ပြိတ္တာဘဝအရောက်ခံ၍ ချစ်သောမိခင်

in #myanmar6 years ago

image

အဖေ

" သမီး အမေ့ကို ခနခန တွေ့တွေ့နေရတယ် "

ဟုတ်လို့ လား သမီးရယ်

" နင့်အမေ သူတော်ကောင်းမကြီး မကျွတ်မလွတ်တော့ မဖြစ်တန်ကောင်းပါဘူး "

" အဲ့ဒါတော့ သမီးလည်း မပြောတတ်ဘူး အဖေ ဒါပေမဲ့ အိမ်ရှေ့နားက ဗာဒံပင်ကြီးနားမှာ ခနခန တွေ့နေမိလို့ ပါ " ဟုပြောရင်း ရှိုက်ကြီးတငင် ငိုချလိုက်တော့သည် ။

" ဟုတ်ပါပြီ သမီးရယ် အဖေတို့  လလည်ဆွမ်းသွပ်တော့မှ သေချာအမျှဝေကြတာပေါ့။ စိတ်မကောင်းမဖြစ်နဲ့နော် မငိုနဲ့တော့သမီး " ဟုပြောရင်း အဖေဖြစ်သူလည်း တစ်စုံတစ်ယောက်ကို သတိရမိဟန်ဖြင့် အိမ်ရှေ့ဆီသို့  မျှော်ကာငေးမိနေတော့သည် ။

ယနေ့ နှင့်ဆို သူထွက်သွားခဲ့သည်မှာ လဝက်ပင်ကျော်ခဲ့သည် ။ အိမ်မှုကိစ္စနိုင်နင်းသော အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်သလို ဘာသာရေးဘက်လည်း လိုက်စားသော မယားကောင်းမယားမြတ်တစ်ဦးလည်းဖြစ်သည် ။ သို့ သော် " ကွေးသောလက် မဆန့် ခင် ဆန်သောလက်မကွေးခင် " ဆိုသည့်အတိုင်း သူ့ ထက်အရင် လူ့ ဘဝကို ကျောခိုင်းသွားခဲ့ရသည် ။ ရဟန်းအမ ကျောင်းအမတစ်ဦးမို့  သူ့ ရက်လည်ကား ဘုန်းကြီးပျံကဲ့သို့ ပင် စည်စည်ကားကားနှင့် ပြီးဆုံးခဲ့သည် ။ ရက်လည်ဆွမ်းသွပ်ကိုလည်း ဆရာတော်ကြီးများသေချာပင့်ဖိတ်၍ အမျှဝေ သာဓုခေါ်စေခဲ့သည် ။ ယခု သမီးပြောသလိုလို ခနခနတွေ့နေရသည်ဆိုတာ ဟုတ်မှ ဟုဟိပါ့မလား ။ သံသယဖြစ်နေမိသည် သူ့ သီလ ဒါန ဘာဝနာ အစွမ်းဖြင့် ကောင်းရာမွန်ရာ ဘဝ၌ အေးချမ်းစွာနေနိုင်လောက်ပြီဟုသာ ထင်ထားခဲ့သည် ။ ဒီအတိုင်းဆိုလျှင်တော့ ခက်ချေပြီ လလည်ဆွမ်းသွပ်ကို သေချာဖိတ်ပြီး အမျှဝေပေးမှ ဖြစ်မည်ဟု တွေးရင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တော့သည် ။

ဒီလိုနဲ့ တစ်လပြည့်တဲ့ အခါ သူကိုယ်တိုင် သိက္ခာထပ်ပေးခဲ့သည့်ဆရာတော်ကြီးနှင့်တကွ ရဟန်းသံဃာများ ပင့်ဖိတ်ကာ ဆွမ်းခဲဖွယ်ကပ်လှုပြီး ရည်စူးအမျှဝေတော့သည် ။ သာဓုခေါ်ချိန်အတွင်းလေးမှာပင် ရေစက်ခွက်ကိုင်ထားသော သမီးဖြစ်သူအား ဝင်ပူးတော့သည် ။ အများလို ပယောဂပူးခြင်းမျိုး မဟုတ်၍ ရုန်းရင်းဆန်ခတ်မဖြစ်ချေ ။ ဆရာတော်အားဦးတိုက်ပြီး ရိုသေစွာ ကန်တော့လေတော့သည် ။ ဆရာတော်လည်း အံ့အားသင့်ကာ မေးမြန်းတော့သည် ။ " ဒကာမကြီး အခုဘယ်ဘဝရောက်နေတာလဲ "
" မှန်ပါ့ဘုရား တပည့်တော်မ ပြိတ္တာဘဝမှာပါ ဘုရား"

" ရက်လည်ဆွမ်းသွပ်တုန်းက အမျှဝေတယ် မရလို့ လား ဒကာမကြီးရယ် " ဟုစိတ်မကောင်းစွာ မိန့် တော့မှ . . .

