ဝင်္ကပါ

in #myanmar6 years ago

ဝင်္ကပါ
image

ဝင်္ကပါ လို ထွက်ပေါက်မတွေ့ရလို့
ခင်ဗျား ခဏခဏ ညည်းညူ နေခြင်း အဖြစ်မှာ

ညနေဆိုရင်အားတယ်
ဘီယာဆိုင်ကလေးမှာ မေ့ပြီး မှ
စားဝတ်နေရေးက မက်လို့မကောင်းဘူး အိပ်မက်

အငယ်ဆုံးသားကလေးကို ဒါမှမဟုတ်
သူ့ အမေလည်း အပါအဝင်
ကမ္ဘာခြားပြီး ညည်းတယ်

ချစ်ခြင်းမေတ္တာတရား သဘာဝမှာ
ဒါးပါးပါးလေးနဲ့ မွေးနေ့ ကိတ်ကို သေနတ်ဒဏ်ရာနဲ့ 
ဟက်ပီးဘတ်ဒ်ဒေး လို့ အော်ပြီး

မိတ်ဆွေတို့ရဲ့. မွေးနေ့ ကို
ဖယောင်းတိုင်မီး များ ငြိမ်းသတ်လိုက်ပါပြီ

ပျော်ရွှင်ပါစေ လို့
ဆုတောင်းမိသော ကဗျာ
ဝင်္ကပါ ထဲ ငရဲကြီးပါစေသား ။ ။

ကို ကျူး

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98