မြန်မာ့အားကစားနှင့် ကမ္ဘာဖလား

in #myanmar6 years ago

image
image
ငယ်ငယ်ကတည်းက ကြားနေကြပြက်လုံးလေး တစ်ခုရှိခဲ့ဖူးသည် မြန်မာ့ အားကစားကမ္ဘာကို လွှမ်းရမည် ဆိုသော စကားပင် သီဆိုရေးစပ်ခဲ့သူများက အတိတ်နိမိတ်ဆောင်၍ ရေးစပ်ခဲ့သော်ငြား ခေတ်ဆိုး စနစ်ဆိုးအောက်က မြန်မာ့တို့ ရဲ့ အားကစားလောကမှာဖြင့် ဒုံးရင်းက ဒုံးရင်းမို့  အားမလိုအားမရဖြစ်မိသည် ယခုမူကား ကိုယ်နိုင်ငံကိုဟ် အားပေးရမည့်အစား သူများနိုင်ငံကိုသာ အားပေးနေရသည်မို့  ရွှေမြန်မာတို့ ကို အားမလိုအားမရဖြစ်မိသည် မိမိအသည်းစွဲကြိုက်သည်က စပိန်အသင်းဖြစ်ပါသည် လာလီဂါကလာပ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နှင့် ရီးရဲလ်မက်ဒရစ်နှစ်သင်းပေါင်းထားသည့်ခြေစွမ်းမျိုး TiKi TarKar ကစားဟန်များဖြင့် ပရိတ်သတ်ကို ဆွဲဆောင်နိုင်စွမ်းရှိသည် သို့ သော် စပိန်နှင့် မြန်မာသာ ကန်ခိုင်းပါက မြန်မာအသင်းကိုသာ အားပေးမိမှာ အသေအချာပင် အဘယ်ကြောင့်နည်း မိမိအား မြန်မာနိုင်ငံကိုချစ်သော မြန်မာလူမျိုးကို ချစ်သော မြန်မာနိုင်ငံသားတစ်ယောက်ပေမို့  မိမိနိုင်ငံကိုသာ အောင်လံတလူလူဖြင့် မြင်ချင်ပါသည် ၂၀၁၈ ကမ္ဘာဖလားများစတင်တော့ သူသူ ငါငါ ဘောလုံးဝါသနာရှင်များ အိပ်ရေးပျက်ခံပြီး ကြည့်ကြသည် သို့ ပေမဲ့ အားပေးရသည်မှာ တခြားသောနိုင်ငံအသင်းများသာ ဖြစ်ပေတာမို့  မြန်မာအသင်းအား အကြံတစ်ခုတော့ ပြုချင်ပါသည် အစဉ်အလာကို ထိန်းတာလည်းထိန်းပေါ့ တစ်ခါတစ်လေတော့လည်း အစဉ်အလာလေး ချိုးဖောက်ပြီး ခြေစစ်ပွဲလေး အောင်အောင် ကန်ကြပါဦးလို့  ဒါမှ အုပ်စုလေးတတ်ပြီး ကန်တာ မြင်ရမှာ အားပေးချင်လွန်းလို့ ပါလို့  ပြောပါရစေ

Photo Credit Original Source.

Sort:  

Well done @gunapeya! You successfully guessed the match result.

Group Phase - Uruguay vs Saudi Arabia
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!

thank your comment @steemitboard

တပည့်တော်တို့လည်းအားပေးချင်ပါသည်ဘုရား

ဆရာ ရိုက်မှာ မကြောက်ဖူးလား

ဦးဇင်း စာဝါမလိုက်ဘဲ ဘောပွဲ ကြည့်နေတာလား

ဟီးးးး စာချဆရာတော်ကိုယ်တိုင် ပြတာဆိုတော့ ကြည့်ရတာပေါ့လို စ့်

မှန်သည်မြန်မာခြေစစ်ပွဲလောက်အောင်သင့်အောင်တက်လှမ်းပါ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63057.34
ETH 2546.78
USDT 1.00
SBD 2.64