သံဝေဂလေး ယူတတ်စေချင်

in #myanmar6 years ago (edited)

image

သရုပ်ဆောင် မင်းသွေး ဆုံးသည့်သတင်းများ ဖိဘုတ်တွင် တတ်လာသည် ။ မင်းသွေး ဘယ်သူမှန်းမသိ၍ ဖတ်ကြည့်မိသည် ။ ဒီတော့မှ သရုပ်ဆောင် နေတိုး၏ ညီဖြစ်မှန်းသိရသည် ။ အသုဘ ကလည်း ရေခဲတိုက်မှ ထုတ်မရအောင်ပင် လူများကြိတ်ကြိတ်တိုးစည်ကားနေပြန်သည် ။ ထိုသတင်းမဖတ်ခင်ကလည်း မိမိစိတ်ထဲ ဘာမှ မထူးခြားသလို ထိုသတင်းဖတ်မိပြီးသွားသော်လည်း အော် နာမည်ကျော်ကြား အရွယ်ကောင်းတုန်းလေး သွားရှာပြန်ပြီပေါ့ ထိုမျှသာ အတွေးဝင်ခဲ့သည် ။ သိပ်ပြီးထွေထွေထူးထူး ခံစားရတာမျိုး မဖြစ်ခဲ့ပေ ။

