သူငယ်ချင်းဆိုသည်မှာ

in #myanmar6 years ago

image

facebook တစ်ခါတစ်လေ ဖွင့်ကြည့်ရင်း အူတတ်အောင် ရီမောခဲ့ရသည့် ကာတွန်းလေးတစ်ခုအကြောင်း ရေးချင်လာလို့ ။ ယခုစာရှုသူတို့လည်း ဖတ်ရင်းပြုံးမိတယ်ဆိုရင်ပဲ ဝေမျှရကျိုးနပ်ပါပြီ ။ ကာတွန်းပုံလေးနဲ့ စာလေးက အနည်းငယ်မျှသာ ပါပါသည် ။ သူငယ်ချင်းဆိုတာ ခေါင်းစဉ်လေးနဲ့မို့  တစ်ဦးပေါ် တစ်ဦး နားလည်မှုရှိရမယ် ။ ဖေးမရမယ် ကူညီစောင့်ရှောက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်များလားပေါ့။ ပိုစ့်တင်တဲ့ Gp ကလည်း ဝါးလုံးကွဲအောင် ရီကြမယ် ဆိုတဲ့ ဂရုကတင်တာဆိုတော့ နည်းနည်းလေးကြည့်မိသည် ။ ထိုသို့ သော ဟာသGp များသာမိမိ join ထားသည် ။ ရီစရာ ဟာသများ memeများ comic များမှာ သူတစ်ပါးမတွေးမိသည့် အရာမျိုးကိုသာ ဟာသအနေနဲ့ ဖော်ပြလေ့ရှိကြသည်မို့  အမြဲပြုံးနေရသည် ။

တစ်နေ့  အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ငါးမြှားထွက်ကြသည် ။ နေကပူသမို့  ရေအိုင်ထဲ ငါးများ
ဟိုနားပွက် ဒီနားပွက်နှင့် ရေကလည်းနည်း ငါးကလည်းပွက်ဆိုတော့ သူငယ်ချင်းနှစ်ယောက် ငါးမြှားတံကိုယ်စီနှင့် ပျော်နေကြသည် ။ ကာတွန်းထဲမှာတော့ ပုံနှင့်စာတစ်ကြောင်းနှစ်ကြောင်းမျှသာ comic ပုံလေးများကလည်း ဟာသဖြစ်ဖွယ်လေးမို့  မိမိစိတ်ထဲ ပေါ်လာသည့်အတိုင်းသာ ရေးပြခြင်းဖြစ်ပါသည် ။ ဆက်ပါစို့  နေလည်းတဖြည်းဖြည်းစောင်းလာချေပြီ ။ ငါးများကလည်း ပွက်မြဲပင် ။ သို့ သော် သူငယ်ချင်းနှစ်ယောက် တစ်ကောင်မျှပင် မမိသေးချေ ။ ဒီတော့ ငါးမရ ရေချိုးပြန် ဆိုတဲ့အတိုင်း
" ငါးတွေက ပွက်လွန်းတယ်ကွ ငါးအများကြီးရှိလောက်တယ် ငါတို့ အိုင်ပက်ကြရအောင်ကွာ " ဟု တစ်ယောက်ကပြောတော့ နောက်တစ်ယောက်ကလည်း သဘောတူသည့်အနေဖြင့် အိုင်ထဲခုန်ဆင်းပြီး ရေများပက်ထုတ်ကြသည် ။ ရေများကုန်တော့ နုန်းများပေါ်လာသည် ငါးများလည်း အသက်ဘေးအတွက် နုန်းထဲ နစ်သထက်နစ်အောင် တိုးဝင်ကြသည် ။ အဲ့မှာတင် သူငယ်ချင်းတစ်ယောက်က ငါးဝင်သွားသည့် နုန်းတောထဲ လက်နှိုက်ကြည့်ရာ စူးခနဲ ဖြစ်သွားလို့ ကြည့်လိုက်တော့ အပေါက်လေးနှစ်ပေါက် တွေ့ ရသည် ။ " အင်း ငါတော့ မြွေကိုက်ပြီ ထင်တယ် ငါတစ်ယောက်ထဲကိုက်ခံရတော့ မတရားရာကျမယ် " ဆိုပြီး အဖော်ဖြစ်သူကိုလှမ်းခေါ်တော့သည် " ဟေ့ကောင် ဒီကျွင်းထဲ ငါးအကြီးကြီးပဲကွ ငါအားနဲ့နှိုက်မရဘူး မင်းလာနှိုက်ကြည့် " ဆိုတော့ အဖော်ကလည်း ဝမ်းသာအားရ ကျွင်းထဲ လက်နှိုက်ထည့်တော့သည် ။ သူလည်းထို့ အတူပင် စူးခနဲနေလို့ ကြည့်တော့ မြွေကိုက်ရာ အပေါက်လေးနှစ်ပေါက်တွေ့ရသည် ။ ဒီတော့ ထိတ်လန့် တကြားနှင့် " ဟာ ငါတော့ မြွေကိုက်ခံထိပြီ ထင်တယ်ကွာ " ဟုအလန့် တကြားအော်တော့သည် ။ မိမိ သဘောကျပြီး ရီမိသည်မှာ အဖော်ဖြစ်သူပြောသောစကားပင် ပြောပုံကိုကြည့် " အမယ် မင်းက အခုကမြွေကိုက်ပြီထင်တယ် အော်နေ ငါမှာတော့ မျက်စိတောင် ပြာနေပြီကွ " ဆိုပြီး စပ်ဖြဲဖြဲပြောလိုက်လေသည် ။ မိမိတို့  ပတ်ဝန်းကျင်မှာလည်း အေးအတူပူအမျှ သူငဟ်ချင်းဆိုပြီး မိမိဒုက္ခရောက်သလို မိမိအဖော်ကိုလည်းဒုက္ခရောက်စေတတ်ကြသူများ ရှိကြပါသည် ။ ထို့ ကြောင့် ဟာသလေးဖတ်ပြီး ရှောင်နိုင်ရှားနိုင်ကြပါစေဟု ဆန္ဒပြုလျက်. . .

MSC-181
Author @gunapeya

Sort:  

အာ့တာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတေ မို့ပါဘုရား… ဟားဟားဟား

မင်းက မြွေကိုက်ပြီလားမသိဘူးလုပ်နေ ငါကမျက်စိတောင်ပြာနေပြီဟ ဟီးဟီး

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60244.17
ETH 2333.72
USDT 1.00
SBD 2.47