ငြိမ်းအေးမှုကို ရှာဖွေသူ ( ၄ )

in #myanmar6 years ago

image

နိဂြောဓ သာမဏေငယ်လေး ဟောကြားသော သတိတရားတော်ကြောင့် အသောကမင်းကြီး၏ စိတ်တွင် မေ့လျော့ခြင်းများမဖြစ်တော့ပေ ။ အတန်အသင့် ငြိမ်းအေးခြင်းကိုရှာတွေ့ခဲ့လေသည် ။ တိုင်းပြည်ငယ်ပေါင်းများစွာ စိတ်လိုက်မာန်ပါ တိုက်ခိုက်သိမ်းပိုက်ခဲ့သမျှအပေါ့် သူနောင်တရမိသည် ။ သူအတွက်နယ်ပယ်ကျယ်ဝန်းပြီး ပိုင်ဆိုင်မှုများလေ သူဆုံးရှုံးရမှာ ကြောက်စိတ်ဖြင့် သောကဖြစ်ခဲ့သမျှ ယခုမူ သူသတိထားမိလာသည် ။ ဘယ်လောက်ပဲစည်းစိမ်ဥစ္စာ ချမ်းသာနေပါစေ တစ်ကိုယ်စာသာ ဝတ်ရုံဆင်မြန်းနိုင်သည် ။ ဝမ်းဝရုံသာ စားသောက်နိုင်သည် ။ တစ်ကိုယ်စာသာ အိပ်စက်နိုင်သည် ။ ထို့ ကြောင့် သူပိုင်ဆိုင်သမျှကို သူအကျိုးရှိရှိ အသုံးပြုရမည် ဟူသော အတွေးများစွာလည်း ပေါက်ဖွားလာခဲ့တော့သည် ။ သူ့ အတွက် မှီခိုရာကောင်းလည်း သူ့ ရှေ့တွင်ရှိနေပြီမို့  စိတ်အေးချမ်းသာမှုများဖြင့် ကြည်နူးနေရတော့သည် ။

image

နန်းတော်ထဲ ကြီးမားသော အလှုအတန်းများ ပြုလုပ်တော့သည် ။ ဘိုးတော် စန္ဒဂုတ်မင်း လက်ထက်ကစပြီး သူ့ ခမည်းတော်တိုင်အောင် အရည်းကြီး တိတ္ထိတက္ကတွန်းများသာ ကိုးကွယ်လာခဲ့ကြသည်ကို သူ့ လက်ထက်တွင်ပယ်စွန့် ခဲ့သည် ။ တစ်နေ့ လျှင် အဝတ်မဝတ်သော တက္ကတွန်းခြောက်သောင်းအား ကျွေးမွေးမှု ပြုနေရာမှ ရဟန်းသံဃာခြောက်သောင်းအား ပင့်ကာ လှုတန်းမှုများပြုလုပ်ခဲ့သည် ။ နိဂြောဓ သာမဏေငယ်၏ ဆရာများဖြစ်သော မထေရ်ကြီးများအား ကိုးကွယ်ဆည်းကပ်ခွင့်ရခဲ့သည် ။ မထေရ်ကြီးများ၏ အလိုဆန္ဒ သူ့ ၏ ပြင်းပြသော လုံ့ လတို့ ဖြင့် သာသနာတော် သန့် ရှင်းစေခြင်းငှာ တတိယသင်္ဂါယနာတင်ခဲ့သည် ။ ထိုအခါမှ ဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်တော်များ၌ တရားဓမ္မပေါင်း ( ဓမ္မက္ခန္ဓာပေါင်း ) ရှစ်သောင်းလေးထောင်ရှိကြောင်း သိခဲ့ရသည် ။ ဤသည်ကို အကြောင်းပြုပြီး သူ့ ပိုင်ဆိုင်သမျှထဲမှ အသပြာကိုးဆယ့်ကိုးကုဋေထုတ်ယူပြီး ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်းရှစ်သောင်းလေးထောင် ဇရပ် တန်ဆောင်း စသည်အားဖြင့် အကြီးအကျယ် ဆောက်လုပ်လှုတန်းခဲ့တော့သည် ။ ထိုသို့ လှုတန်းမှုကြောင့် သီရိဓမ္မာအသောက ( ကျက်သရေမင်္ဂလာပြည့်စုံပြီး သောကကင်းသောသူ ) ဟူသော ဘုရင်တစ်ပါးအဖြစ် ထင်ရှားလာခဲ့တော့သည် ။

