ဂေါ်သဇင်ပန်းကိုမှပန်ချင်သူ(past-2)(hlamyothet)

in #myanmar7 years ago (edited)

သဇင်ပန်း
image
Bulbophyllum auricomun
Family : Orcidaceae
နတ်တော်လတွင်သာ ပွင့်ဖူးကြသော သဇင်ပန်းကိုလည်း တော်ဝင်ပန်း၊ နတ်ပန်းအဖြစ် ရှေးကခေါ်ဝေါ်ကြပြီး၊ အမြင့်ပန်းဖြစ်ပြီး ရှားပါးလှပါတယ်။ သူ့တို့လေးတွေက သစ်တောတွင် သစ်ပင်အမြင့်ကြီးတွင်သာ တွယ်ကပ် ပေါက်ရောက် ပွင့်ဖူးလေ့ရှိပြီးတော့ ရှေးဘုရင်မင်းမြတ်အား ရှေးဦးစွာ ဆက်သပြီးမှသာလျှင် အများပြည်သူတို့ ဆွတ်ယူပန်ဆင်ရလေသည်။ နောက် ကုန်းဘောင်ခေတ်စာဆို ဦးတိုး၏ ရကန်ကဗျာ တခု ဖြစ်သည့် ဘုန်းနှင့်ကံနှင့် ရွှေသဇင်ကဗျာကို ဖတ်ဖူးကြမှာပါဗျာ။ သဇင်ပန်းသည် စိမ့်မြိုင်တောတောင်ထဲတွင် နေရောင်အထိမခံဘဲ အခြားသော အပင်ကြီးများပေါ်တွင်ဆင့်ပြီး အထက်သို့ ပျံတက်ဖူးပွင့်နေသောပန်းဖြစ်သည်။ မြေကြီးနှင့်မတည့်သည့် အလား မြေပေါ်မပေါက်ခြေ၊ အခက်အလက်တို့က စိမ်းမြနေသည်၊ မိုးရေကိုမခံယူ နှင်းရည်စိုစွတ်လန်းဆန်း ဖူးပွင့်လေ့ရှိကြသည်၊ သဇင်ပန်းကို မြို့ဝန်မင်း၏ ခွင့်ပြုချက်မပါဘဲ မမြင်ကွယ်ရာ ဈေးတွင်ရောင်းချပါက သေမည်ရှင်မည် မသိအောင်ကြီးလေးသော ရာဇဝတ်ဒဏ်ခံရမည် ပန်းဖြစ်ပါသည်။ ထိုသို့သော ဂုဏ်အင်္ဂါဖွဲ့သီရသော ပန်းဖြစ်ပါသည်။
image
သဇင်ပန်းအမည်မှာ Bulbophyllum auricomun ဖြစ်သည်။ သစ်ခွမျိုးရင်း Orchidaceae တွင်ပါဝင်တယ်။
image
မြန်မာသဇင်ပန်းသည် မြန်မာနိုင်ငံ အတွင်းသာတွေ့နိုင်ပြီး မြန်မာပြည်ပြင်ပတွင် လုံးဝမတွေ့နိုင်သောမျိုးစိတ်ဖြစ်သည်၊ အလွန်မြန်မာဆန်သော တော်ဝင်သစ်ခွ တမျိုးသာဖြစ်ပါတယ်။ နိုင်ငံတော်၏ အမျိုးသားပန်းအဖြစ် ရွေးချယ်ရန်ပင် လျာထားခြင်း ခံခဲ့သော ပန်းဖြစ်ပါသည်။ မြန်မာမင်းများ ရှိစဉ်ကာလက သဇင်ပန်းကို အထူးအလေးထားကာ တနှစ်တာကာလအတွင်း အဦးဆုံးပွင့်သောပန်းသဇင်ကို နန်းတော် ဆက်သပြီးမှသာ သာမန်ပြည်သူတွေ ပန်ဆင်ခွင့်ရသည့် ပန်းဖြစ်ပါတယ်။
image
မြန်မာ့ သဇင်ပန်းသည် ဖြူစင်ခြင်း တင့်တယ်ခြင်း မဟာဆန်ခြင်း ကဗျာဆန်ခြင်း က္ကတ္တိယ အလှ ဖော်ကြူးခြင်း မြင့်မြတ်ခြင်း ယဉ်ခြင်း စသော လက္ခဏာများပိုင်ဆိုင်ထားသောပန်းဖြစ်သည်။ ပန်းတကာတို့၏ ဘုရင် သခင်ဖြစ်ပါသည်။
image
နောက်ဆုံးအနေနှင့် ပြောရလျှင် စိတ်နေမြင့်သူ မိန်းမပျိုလေးက မပန်ရလျှင်အရှင်း တကယ်လို့များပန်ခွင့်များရမည်ဆိုလျှင် Anredera cordifolia. ခေါ်သည့် မြန်မာပြည်ဖွား မဟုတ်သည့် ခြံစည်ရိုးအလှစိုက် ဂေါ်သဇင်ကို ပန်ခြင်လှသည် မဟုတ် ၊ ဒီဇင်ဘာလမှ ပွင့်သည့် စင်တင်စိုက်ရသည့် ဂေါ်သဇင် Porana volubilis လို တဆုပ်တခဲ နှင့် ဈေးပေါပေါပန်း ကိုလည်း ပန်ခြင်မှာမဟုတ်၊ ပန်များပန်မိရင် မင်းပြစ် မင်းဒါဏ်တောင်သင့်နိုင်သည့် ( အခန့်မသင့်လျှင် သေဒါဏ်သင့်နိုင်သည့်) တောတောင်တွေထဲမှာ ခဲခဲယဉ်းယဉ်းပွင့်ဖူးရရှာသည့် ပန်းတကာတို့၏ ဘုရင် တော်ဝင်သဇင်ပန်း ကိုမှ ပန်လိုလှလိမ့်မည်ဟု တွေးမိပါတယ်။ ရသပိုင်းအရ ကျွန်တော်ရဲ့ အတွေးက မှားခြင်လည်းမှားနိုင်ပါဗျာ။
မြန်မာစာရှုထောင့်ကနေထက် ကိုယ့်ဘာသာလွတ်လပ်စွာတွေးတဲ့ အတွေးတခုပါ။ မှားရင်လည်းပြင်ဆင်ပေးပါရန် ...
မြန်မာစာဆရာလည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော်က physics သင်သော ဆရာတစ်ယောက်ဖြစ်တာ ကြောင့် ဒီ Steemit ထဲတွင် ကျောင်းဆရာတွေရှိတာ ဟိုတလေားက Group ထဲတွင်ပြောတာကိုတွေ့ရပါသည်။ ကျွန်တော်ထက် အရေးအသားကောင်း တော်သော ဆရာသမားများကိုလည်းတွေ့ရပါသည်။ ဒါ့ကြောင့် ကျွန်တော် ရဲ့အရေးသားများ လွဲချော်နေပါလျှင် ပြန်လည်ပြောကြားပေးပါလို့ ပြောပရစေဗျာ။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကြပါစေဗျာ။