Image Source
image

ထို့ နောက် မြိုင်ကြီးငူဆရာတော်ဘုရား ပျံလွန်တော်မူသော သတင်းများ ဖတ်မိပြန်သည် ။ ဒီတစ်ခါတော့ ရင်ထဲနင့်သွားသည် ။ ဟုတ်ပါ့ဟုတ်ပါ့မလား မဟုတ်ပါစေနဲ့ ဟုသာ ဆုတောင်းရင်း သတင်းအပြည့်အစုံဖတ်ရှုမိပြန်သည် ။ မြိုင်ကြီးငူဆရာတော်ဘုရား၏ မွေးနေ့ ဝိဇာတမင်္ဂလာပွဲ မိမိသုံးလေးခါမျှ ရောက်ခဲ့ဖူးသည် ။ ကြွလာသော ရဟန်းရှင်လူအပေါင်းအား တရားရေအေး တိုက်ကျွေးသည် ။ လှုဖွယ်ဝတ္ထုများ ဆပ်ကပ်သည် ထိုအချိန်ကတည်းက ဆရာတော်ကြီးခမျာ အောက်စီဂျင်ဗူးဖြင့် သာသနာအတွက် အလုပ်လုပ်နေတုန်းပင် ။ ဖူးလို့ မဝ ကြည်ညိုလို့ မဝပင် ဖြစ်ခဲ့ရဖူးသည် ။ ယခုတော့ ဆရာတော်၏ ရုပ်ကလာပ်ကို မြဝတီမှတစ်ဆင့် သယ်လာမည်ဟူသော သတင်းကြားမှ ဆရာတော်ကြီးပျံလွန်တော်မူတာ တကယ်ပါလားဟူသော အတွေးဖြင့် ရင်ထဲတွင် ငိုချင်သလိုလို တစ်စုံတစ်ရာ ဆုံးရှုံးလိုက်ရသလို ခံစားခဲ့ရသည် ။
image
Image Source
ရက်သိပ်မခြားခင်လေးတင် ကျောက်ဂူဆရာတော်ဘုရားကြီး၏ သတင်းက နာမည်ထွက်လာပြန်လေသည် ။ သရုပ်ဆောင် မင်းသွေး၏ ဈာပနကိုတောင် သွားရောက်ပြီး တရားရေအေးအမြိုက်ဆေး တိုက်ကျွေးခဲ့သည်မှာ သိပ်မကြာပေ ။ ယခုတော့ အမြန်လမ်းပေါ် ကားအက်စီးဒင့်ကြောင့် ပျံလွန်တော် မူပြန်သည် ။ ဆရာတော်ကြီး၏ ပြုံးယောင်သန်းနေသော မျက်နှာတော်ကို ဦးချကြည်ညိုမိသည်မှ အပ ရင်ထဲမှာ ထူးခြားတာမျိုး မရှိပြန်ချေ ။ ဒီတော့ မိမိကိုယ်ကို ဆန်းစစ်မိသည် ဘာကြောင့်နည်း ။ လောကကြီးထဲမှ အချိန်တန်လို့  ထွက်ခွာသွားကြသည့် ဖြစ်ရပ်များတွင် မြိုင်ကြီးငူဆရာတော်အလှည့်ကျမှ မိမိဘာကြောင့် ခံစားရပါသနည်း ။ ကျန်သောသူများအတွက် ခံစားဖို့  နေရာမရှိသနည်း ။ ဒီတော့မှ အဖြေပေါ်သည် မြိုင်ကြီးငူဆရာတော်ကား မိမိအနီးကပ် ကြည်ညိုဖူးသည် ချစ်ခင်လေးစားသည် ။ ထို့ ကြောင့် ဆရာတော်မရှိတော့ပြီဟူသော အသိက ရင်ကို ပူလောင်စေသည် ။ သရုပ်ဆောင် မင်းသွေးနှင့် ကျောက်ဂူဆရာတော် ဘုရားကား မိမိမမြင်ဘူး မကြားဘူးချေ သည်တော့ သူတို့  ရှိခြင်း မရှိခြင်းသည် မိမိအား တစ်စုံတစ်ရာ သက်ရောက်မှုမရှိဟု တွေးမိသည် ။ ဒီလိုပါပဲ မိမိတို့ ပတ်ဝန်းကျင်မှ လူသားများလည်း ထို့ အတူပင်ဖြစ်ရမည်ဟု တွေးမိသည် ။ အမှည့်ကော အကင်းကော တဖြုတ်ဖြုတ် ကြွေကျနေသော်ငြား မိမိခြံထဲက မဟုတ်သရွေ့ နှမြောမိကြမည် မထင်ပေ။ မိမိအသိုင်းအဝိုင်း မိမိဆွေမျိုး ရင်းခြာများ ကြွေလွင့်သွားသည့် အခါမျိုးမှ သေတယ်ဆိုတာ ဒါပါလား တကယ်ဆုံးရှုံးရတာပါလား ဆိုတဲ့အတွေးမျိုး ဝင်ကြသည် ။ ပူဆွေးကြသည် ဝမ်းနည်းကြသည် ။ လပတ်ဆွမ်းမသွပ်ခင် အချိန်လေးအတွင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည် ။ ဒါမိမိနှင့် ဆက်စပ်နေသော အသိုင်းအဝိုင်းနော် တခြားသော မိသားစု ပတ်ဝန်းကျင်မှ သူတစ်ဦးယောက်ဆို မိမိလည်း ခံစားရမည် မဟုတ်သလို မတတ်သာလို့  လိုက်ပို့ ရုံကလွဲပြီး တခြားသော အရာများရှိမည်မဟုတ်ချေ ။
image
Image Source

