ငြိမ်းအေးမှုကို ရှာဖွေခြင်း ( ၁ )
ရွှေရောင် တဖိတ်ဖိတ်တောက်ပနေတဲ့ နန်းဆောင်ကြီးထဲမှာ ပူပင်သောကရောက်နေသော မျက်နှာထားနဲ့ သက်ပြင်းမောတွေ ရှိုက်နေသူတစ်ဦးရှိသည် ။ ထိုသူကား စစ်ဘုရင် " စဏ္ဌာသောက " ပါတည်း ။ ကြမ်းတမ်းသောဘုရင် ဟူသောဘွဲ့ထူးနှင့်အညီ မိမိ၏ ညီတော် နောင်တော် အပါးတစ်ရာလုံးကို လုပ်ကြံသတ်ဖြတ်ပြီး သွေးစွန်းနေသော ရာထူးကို လုယူခဲ့သူပင်ဖြစ်သည် ။ တိုင်းပြည်အုပ်ချုပ်ခွင့်ရခဲ့သော်လည်း အလိုအာသာရမ္မက်ပြင်းထန်စွာဖြင့် တိုင်းပြည်ငယ်ပေါင်းများစွာကို ဖျက်စီးသိမ်းပိုက်ပြီး ဧကရာဇ်မင်းဟူသော ဘွဲ့ထူးကို ခံယူထားသူလည်းဖြစ်သည် ။ သို့ သော် သူ့ စိတ်ထဲ ပျော်ရွှင် ကျေနပ်ခြင်းဟူ၍ မရှိပေ ။ အမြဲတမ်း တစ်ခုခုကို စိုးရိမ်နေရသည် ။ မည်သည့်အရာမှန်းလည်း အတိအကျ သူမပြောတတ်ချေ ။ ထိုစိတ်ကြောင့် သူ့ ရင်ထဲ ပူလောင်နေရသည် ။ ဒါကြောင့် စစ်ပွဲတွေရှာသည် နိုင်အောင်တိုက်သည် ။ ဒါလည်း သူ့ စိတ်ထဲမှာ အောင်မြင်မှုတည်း ဟူသောပီတိကို ခံစားခွင့်မရသေးချေ ။ သေကြေပျက်စီးသွားသော တိုင်းပြည်ငယ်မှ ကျန်ရစ်သူများ၏ ဆိုးဝါးသော ကျိန်စာများသင့်နေသလိုပင် ခံစားနေရသည် ။
သူ့ စိတ်ကို မနှစ်မြို့စေသည့် အကြောင်းအရာများစွာထဲတွင် တက္ကတွန်းများကို ဆွမ်းကပ်နေရခြင်းလည်းပါသည် ။ သူ့ ဖခင်ကြီးကား တိတ္ထိတက္ကတွန်း ဆရာကြီးများကို ကိုးကွယ်သောကြောင့် နေ့ စဉ်နေ့ တိုင်း တက္ကတွန်း ခြောက်သောင်းကျော် နန်းတော်၌ ထမင်းကျွေးရလေသည် ။ သူ့ လက်ထက်တွင်လည်း အစဉ်အလာမပြတ်ကျွေးမွေးနေရသည် ။ အဝတ်မဝတ် ရေမချိုး အမွှေးအမှင် ထူပြောနေသည့် တက္ကတွန်းများစွာသည် သူ့ စိတ်ကို မည်သို့ မှ ငြိမ်းအေးအောင် စွမ်းဆောင်နိုင်ခြင်းမရှိပေ ။ စားသောက်သည့်အခါတွင်လည်း ဝက်များစားသောက်သလို တိုးကာ ဝှေ့ကာ ဆူညံအော်ဟစ်စွာ စားသောက်နေကြသည့် မြင်ကွင်းမှာ သူမမြင်ချင်ဆုံးပင် ။ သူ့ စိတ်ထဲ အလိုလိုနေရင်း ဒေါသထွက်နေမိသောကြောင့် မျက်နှာလွှဲနေရပေါင်းများသည် ။ သူ့ ဖခင် လက်ထက်တုန်းကတော့ နန်းတော်ထဲ အလေးပေးပြီး ကျွေးမွေးသော်လည်း သူ့ လက်ထက်တွင်တော့ နန်တော်ထဲထိ မဝင်ရောက်ကြပေ ။ စဏ္ဌာသောကမင်းကြီး၏ အရှိန်အဝါကို တက္ကတွန်းများ ကြောက်ရွံ့ကြသည် ။ နန်းတော်၌ ထမင်းစားခွင့်ရသော်လည်း " သင့်တော်သည့်နေရာမှာ နေပြီးစားကြ " ဟူသော မင်းစကားကြောင့် နန်းတော်ထဲထိ မဝင်ရဲကြပေ ။ နန်းရင်ပြင် နန်းတော်လှေကားရင်း မှာသာ ဖြစ်သလိုစားသောက်ပြီး ပြန်ကြရသည် ။ ထိုမြင်ကွင်းကို မမြင်လိုသော ဘုရင်ကြီးကား နန်းတော်လေသာပြတင်းပေါက်၌ ရပ်ရင်း နန်းတော်တစ်ဖက် တံတိုင်းအပြင်သို့ သာ ငေးကြည်နေမိတော့သည် ။