image

တစ်နေ့ သောအခါနိဂြောဓ သာမဏေ၏ ဆရာဖြစ်သော မောဂ္ဂလိပုတ္တမထေရ်မြတ်ကြီးအား ချဉ်းကပ်ပြီးမေးလျှောက်လေသည် ။ " အရှင်ဘုရား ဘုရားရှင်လက်ထက်တော်အခါက မိမိကဲ့သို့ သော အလှုအတန်းရက်ရောသူများ ရှိခဲ့ဖူးပါသလားဘုရား တပည့်တော်အနေနဲ့ သာသနာ့ဒါယကာအဖြစ် ခံယူထိုက်ပြီလားဘုရား " ဟုမေးလျှောက်သောအခါ
မထေရ်မြတ်ကြီးမှ " ဒကာတော်မင်းကြီး ဘုရားရှင်လက်ထက်တော်က အနာထပိဏ်သူဌေးကြီးတို့ ရှိခဲ့ဖူးပါသည် ။ အလှုအတန်းရက်ရောပြီး ဆယ်ရှစ်ကုဋေမျှသော စည်းစိမ်တို့ ကို သာသနာတော်အား လှုတန်းခဲ့ပါသည် ။ စည်းစိမ်းဥစ္စာ စွန့် လွှတ်ခြင်းဖြင့်တော့ ဒကာတော်မင်းမြတ်က သညလွန်ပါသည် ။ သို့ သော် သာသနာ့ဒါယကာဟူ၍ မခံထိုက်သေးပါ " ဟုဖြေကြားလေသည် ။ ထိုအဖြေစကားကြောင့် အသောကမင်းကြီး ဘဝင်မကျဖြစ်ခဲ့ရသည် ။

" အဘယ်ကြောင့် သာသနာ့ဒါယကာမဖြစ်ထိုက်သေးတာလဲ ဘုရား မည်သို့ ပြုလုပ်ရမည်နည်းဘုရား လမ်းညွှန်ပြတော်မူပါ "

" ဒကာတော် မင်းကြီး၏ ရင်နှစ်သည်းချာ သားသမီးရတနာတို့ ကို သာသနာဘောင်အတွင်း သွတ်သွင်းပေးခြင်းဖြင့်သာ သာသနာ့ဒါယကာဟု ခေါ်ထိုက်ပေသည် ဒကာတော်မင်းကြီး " ဟု ဖြေကြားချက်ကြောင့် အသောကမင်းကြီး ပျော်ရွှင်သွားတော့သည် ။ သူ့ ထံတွင် သားတစ်ယောက်သမီးတစ်ယောက်ရှိသည်မို့  သာသနာ့ဒါယကာ ခံယူခွင့်ရတော့မည် ဆိုသော အတွေးနှင့် ကြည်နူးမိတော့သည် ။ ထိုအချိန်ကစပြီး မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးတိုင်း သားလေးမွေးလျှင် ရဟန်းဘောင်တတ်ပေး ပဉ္ဇင်းခံပေးပြီး သမီးလေးမွေးလျှင် နားသပေးရသည့် အစဉ်အလာဖြစ်ပေါ်လာခဲ့သည် ။ အလှုအတန်းကြီးပေးနေသော်လည်း သာသနာ့ဒါယကာ ဖြစ်ခွင့်မရပေ ။ မိမိရင်မှ ဖြစ်သောသားသမီး သူတစ်ပါးရင်မှဖြစ်သောသားသမီးတို့ ကို သာသနာ့ဘောင်အတွင်းသွတ်သွင်းပေးခြင်းဖြင့်သာ သာသနာ့ဒါယကာအဖြစ် အကျိုးကျေးဇူးများလှမည်သာဖြစ်ပေသည် ။

ဆက်ရန် . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

သားလေးကို သာသနာ့ဘောင် သွင်းရပါအုံးမယ် ဘုရား

ဟုတ်တယ် မတ်စုရေ ဒါမှ သာသနာ့ဒါယိကာမကြီးဖြစ်ပြီး အပါယ်တံခါးပိတ်မှာ မြန်မြန်သာပြုပေးပေတော့

ဗဟုသုတရရှိပါတယ်ဘုရာ့
စာပေကိုတော်တော်လေ့လာထားပုံရတယ်
ဒီထက်မကသောစာပေများစွာကို ပိုမိုလေ့လာကြိုးကုတ်အားထုတ်နိုင်ပါစေ။
လေ့လာဖို့ အချိန်များစွာ ရရှိနိုင်ပါစေလို့ တပည့်တော် ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ဘုရား။