ဒီတော့ မိမိတွေးမိသည်က ရုပ်ချောလည်း ဒီလမ်းသွားရသည် ။ ဘုန်းကံကြီးမားလည်း ဒီလမ်းသွားရသည် ။ ချမ်းသာသူ ဆင်းရဲသူလည်း ဒီလမ်းသွားရသည် ။ ကြီးသူ ငယ်သူလည်း ဒီလမ်းသွားရသည် ။ ရွေးပြီးခေါ်တာမျိုးလည်း မဟုတ်ချေ ရက်ချိန်းပေးပြီး ခေါ်တာမျိုးလည်းမဟုတ်ချေ ။ မထင်မှတ်ထားတဲ့နေရာက မမျှော်လင့်သောဖြစ်ရပ်များနှင့် လူတိုင်းမသွားချင်သော နေရာတစ်ခုသို့  ခေါ်ဆောင်ခြင်းခံရသည် ။ ရေသောက်ရင်းလည်း ခေါ်ရင် လိုက်သွားရသည် ။ ထမင်းစားရင်းလည်း ခေါ်တဲ့အချိန် လိုက်ပါသွားရသည် ။ အချိန်ဆွဲခွင့်မရှိ ဇနီး မယား ချစ်သား ချစ်သမီးတို့ နှင့်လည်း တိုင်ပင်ခွင့်မရှိ ။ ဒီလိုမျိုး ဘာအာမခံချက်မှ မရှိတဲ့ မိမိတို့ ရဲ့ ဘဝကို တန်ဖိုးရှိစေချင်သည် ။ မောဟတွေ ခနလေးဖယ်ပြီး ကြည့်တတ် မြင်တတ်စေချင်သည် ။
" အော် ငါလည်းတစ်နေ့  ဒီလမ်းပဲလျှောက်ရမှာပါလား ငါ့အလှည့်ဘယ်တော့ရောက်လာမလဲ ဟူသော " အတွေးဖြင့်သာ ဘဝကို ရှင်သန်စေချင်သည် ။ ဖိအားတစ်ခုဖြင့် ရှင်သန်စေလိုခြင်းမဟုတ်ပါ ။ ကုသိုလ်ကောင်းမှုတို့ ဖြင့်သာ မိမိကိုယ်ကို ထုံမွှမ်းထားလိုသော စိတ်ဖြင့်သာ ရှင်သန်စေချင်သည် ။ သို့ မှသာ အချိန်မရွေး နေရာမရွေး မိမိ၏ ဘဝကို အာမခံနိုင်သော သတ္တိများ ယုံကြည်ချက်များဖြင့် အပြုံးမပျက်ဘဲ လျှောက်လှမ်းနိုင်မည်ဟုထင်မိသည်။
စာရေးသူမိမိလည်း ယခုချိန်ထိ သတ္တိမရှိသေးကြောင်းဝန်ခံလိုက်ပါရစေ ။

မိမိတို့  ပုထုဇဉ်လူသားများသည် အိုခြင်း နာခြင်း သေခြင်း၏ အကြောင်းကိုကြားရမှာ သေမလောက်ကြောက်သည် ။ ထိုကြောင့် အိုနာသေကို မေ့လျော့စေသော မောဟတို့ ကသာ အနိုင်ယူထားသည် ။ အိုနာသေအကြောင်းမကြားရတော့ မသိပေ ။ မသိတဲ့အခါ ပြင်ဆင်ထားရကောင်းမှန်းလည်း မသိတော့ချေ ။ ထိုအခါ ကတိုက်ကရိုက်နှင့် လိုက်သွားကြရသည်က များလှသည် ။ ခရီးထွက်တာခြင်းအတူတူ လိုအပ်သည့်ပစ္စည်းများ သေချာစုဆောင်းပြီးမှ ထုပ်ပိုးပြီးလိုက်သည့်သူနှင့် ကတိုက်ကရိုက်ထပြီး လိုက်သည့်သူ မည်သူုက အခက်တွေ့မည်ကိုတော့ တွေးမိစေချင်ပါသည် ။ အိုနာသေခြင်း၏ အကြောင်းကို ရေးသားလို့  ရှေးလူကြီးများလို ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ နိမိတ်မရှိ နမာမရှိ ဖတ်မိတာ ငါအကုသိုလ်များတယ် လို့ လည်း မတွေးစေချင်ပါ အပြုသဘောလေးမြင်ကြည့်ပါ ။
" ဟုတ်သားပဲ ငါလည်းတစ်နေ့  ဒီလမ်းသွားရမှာပါလားလို့  သတိလေးတစ်ချက်ပြုမိရုံနဲ့တင် မရဏာနုဿတိကမ္မဋ္ဌာန်း ပွားများမိသလိုဖြစ်သွားပါသည် ။ ဒါကြောင့် ကုသိုလ်တိုးလို့ ထိုနေ့ အဖို့  အကျိုးများနိုင်ပါသည်ဟုသာ အမုန်းခံ၍ ရေးသားပေးလိုက်ပါသည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိနိုင်ကြပါစေ ။