နန်းတော် အပြင် မြို့ထဲတွင်တော့ လူများလှုပ်ရှားသွားလာနေကြသည်ကို သူတွေ့နေရသည် ။ သူတို့ ၏ မျက်နှာပေါ်မှာလည်း အေးချမ်းမှုကို မတွေ့ရ ။ စားဖို့  သောက်ဖို့  နေဖို့  ထိုင်ဖို့  အတွက် ပူပင်နေရသော မျက်နှာများကိုသာ တွေ့နေရသည် ။ စစ်သည်တော်များ ကြိုးတုပ်၍ ခေါ်လာသော သုံ့ပန်းများတွင်လည်း ထိတ်လန့် နေသော မျက်နှာများသာ ပေါ်လွင်နေသည် ။ ကျီလန့် တစာစာဖြစ်နေသော လူများ ပျာယာခတ်နေသော သူများသာ တွေ့မြင်နေရသည်မို့  စိတ်အပျက်ကြီးပျက်နေချိန် သူခေတ္တခဏ မှင်သက်သွားသည် ။ ထိုကဲ့သို့ သော ပူပင်သောကများပွေ့ပိုက်ထားသည့် လူများကြားထဲမှ အေးချမ်းသော မျက်နှာပိုင်ရှင်ကို သူတွေ့လိုက်ရသည် ။ ဘယ်လောက်အေးချမ်းသလဲတော့ သူမခန့် မှန်းတတ်ပေ အဝေးကမြင်တွေ့လိုက်ရသည့်ခဏအတွင်းမှာပင် သူ့ ရင်ထဲကို အေးချမ်းမှုတွေ တစ်စိမ့်စိမ့်တိုးဝင်လာသကဲ့သို့  ခံစားမိလိုက်သည်ကတော့ အသေအချာပင် ။ ထိုမျက်နှာပိုင်ရှင် ဘယ်ကိုရှေးရှုသွားနေသည်လဲ လိုက်ကြည့်ရင်းမှ နန်းတော်ထဲ ခေါ်ဖို့ သူသတိရမိသွားသည် ။ ဒါနဲ့ မင်းချင်းတစ်ယောက်ကို စေလွှတ်ပြီး အခေါ်ခိုင်းလိုက်လေတော့သည် ။
ဆက်လက် စောင်မျှော်ရန် . . . .
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။
MSC-181
Author @gunapeya
သီရဓမ္မာ အသောက မင်းတရားကြီး ဇာတ်လမ်းအစပေါ့ ဘုရား
ကိုဟိန်းက တန်းသိနေတယ်ပေါ့
ကောင်းလှပါတယ်အရှင်ဘုရား။ဒီလိုလေးတွေ ဖတ်ရတာ တပည့်တော်တို့အတွက် အကျိုးများလှပါတယ်ဘုရား။စောင့်မျှော်အားပေးပါ့မယ်ဘုရား။
ဟုတ်ကဲ့ပါ မိကမာဝက်ရေ ရေးအားရှိတာပေါ့
ထိုဇာတ်လမ်းမျိုးတွေ ဖတ်ချင်တာနဲ့အတော်ဘဲ။ကျေးဇူးပါအရှင်ဘုရား။
မနက်ဖြန် အဆက်လာမယ်
ရှာဖွေပါတော့မယ် ဦးဇင်း
ဇာတ်လမ်းက လမ်းညွှန်ပြပါလိမ့်မယ်
ဆက်လက်စောင့်မျှော်အားပေးလျှက်ပါဘုရား
မနက်ဖြန် မျှော်ပေါ့
တို့ ဆရာတော်ရဲ့ ဇာတ်တော်များ ဆက်မျှော်နေပါ
မည်ဘုရား
အားပေးတာ ကျေးဇူးပါကိုညီ
သိရီဓမ္မာ ...... သောကမဟာရာဇာ........... ရေတွင်းပေါင်း က ဆိုလားပဲ ဘုရာ့ မေ့ကုန်ပြန်တာ ဦးဖင်းရေးတော့ တကျော့ပြန်မှတ်မိရတာပေါ့ဘုရား
ဟုတ်တယ် ဦးစိုး အခုက သီရိဓမ္မာအသောကရယ်လို့  မဖြစ်သေးဘူး လူဆိုးအသောက ဘဝပဲရှိသေးတယ်
အာသောကမင်းကြီးအကြောင်းဇာတ်လမ်းတွေတော့
ကြည့်ဖူးတယ်ဘုရား
ဦးဇင်းလည်း စွမ်းသလောက် ရေးပေးပါ့မယ်ကွယ်
ဆက်ဖတ်ပါရစေ ဘုရား