" ရပါတယ် ဘုရား တပည့်တော် တမင်သာဓုမခေါ်ဘဲ နေခဲ့လို့  မကျွတ်သေးတာပါဘုရား အဲ့ဒါကလည်း သမီးလေးကို စိတ်မချလို့ ပါဘုရား "

" သမီးကို အဲ့လောက်တောင်ချစ်ရသလားဟဲ့ တွေ့ကြုံဆုံကွဲ သဘာဝကို ဘုန်းဘုန်းအမြဲ ဟောပြောဆုံးမခဲ့တယ်လေ "

" မှန်ပါဘုရား တပည့်တော်နားလည်ပါတယ်ဘုရား ။ အရင် သာဓုမခေါ်ခဲ့တာက သမီးလေးကို ပူးကပ်ပြီး နှောင့်ယှက်ဖို့ စောင့်နေတဲ့ မကောင်းဆိုးဝါးများကြောင့်ပါဘုရား ။ ယခုသူတို့ လည်းမရှိတော့ပါဘုရား ။ သမီးလေးလည်းထူထူထောင်ထောင်ဖြစ်ပြီး ကျန်းမာရေးကောင်းနေပြီမို့  တပည့်တော်လည်း ကောင်းရာဘုံဘဝ သွားဖို့  သာဓုခေါ်ဖို့ လာခဲ့တာပါဘုရား " ။

" နင်က စောင့်ရှောက်မယ်ပြောရအောင် နိုင်လို့ လား မကောင်းဆိုးဝါးတွေကို ငါနားမလည်လို့  ရှင်းပြစမ်းပါ "

" မှန်ပါ့ဘုရား တပည့်တော် ဒီဘဝရောက်တာက သမီးလေးရဲ့ ငိုသံကြားမိပြီး သမီးအပေါ်စွဲလန်းတဲ့စိတ်နဲ့ ပြိတ္တာဘဝ ရောက်ခဲ့ရတာပါဘုရား ။ ဒါပေမဲ့ တပည့်တော် ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံတွေကြောင့် ဆင်းရဲဒုက္ခမရှိပါဘုရား ။ စားချင်စိတ်ပေါ်လာလျှင် စားသောက်ဖွယ်ရာများ အလိုလိုရရှိပါတယ်ဘုရား ။ သန်းပေါင်းများစွာသော ဘဝတူပြိတ္တာတွေ ကျောတစ်ခင်း အိပ်စရာအတွက် လုယက်တိုက်ခိုက်နေချိန်မှာ တပည့်တော်မအတွက်မှာတော့ ဘုံဗိမ္မာန် ပေါက်ပေးရတယ်ဘုရားတပည့်တော်မက သူတို့ ထက် တန်ခိုးအရာ ကုသိုလ်အရာမှာ ပိုသာတော့ သူတို့ ကြောက်ရွံ့ကြပါတယ်ဘုရား " ယခု သမီးလေးအတွက် စိတ်အေးရပြီမို့  သာဓုခေါ်ဆိုကာ ကောင်းရာဘုံဘဝ သွားတော့မည့်အကြောင်း လာအသိပေးတာပါဘုရား ။

ကောင်းလှပါပေတယ်ကွယ် ကဲ အမျှ အမျှ အမျှ ယူကြပါကုန်လော ။ ဆရာတော်ကြီး၏ အမျှဝေသံနှင့်အတူ သာဓုခေါ်သံများ လွှမ်းသွားတော့သည် အမွှေးရနံ့များလည်း ထုံကြိုင်သင်းပျံနေသည်မို့  ဆရာတော်ဝမ်းသာမိသည်။ မိမိ၏ ရဟန်းအမတစ်ယောက် ကောင်းရာသုဂတိသို့ ရောက်ပြီဖြစ်ကြောင်း သိရှိလိုက်ရသည် ။

မိဘမေတ္တာဆိုသည်မှာ မိမိကိုယ်ကို ပြိတ္တာဘဝအရောက်ခံ၍ပင် သားသမီးအပေါ်ချစ်မြတ်နိုးခဲ့သည် ။ ကာကွယ်စောင့်ရှောက်ပေးခဲ့သည် ။ နောက်တစ်ချက်က သေခါနီး လူအဖို့  စွဲလမ်းစိတ်များဖြစ်ပြီး မကျွတ်မလွတ်ဘဝကို မရောက်ဖို့ ရာ ကျန်ရစ်သူတိုင်းသတိထားသင့်သည် ။ ငိုကြွေးပြနေမည့်အစား ပြုခဲ့ဖူးသည့် ကောင်းမှုကုသိုလ်တို့ ကိုသာ သတိပေးသင့်ပါကြောင်း ပြောရင်း နိဂုံးချုပ်ပါရစေ ။

MSC-181
Author @gunapeya

Sort:  

သာဓုပါ ဘုရား

ကျေးဇူးပါ ဒိုမီရေ

သတိပေးတာမှတ်ထားသင့်ပါသည်

ဖတ်ရှုပေးတာ ကျေးဇူးပါ တစ်ခုခုရသွားရင် ကျေနပ်ပါသည်

မိခင် မေတ္တာပါ ဘုရား

ဟုတ်ပါ့ ဘာလို့  သားသမီးတွေအပေါ်အဲ့လောက် ချစ်တာလဲ စဉ်းစားမရဘူး

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62227.11
ETH 2400.78
USDT 1.00
SBD 2.50