Author @gunapeya
MSC-181

Sort:  

https://steemit.com/steemmonsters/@mmunited/steemmonstersloanrequestforsteemmonsters-qq4nb1ywaq

တပည့်တော်တို့ တစ်လချင်းပြိုင်ပွဲလုပ်သွားဖို့စီစဉ်ထားပါတယ်။

ကောင်းသော အစီအစဉ်ပါ ပါဝင်ယှဉ်ပြိုင်ခွင့်ရချင်တယ်

Esteem သုံးတဲ့သူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ သီးသန့်ပိုစ့်တစ်ခုရေးစရာ မလိုပါဘူး။ ကိုယ်ရေးနေတဲ့ပိုစ့်တွေထဲကနေပဲ ပိုစ့်တစ်ခုကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

တင်ပါ့ဘုရား အလွန်အကျိုးများပါတယ် ဘုရား😊တစ်နေ့ သွားရမဲ့သူချည်း ပါ ဘုရား သိပေငိ ဘားမလုပ်ရသေးပါဘုရား😁

Posted using Partiko Android

သိနေရင်ကို ကျေနပ်ပါပြီ တစ်ချို့က သိကိုမသိကြသေးဘူးလေ

တန်‌ဘိုးရှိ‌သောpost‌ကောင်းတစ်‌ခုပါဘုရား ။ခရီးတစ်‌ခုကို ကတိုက်‌ကရိုက်‌သွားရရင်‌ မ‌ကောင်းပါဘူး။ထိုစာသား‌လေးကို သ‌ဘောကျမိပါတယ်‌ဦးဇင်း။ဦးတင်‌လိုက်‌ပါတယ်‌ ဘုရား။

ဟုတ်တယ် ဦးဇင်းလည်း သေချာပြင်ဆင်ပြီးမှ သွားတတ်လာတတ်စေချင်လို့ ပါ

ဟုတ်ပ။ကိုယ်တွေသေလည်း ဘယ်လိုလာမှန်းမသိ

Posted using Partiko Android

ဒါကတော့ လူတိုင်းသွားရမဲ့ လမ်းပါ

မျက်စိတစ်မှိတ် တခဏလေးအတွင်းမှာ သေခြင်းတရားက ရှိပါလားလို့

Posted using Partiko Android

ရှိတာလည်းမှန်တယ် သိလည်းသိတယ် ဒါပေမဲ့လည်း မကျင့်ကြံအားထုတ်နိုင်ကြသေးဘူး

ငါလည်း တစ်​​နေ့ ​ကွေး​သောလက်​ မဆန့်​ခင​လေးပါ 😢

Posted using Partiko Android

မနက်ဖြန်ကမှ ဝေးသေးတယ်လေ ဟုတ်တယ်မလား

တင်​ပါ့ အမှန်​ပဲ ဘုရား

Posted using Partiko Android

သံဝေဂ မရလေသေါအခါ...

Posted using Partiko Android

မိန်းမနဲ့ တိုင်ပင်လိုက်ပါဦး ကိုဟိန်းရေ ဟားဟား

ငြင်းဆန်မရသောလမ်းကိုတစ်နေ့ သွားရမည်ကိုသိပါတယ်ဘုရားထူးခြားပြီးမပြင်ဆင်မိသေးပါဘူးဘုရား

အချိန်ကို စောင့်မနေပါနဲ့ ကိုဟ်နိုင်သလောက်လေး ပြင်ဆင်ပြီးသွားပေါ့

တင်ပါ့ဘုရား


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

thank you so much @c-squared

အိုခြင်း၊နာခြင်း၊​သေခြင်းကိုအမြဲအမှတ်​ရ​နေသင့်​ပါတယ်​...

Posted using Partiko Android

ဟုတ်တယ် တစ်နေ့ တစ်ခါလောက် နှလုံးသွင်းမိရင်ကို ကုသိုလ်ဖြစ်နေပါပြီ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63618.84
ETH 2623.39
USDT 1.00
SBD 2.78