ရာဘာပင်မုန်းသော ရောဂါ

in #myanmar6 years ago

image

နည်းနည်းတော့ ထူးဆန်းသွားမည် ထင်ပါသည်။ လူတိုင်း လူတိုင်း ရောဂါ တစ်မျိုးဆီ ရှိကြပါသည်။ အကြွားထူရောဂါ၊ ဘဝင်လေဟပ် ရောဂါ ၊၉၆ ပါးတို့ တွင် တစ်မျိုးမျိုးသော ရောဂါ စသဖြင့် ရှိနေကြမည် ထင်ပါသည။် မရှိဘူးထင်ပါကလည်း Medical Check သာလုပ်ကြည့်ပါ။ ရောဂါတစ်ခုခု ပေါ်လာလိမ့်မည်ဟု အာမခံပါသည်။ စကားက ဘေးချော်သွားပြီး လိုရင်းမရောက်ဘဲ နေလိမ့်မည်။ ရာဘာပင် မုန်းသော ရောဂါ စွဲကပ်နေသူကတော့ တစ်ခြားသူမဟုတ် မိမိနှင့် ဆယ်နှစ်နီးပါး အတူနေလာခဲ့သော သူငယ်ချင်းပင် ဖြစ်လေသည်။
image
အဘယ်ကြောင့် မုန်းရသနည်း။ အကြောင်းရင်းရှိပါသည် ဘယ်လောက်မုန်းသနည်းဆိုတာတော့ မိမိမပြောတတ် ၊မိမိနှင့် အတူ ကျောင်းခြံဝင်းထဲ ဒူးရင်းသီး သွားကောက်ကြသည့် အခါမျိုးတွင် မျက်စိနဲ့တွေ့သော ရာဘာပင်မှန်သမျှ ဓားနှင့်ခုတ်တတ်သည်။ အပင်ငယ်ပါက ဆွဲနှုတ်ပြီး စုပုံကာ မီးရှို့ပစ်လေ့ရှိသည် ။သူ၏ ဆရာသမား ဆူမယ် ထင်သော်လည်း ဆူပူအော်ငေါက်ခြင်းမရှိ သူစိတ်ရှိတိုင်းသာ ထားသည် ။ထို့ ကြောင့် ထူးဆန်းသည်ဟု ထင်မိ၍ အနည်းငယ် မေးကြည့်တော့မှ ဘာကြောင့်မုန်းရသလဲ ဆိုတာ ဖြေပါသည်။

ယခင်က သူနေထိုင်ရာ ရွာကလေးကား ဒညင်း၊ ဒူးရင်း၊ ဖာလာ ကွမ်းခြံ စသည့် ဥယျာဉ်ခြံမြေများနှင့် ချောင်လည်စွာ စားသောက်နိုင်ကြသည့် အခြေအနေ ရှိကြသည်။ တစ်နေ့ ဘယ်ကုမ္ပဏီ ပိုင်တယ်ဟုဆိုကာ သူ့ ဘိုးဘွားဥယျာဉ်ခြံတွေ အကုန် ခြံခတ်ပြီး သိမ်းဆည်းခံရသည် ။ထို့ မျှ မကသေး အကုန်ခုတ်လှဲ မီးရှို့ပြီးမှ သူအလွန်မုန်းသော ရာဘာပင်များ စိုက်ပျိုးကြလေသည်။ တောင်သူတောင်သားတွေအဖို့  အသိညာဏ်မကြွယ်ဝသေးတော့ စာရွက်ပေါ် ဘာရေးထားမှန်းမသိတာတွေ ပြပြီး ခြိမ်းခြောက်ခံရသောကြောင့် လုပ်ကိုင်စားသောက်စရာ ခြံမြေများ ဆုံးရှုံးခဲ့ရသည်။ ဒီတော့ လူမမယ် ကလေးတွေ ထားပြီး ယိုးဒယား သူတို့ အခေါ် ရှမ်းပြည်သို့ တတ်ကြသည် ။သို့ သော် ကံမကောင်းခဲ့ မိဘနှစ်ပါးလုံး သေသည် ရှင်သည် သတင်းအစအနပင် မရတော့ချေ ။ထို့ ကြောင့် ကျောင်းအိပ် ကျောင်းစား နေရင်း ရွာဆရာတော်၏ ဝေယျာဝစ္စလုပ်ပေးသည့် ကိုရင် ဖြစ်လာခဲ့သည် ။ထို့ နောက် မြို့သို့  စာသင်သွား ဗဟုသုတ ကြွယ်သည့်အခါမှ ပြန်လာခဲ့တော့ သူ့ ရွာကျောင်းတစ်ဝက်ပင် ခြံခတ်ပြီး ရာဘာပင်များ စိုက်ထားသည်ကို တွေ့ခဲ့သည်။ မည်သူပိုင်သည် မသိ၊ မည်သည့်အချိန် သိမ်းသွားမှန်းမသိနှင့် သူ့ ခမျာ တော်တော် ခံပြင်းခဲ့ရသည်ဟု ဆိုပါသည် ။ဒါကြောင့် ခြံစည်းရိုး ဒီဘက် ကျောင်းဝင်းခြံအတွင်း မည့်သည့်ရာဘာပင်မှ မထား တွေ့သမျှ အကုန်ဖျက်စီးသည် ။ခုတ်လှဲသည် သူစိုးရိမ်သည်မှာလည်း အဆိုးမဆိုသာ ရာဘာပင်ရှိသည့်နေရာ မည်သူပိုင်မှန်း မသိသော နေရာ အဖြစ်မခံပေ။ သူမုန်းသည်မှာ တော်တော်မုန်းသင့်မုန်းထိုက်သည်ဟုသာ ဆိုချင်ပါသည်။