Original writer by @hlamyothet
Credit image>>>Google image

Sort:  

ဘာကိုပဲသင်သင်ပါဗျာ အရေးအသားဆိုတာ နေရာတိုင်းမှာရှိတာပဲလေ၊ အရေးမတတ်လို့ ပြဿနာတက်ရတဲ့အကြောင်းတွေများစွာရှိခဲ့တယ်။ လေ့ကျင့်ယူရတာပေါ့။

သဇင်ပန်းက သစ်ခွမျိုးထဲပါတာလား
ခုမှသိရတယ်၊ ကျေးဇူးတင်ပါတယ် bro

ဗဟုသုတတိုးပါတယ် ပန်းပင်များကောစိုက်ပျိုးပါသလားခင်ဗျာ စိုက်ပျိုးခြင်းကို ဝါသနာပါလို့ပါဗျာ

စိုက်ပျိုးထားပါတယ် တစ်နိုင်တပိုင်ပါဘဲ စီးပွားဖြစ်တော့ မဟုတ်ပါဘူးဗျာ

ကောင်းပါတယ်ပင်မြင့်မှာပေါက်သောပန်း

Thank bro!

အဲ့ ပန်း ကြိုက်တယ်

အိမ်မှာလာယူလှည့် ma ma.

ပန်း​လေးက လှတယ်​​နော်

ဝါသနာတော့ပါတယ်။ မစိုက်တတ်တာခက်တယ်ဗျ။

လွယ်ပါတယ်ဗျ

သဇင်​ပန်းခြံကြီးတစ်​ခု​လောက်​လိုချင်​တယ်

ဟီးဟီး

ကျွန်တော်လည်း ပန်းကလေးတွေကို ကြိုက်နှစ်သက်ပါတယ်။မျှဝေပေးတဲ့အတွက် ကျေးဇူးပါ bro!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63498.69
ETH 2645.91
USDT 1.00
SBD 2.80