ဆယ်စုနှစ် တစ်ခုနီးပါးသင်ကြားလာခဲ့ရတာမို့  အနည်းငဟ်တော့ သိနေပါသည် ပြည့်စုံအောင် ကြိုးစားနေတုန်းပါ ကိုမိုးဇော်ရေ

တင်ပါ့
အားပေးနေပါတယ်ဘုရာ့။

မျှ​ဝေ​ပေးတာ​ကျေးဇူးပါ

တက္ကတွန်း နှင့် ဂျိမ်း အတူတူပဲလား ဘုရား

ဘုရားရှင်လက်ထက်တုန်းကတော့ မီးလှုံ ရေငုပ် တုံးခုန် ဇယ်ခတ် စတဲ့ ကိလေသာခေါင်းပါးအောင်ကျင့်ကြံနေတဲ့သူတွေကို အယူမှားကျင့်သူ တိတ္ထိ တက္ကတွန်းလို့ ခေါ်ခဲ့ပါတယ် ဒီနေ့ ခေတ်မှာကျတော့ ဂျိမ်းဆိုတဲ့ ဘာသာာရေးနာမည် အကြောင်းပြုပြီး ဂျိမ်းဘုန်းတော်ကြီးဆိုပြီး သုံးစွဲကြတယ် နာမည်သာကွဲပါတယ် အတူတူပါပဲ ဂျိမ်းဆိုတာက ရှေးခေတ် တက္ကတွန်း အရည်းကြီးသာသနာကနေ ဆင်းသက်လာကြတဲ့သူတွေပါ အိန္ဒိယမှာ အများကြီးရှိကြပါသေးတယ်

အ​သောကမင်းကြီးရာဇ၀င်​ကိုပြန်​လည်​ရိုက်​ကူးထားတာကြည့်​ဖူးပါတယ်​...ဗဟုသုတရပါတယ်​...ဆက်​ပြီးဖတ်​ပါ့မယ်​....

ဇာတ်သိမ်းတော့မှာပါကွယ် စဉ်းစားမရတော့ဘူး

အ​သောကမင်းကြီးအ​ကြာင်းစိတ်​ဝင်​စားလှပါတယ်​ဘုရား

ဟုတ်ကဲ့ မအိရေ စိတ်ဝင်တစား ဖတ်ရှုပေးတာ ကျေးဇူးပါ

ထူးဘူးဘုရာ့ ..တပည့်​​တော်​လဲ ဘုန်​ကြီးဝတ်​​တော့မယ်
ငြိမ်း​အေးမှူကို​တွေ့သွားပြီ အဟီးးးး

တောထွက်ချင်စိတ်ပေါက်သွားပြီထင်တယ်

သာသနာ့အမွေတော်တော့ ခံဘူးပြီးပါပြီဘုရာ့ လူဖြစ်ရကျိုးနပ်တယ်လို့ဆိုချင်လည်း ဆိုနိုင်ပါပြီဘုရာ့

ကောင်းတာပေါ့ ဦးစိုးရေ ဒါအမြတ်လို့ ပဲ တွက်ရတော့မပေါ့

ဗုဒ္ဓဘာသာတွင်ထူးမြတ်သောသာသနာ့ဒါယိကာခံယူခွင့်ရတာမွန်မြတ်လှပါသည်

သမီးနှစ်ယောက်ကော နားသမင်္ဂလာပြုပြီးပြီလား

အရှင်ဘုရားတပည့်တော်မသမီးနားမဖောက်ဖြစ်ပါအခုတကသိုလ်ရောက်တော့လှချင်တော့သူတို့ဖောက်လိုက်တယ်ကင်ပွန်းတပ်မင်္ဂလာတော့မွေးပြီးကတည်းကအသေအချာလုပ်ပေးထားပါတယ်ဘုရား

တရးတော်တွေကို ကွန့်မန့်ရေးဖို့ခက်လှပါတယ်

ဟုတ်တယ် ဦးမင်းရေ ကိုဟ်တိုင်လေ့လာပြီးမှ ထောက်ရှုတာပိုသင့်တော်ပါတယ် သို့ ပေမဲ့ အမှန်တရားက နည်းနည်းတော့ ရှာဖွေက ခက်ခဲတာပေါ့

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63235.53
ETH 2558.76
USDT 1.00
SBD 2.63