နောက်ဆုံးတစ်ချက်က သူ့ ရွာကလေး၏ အလှအပကို ဖျက်ဆီးမည့် ရေကာတာ တည်ဆောက်ဖို့  ကုမ္ပဏီ ဝင်ရောက်လာချိန်မှာတော့ သူတော်တော် ပင်ပန်းခဲ့ရသည် ။လျော်ကြေးလိုချင်သူ ဝိသမလောဘသားများက ဘယ်လိုမှ မဖြစ်နိုင်သည့် တောင်စောင်းလို နေရာမျိုးများတွင် သဘာဝ အပင်များခုတ်လှဲ မီးရှို့ ပြီး ကျောက်တုံးများပေါ် မြေကြီးပုံ ရာဘာပင်များစိုက်ပြီး ကိုယ်ပိုင်ခြံဟုဆိုကာ လျော်ကြေးများလိုချင်ကြသည်။ သူပြောသည့် စကားရှိသည်။ " အရှင်ဘုရား စဉ်းစားကြည့် အပင်ကြီးတောင် ခြစ်လို့ မရတဲ့ တောင်စောင်းတွေကအစ ရာဘာပင်တွေ ပြည့်နေတယ်။ ဒီအမျိုးယုတ် ရာဘာပင်ကလည်း ကျောက်တုံးပေါ် အစေ့ချတောင် ထပေါက်တဲ့ကောင် အဲ့ဒါကြောင့် ကျုပ်ကျောင်းထဲ တစ်ပင်တောင် မမြင်ချင်ဘူး " ဆိုပြီး ခါးခါးသီးသီး ဖြစ်ခဲ့ရသည်။ တကယ်တော့ လျော်ကြေးလိုချင်တဲ့ သူများကလည်း သူတို့ စိုက်တဲ့ ရာဘာပင် ဒါသူတို့ ခြံမြေဆိုတဲ့ အစွဲနဲ့ လျော်ကြေးမျှော်နေသလို သူငယ်ချင်းကလည်း ဘယ်ရေကာတာမှ မပေးလုပ်ဘူး။ လျော်ကြေးလည်းမလိုဘူးဆိုတဲ့ ဆန္ဒကြောင့် အနည်းနဲ့အများ တွန်းလှန်ခဲ့ရဖူးသည်။ ယခုဆို ရာဘာပင်တွေလည်း ကြီးလေပြီ ။ခြစ်မဲ့သူမရှိ စောင့်ရှောက်သူမရှိနှင့် တောင်ပြိုတဲ့အခါ ပျက်စီးကုန်ချေပြီ။ ရေကာတာ စီမံကိန်းကြီးလည်း အပြီးသတ် ရပ်ဆိုင်းသွားခဲ့လေသည်။ သို့ သော် မိမိသူငယ်ချင်းမှာ စွဲကပ်နေသည့် ရာဘာပင်မုန်းသည့် ရောဂါကို မည်သို့ ကုသရမည်နည်းဆိုတာတော့ ယနေ့ ထိ မစဉ်းစားတတ်တော့ချေ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။

MSC-181
Author-@gunapeya

Sort:  

မုန်းလည်း မုန်းသင့်​ပါတယ်​ ဘုရား .. တပည့့်​တော်​ ​တွေ့ဖူးတဲ့ တစ်​​ယောက်​က​တော့ ထူးထူးဆန်းဆန်း လက်​ဖက်​ မုန်းတာဘုရား .. ဘာ့​ကြောင့်​မှန်း မသိခဲ့ပါဘူး ဘုရား ..

သမီးလေးကို vote ပေးပါ Number 3 https://steemit.com/steem/@kengtong/please-vote-for-candidate-number-3 thank you 🙏 very very much

ရာဘာပင်မုန်းတဲ့ရောဂါကိုကုနိုင်တဲ့ ဆရာဝန်မရှိလောက်ဘူး 😁

ပေါက်ဖော်ကြီးတွေကတော့ ကုနိုင်လောက်ပါတယ်

ဟုတယ်ဘုန်းဘုန်း တချို့ဆို တပြင်အရာတွေမုန်းတာလဲတွေ့ဖူးတယ်

ဟားဟား

ဟုတယ်ဘုန်းဘုန်း တချို့ဆို တပြင်အရာတွေမုန်းတာလဲတွေ့ဖူးတယ်

ဟုတယ်ဘုန်းဘုန်း တချို့ဆို တပြင်အရာတွေမုန်းတာလဲတွေ့ဖူးတယ်

ထူးဆန်းတယ်​​နော်​ဦးဇင်း

ရာဘာမုန်းသူ
တော်သေး မီးမရှို့ လို့ 
နို့ မို့ တောမီးလောင်ရင်ခက်ပ

ဟိုရက်ကတော့ သစ်တော ဦးစီးက လာရှို့သွားသေးတယ်

ဦးဇင်း အစွဲကလည်း ထူးထူးဆန်းဆန်းနော်

ဟုတ်ပါ့ မတ်စုရေ တစ်ရွာ ဂါထာတစ်ပုဒ်ဆန်းသလိုပေါ့

လွယ်တယ်လေဦးဇင်းကလဲ..တစ်နိုင်ငံလုံးမှာရှိတဲ့ရာဘာပင်တွေအကုန်ခုတ်ပလိုက် ပျောက်ပြီပေါ့.

အင် သစ်တောဦးစီးကို ပြောရမယ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63595.77
ETH 3415.98
USDT 1.00
SBD 2.49