည်။ (အချို့ မွေးရာပါ ခြေလက်အဂါင်္ ချွတ်ယွင်းသူများမှအပ)။ ထိုသို့ မွေးဖွားလာကြသည်တွင် တချို့သည် နဂိုမိဘမှ ပြည့်စုံချမ်းသာ ၌သော်လည်းကောင်း၊ အချို့တွင် မိဘ များ မှာ ဆင်းရဲနွမ်းပါး၍သော်လည်းကောင်း ကံအကြောင်းတရားများမတူညီခဲ့ကြသည်များ ရှိနိုင်ပါသည်။ ထိုအရာမှာ ပစ္စည်းဥစ္စာ ဓန ပေါကြွယ်ဝမှုဖက်မှကြည့်လျှင်တော့ ရှေးဘဝက ပြုခဲ့သည့် ကုသိုလ်ကောင်းမှု များနှင့်သက်ဆိုင်ပါလိမ့်မည်။ ထိုသို့အကြောင်းတရားများမတူဘဲမွေးဖွားလာကြသည် ဖြစ်လင့်ကစား ၊ မိမိကိုယ်တိုင်မှ ပြောင်းလဲမှုများမပြုလုပ်လျှင် မိဘ၏ ကျောထောက်နောက်ခံမှာ မည်သည့်အချိန်ထိ တည်မြဲနေမည်ဆိုတာကို သိရှိနိုင်မည် မဟုတ်ပေ။ ဥပမာ - ကလေးတစ်ယောက်သည် တစ်နှစ်မှ သုံးနှစ်အရွယ်ထိ မိဘ နှစ်ဦးထိ အကျွမ်းတဝင် ရှိမည်။ ထိုအရွယ်တွင် မိဘနှစ်ဦးစလုံးမှ ထိုကလေး အား အရာရာကို မကောင်းမြင်တက်စိတ်နှင့် အကောင်းမြင်တက်စေရန်တို့ကို ဦးစွာ ပထမ သင်ကြားပေးရန်လိုအပိသည်။ သုံးနှစ်မှ ငါးနှစ်- ပြင်ပလောက နှင့် ထိတွေ့ခိုင်းရတော့မည်။ မူကြို စတင်ထားရမည့် အချိန်တွင် ကလေးအား စာသင်ခြင်းကို ပြုလုပ်ခြင်းမှာ မှားယွင်းသည့် ဟု ကျွန်ုပ်အနေဖြင့် သုံးသပ်မိပါသည်။ ထိုအချိန်များတွင် ဝလုံးရေးခိုင်းမည့်အစား ကဗျာ ရွတ်ဆိုခြင်း၊ ရုပ်ပုံကာတွန်းလေးများ ဖြင့် နာမည်များတွဲမိအောင် သင်ကြားပေးသည်အထိသာ ပြုလုပ်စေချင်သည်။ ထိုသို့ပြင်ပလောကနှင့် ဆက်ဆံခိုင်းသည့်အချိန်တွင် ကလေးတစ်ဦးအား ဖိအာပေးခြင်းဖြင့် ဆုံးမစေမည့်အစား အားပေးချီးကျူးခြင်းဖြင့် ဆုံးမစေချင်မိသည်။ အမှန်တကယ်မရှိသော အရာများဖြင့် ကလေး၏ စိတ်ထဲသို့ ကြောက်ရွံခြင်းအား ရိုက်သွင်းမှုကို ရှူံ့ချပါသည်။ ခြောက်နှစ်မှ တစ်ဆယ့်နှစ်နှစ်လောက်တွင် မိဘများအား အားကိုးသည့်စိတ်မှ မိမိကိုယ်မိမိအားကိုးတက်စေရန် နည်းလမ်းများအား ပြောင်းလဲ၍ ဆုံးမသွန်သင်တက်ရမည်။ ထိုသို့သွန်သင်ရာတွင် ကလေးငယ်များအား မိမိကိုယ်ကိုယ်မိမိ အမှန်မြင်တက်စေရန် ဦးစွာ လေ့ကျင့်ပေးရမည်။ မိမိကိုယ်မိမိမှန်မြင်တက် မှ မိမိကိုယ်မိမိ ထိန်းချုပ်တက်စေရန် သင်ကြားပေးရမည်။ ခြောက်နှစ်အရွယ်ကလေးအား မိဘမှ ထမင်းခွံ့ပေးခြင်းထက် ဇွန်းတပ်၍ ထမင်းစားစေခြင်းသည် မိမိကိုယ်မိမိ ယုံကြည်မှု (self confidence) တိုးပွားစေခြင်းကိုဖြစ်ပေါ်စေသည်။
ထို့နောက် သူ၏ တီထွင်နိုင်မှူ စွမ်းရည်အား အမြဲချီးကျူးပေးရမည်။ ဇွန်းနှင့်စားသည်မှ ခရင်းကိုင်တက်လာခြင်း၊ တူကိုင်တက်လာခြင်းများအား ချီးကျူးစကားဆိုပေးရမည်။ ကလေးငယ် တစ်ဦးသည် အတန်းထဲတွင် အဆင့်တစ်မရခြင်းကို ရိုက်နှက်ဆုံးမ၍ အပြစ်ပေးခြင်းထက် အဆင့်တစ်ရလျှင် ဂုဏ်ပြုခြင်းနှင့် ဆုချမည့် plan အား ကြိုတင်စီစဉ်ထားခြင်းမှာ ပိုကောင်းသည်ဟု စဉ်းစားမိသည်။ ၎င်းတို့ လိုချင်သည့်အရာကိုပူဆာသောအခါတွင်လည်း ချက်ချင်းဝယ်ပေးခြင်းထက် challenge လုပ်၍ နိုင်သည့်အခါမှသာ လိုချင်သည့်ပစ္စည်းအားဝယ်ပေးသည့် အလေ့အကျင့်ကောင်းကို လေ့ကျင့်ပေးသင့်ပေသည်။ သို့မှသာ ၎င်းတို့ အရွယ်ရောက်သည့်အချိန်တွင် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို မတုန်လှုပ်ပဲ ဖြေရှင်းနိုင်ရန်ဖြစ်သည်။ နောက်တစ်ခု--- ငယ်စဉ်အချိန်ကပင် မိမိလုပ်သည့် အလုပ်တစ်ခုအား ပြီးမြောက်အောင်မြင်အောင် လုပ်တက်စေခြင်းအားအထူးလေ့ကျင့်ပေးစေချင်သည်။ ယနေ့အောင်မြင်နေသောသူများသည် အလုပ်ကို တစ်ဝက်တစ်ပြတ် မထားခဲ့ဘဲ ပြီးဆုံးတိုင်အောင် လုပ်တက်ကြသည့် သူများဖြစ်သည်။ ထို့ကြောင့် ငယ်ရွယ်စဉ်အချိန်ကပင် အလေ့အကျင့်ကောင်းများ ရှိမှသာ အသက်အရွယ်ကြီးရင့်လာစဉ်တွင် လူအများနှင့် ဆက်ဆံရချိန် တွင် လူတန်းစေ့နိုင်မည်ဖြစ်သည်။ photo credit from google
People from foreign country, they train there child from the very start of young. Let them eat alome. Let them sleep alone. These thing make the child become strong and thinkful. But here is different.....
Right😊😊
Comel nyee
😊😊