ကွမ်းစားခြင်းရဲဆိုးကျိုး

in #myanmar7 years ago (edited)

Steemit အဖွဲ့ဝင် သင်ဆရာ၊မြင်ဆရာ၊အစ်ကို၊အစ်မ၊သူငယ်ချင်းများအားလုံးမင်္ဂပါလို့
ဦးစွာပထမအနေဖြင့်နုတ်ခွန်းဆက်သပါတယ်ခင်ဗျ။

image

ကျွန်တော်ဒီအကြောင်းကိုရေးသင့်မရေးသင့်အကြိမ်ကြိမ်တွေးတောမိနေတယ်
ခင်ဗျ။ဘာကြောင့်လဲဆိုတော့ steemit platform ပေါ်ကိုရောက်ရှိလာကြသူတွေထဲမှာ
များသောအားဖြင့်ကွမ်းစားသူတွေအများအပြားပါနိုင်လို့ပါပဲ။ဘာပဲဖြစ်ဖြစ်ကျွန်တော်စေတနာ
ရှေ့ထားကာကိုယ်တွေ့အဖြစ်ပျက်လေးမို့နားလည်ပေးစေချင်ပါတယ်။

    ကျွန်တော်တို့မြန်မာနိုင်ငံမှာကွမ်းစားတဲ့သူတွေအင်မတန်များပြားလှပါတယ်။အဲဒီ

အထဲမှာကျွန်တော်လည်းတစ်ယောက်အပါဝင်ပေါ့။စပြီးစားတုန်းကတော့ဘာရယ်မဟုတ်
ပါဘူး။သူငယ်ချင်းတွေစားလို့လိုက်စားတာရှိသလိုတစ်ခါတစ်လေအပျင်းပြေဆိုပြီးစား
ဖြစ်ပါတယ်။နောက်တော့တကယ်စားဖြစ်သွားပါတယ်။မစားရရင်မနေနိုင်တော့ပါဘူး။
အဆိုးဆုံးကတော့ထမင်းစားပြီးရင်ပိုဆိုးပါတယ်။ထမင်းစားပြီးကွမ်းလေးများစားရရင်
တော်တော်ကောင်းတယ်ခင်ဗျ။ဒါကတော့ကွမ်းစားတဲ့သူတိုင်းသိပါတယ်။နောက်တော့
ပါးစပ်ထဲမှာအစာ စားချိန်ကလွဲရင်ကွမ်းပဲဆက်တိုက်စားဖြစ်ပါတယ်။

image

ဒီလိုနဲ့သိပ်မကြာပါဘူးပါးစပ်တွေပေါက်၊အာခေါင်းတွေနာပြီးထမင်းတောင်ကောင်းကောင်း
မစားနိုင်ပါဘူး။ဒီလိုနဲ့ဆေးခန်းသွားပြခဲ့ရပါတယ်။ဆရာဝန်ကတော့ကွမ်းအလွန်အကျွံစားလို့ဖြစ်
တာပါတဲ့၊ကွမ်းဖြတ်နိုင်ရင်တော့အကောင်းဆုံးပါပဲလို့ပြောပါတယ်။ဒီလိုနဲ့ကျွန်တော်ကြိုးစားပြီး
ကွမ်းကိုမရမကဖြတ်ခဲ့ပါတယ်။ခုဆိုကျွန်တော်ကွမ်းဖြတ်တာ(၁)နှစ်ကျော်(၂)နှစ်နီးပါးရှိ
ပါပြီ။သူငယ်ချင်းတို့လည်းကြိုးစားပြီဖြတ်ကြည့်ပါ။လုံးဝမဖြတ်နိုင်ဘူးဆိုရင်တော့ပုံမှန်စားတာ
ထက် လျှော့ လျှော့စားပေးပါလို့တိုက်တွန်းချင်ပါတယ်။

image
image
Photo credit from google images.

ကွမ်း..ကွမ်း..ဆိုပြီးအလွယ်ပြောပေမဲ့ကွမ်းထဲမှာပါဝင်တာတွေကအများအပြားပါပဲ။
ကွမ်းရွက်၊ကွမ်းသီး၊ထုံး၊ရှားစေး၊ဆေးရွက်၊အမွှေးအကြိုင်မျိုးစုံပါပဲ။ကွမ်းယာထဲတွင်ပါဝင်သော
ပစ္စည်းများသည်လည်းအန္တရာယ်နှင့်မကင်းသောပစ္စည်းများသာဖြစ်သည်ဆိုတာကိုဆေးပညာ
အရသိရပါသည်။ကွမ်းစားခြင်ဟာ လူကိုအန္တရာယ်ဖြစ်ရုံသာမကအချို့ကွမ်းစားသူများ
၏မဆင်မခြင်စည်းကဲ့မဲ့စားသုံးသူများကြောင့်ပတ်ဝန်ကျင်ညစ်ပတ်မှုကိုလည်းဖြစ်စေနိုင်ပါသည်။
ထို့ကြောင့်ကွမ်းစား ၊ကွမ်းစွဲနေသူတွေအတွက်ကွမ်းစာခြင်းကိုဖြတ်
နိုင်ကြပါစေရန်ရည်ရွယ်လျှက်
@hanhtay

Sort:  

ဆင့်ခြင်ပါ့မယ်အကိုရေ

ဟုတ်ကဲ့ အစ်ကို

မစားတက်​​ပေမဲ့ ခုလိုသိထား​တော့ ပို​ရှောင်​နိုင်​တာ​ပေါ့

ဟုတ်ကဲ့ပါ အစ်ကို

မ​ကောင်းမှန်းသိ​သော်​လည်း လူ​တွေ

ဟုတ်

ဟုတ်ပါတယ် .. နေ့စဉ်နေ့တိုင်း နှစ်ရှည်လများ .. ထုံးပေါက် ကွမ်းသီး ပွတ်တိုက်ရာကနေ .. အနာမကျက်တော့ဘဲ .. လျာ ကင်ဆာ ပါးစောင်ကင်ဆာ ဖြစ်သွားနိုင်ပါတယ် ..

ဟုတ်ကဲ့အစ်မ

ဒီလို ကျန်းမာရေးအသိပညာပေးပို့စ်လေးတွေကလိုအပ်ပါတယ်။
Thanks for sharing ...

ဟုတ်ကဲ့ အစ်ကို ကျေးဇူးပါ

ဟုတ်ကဲ့ အစ်ကို

ကျော်လဲ အလုပ်ထဲရောက်ရင်စားမိနေတုန်းဘဲ bro လျှော့တော့လျှော့နေပါတယ် thanks

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57913.08
ETH 2452.28
USDT 1.00
SBD 2.36