သီတဂူဆရာတော်ဘုရား၏ ငယ်ဘဝအခက်အခဲ

in #myanmar6 years ago

image

သီတဂူ ဆရာတော်ဘုရားကြီးဟု ဆိုလိုက်သည်နှင့် သီတဂူဆေးရုံများ သီတဂူဗုဒ္ဓတက္ကသိုလ်များ အမြောက်အများဖွင့်လှစ်ပြီး အများအကျိုးသယ်ပိုးနေသည့် ဘုန်းရှင်ကံရှင် ဆရာတော်တစ်ပါးကိုသာ မြင်တတ်ကြသည် ။ ထိုကဲ့သို့ သော လိုရာပြည့်သည့် ဘဝမရောက်ခင်အချိန်က မလျော့သောဇွဲ ကြံခိုင်သော စိတ်ဓာတ်တို့ ဖြင့် အခက်အခဲပေါင်းများစွာ အံတုခဲ့ရသည်ကို သိကြသူက ရှားလှပါသည် ။ ဆရာတော်ကြီး ငယ်စဉ်စာသင်တိုက်နေတော့ အလွန်ပင်ချို့တဲ့ခဲ့သည် ။ ကျောင်းတိုက်ထဲ နေစရာနေရာပင်မရခဲ့၍ ရန်ကုန်မြို့အစွန် ချော်တွင်းကုန်းရှိ လယ်ကွက်ထဲက တဲကျောင်းလေးတွင် သီတင်းသုံးပြီး စာဝါလိုက်ခဲ့ရသည်ဟု ဆိုပါသည် ။ မိမိတို့ ခေတ်နှင့် နှိုင်းယှဉ်ပြီး သြဝါဒစကားပြောရင်း သိခဲ့ရပါသည် ။

image

နောက်ထပ်စိန်ခေါ်မှု တစ်ခုရှိပါသေးသည် ။ ငယ်လတ်ကြီး ဓမ္မာစရိယ ပြီးသည့် အခါမတော့ သံဃတက္ကသိုလ်တတ်မည်ဟု ဆုံးဖြတ်ကာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့သည် ။ ကျောင်းမဖွင့်ခင် ကာလအတွင်း သူ၏ ဇာတိမြေ ( ယခု မိမိနေထိုင်ရာကျောင်းတိုက် ) သို့ ပြန်ကာ ဆရာသမားများ ဝတ်ဖြည့်ဦးချကန်တော့ရန် ပြန်လာခဲ့သည် ။ ဆရာသမားတွေကလည်း ဝမ်းသာအားရပင် ကြိုဆိုပြီး " ဟေ့ မောင်ဥာဏ် အခုဘယ်စာဝါတွေ လိုက်နေလဲကွ " ဟုမေးရာ
အရှင်ဥာဏိဿရဖြစ်သည့် သီတဂူဆရာတော် ဘုရားကြီးမှ ရိုသေစွာပင် " တပည့်တော် သံဃာတက္ကသိုလ် တတ်ဖို့ ဘုရား လျှောက်ထားတုန်းပါဘုရား " ။ ဟုအမှန်အတိုင်းလျှောက်ထားလေသည် ။ ဤမှာတင် ဆရာတပည့် ပဋိပက္ခသဖွယ် အဖုအထစ်လေးများဖြစ်တော့သည် ။ ဘာလို့ လဲဆိုတော့ ရှေးခေတ်ဆရာတော်ကြီးများသည် အင်္ဂလိပ်စာပေ သင်ယူသူများအား အလွန်ပင်ရွံ့ရှာကြသည် ။ ကျွန်သဘောက်စာပေ တိရိစ္ဆာန်စာပေဟုသာ သတ်မှတ်ထားကြသည် ။ တပည့်ဖြစ်သူက ထိုစာပေတွေ သင်ကြားတော့မည်ဆိုတော့ တားသည် ။ တားမရသည့်အခါ မည်သည့်အရာမှ စွန့် ကြဲပေးကမ်းမှုမပြုတော့ပေ ။ ဒီတော့ သီတဂူအရှင်လည်း ရည်မှန်းချက်ချထားပြီးသည်မို့  ဆရာသမားအားမပေးသော်ငြားလည်း ပင်ပန်းဆင်းရဲစွာပင် ချို့ချို့တဲ့တဲ့နှင့် တက္ကသိုလ်တတ်ခဲ့ရသည် ။ မိမိတို့  ယခုလို စားဖို့  နေဖို့  ဝတ်ဖို့  ဘာမှ မပူရပဲ ပညာသင်ကြားနေရသောကြောင့် အလွန်ကံကောင်းတယ် ။ စာသာကြိုးစားဟု သြဝါဒပေးရင်း သူငယ်စဉ်က ရုန်းကန်ခဲ့ရသည်များကို ပြန်ပြောင်းဟောပြနေခြင်းဖြစ်ပါသည် ။

image

ထိုအချိန်ကသာ ဆရာသမားစကားကို နားထောင်၍ တက္ကသိုလ်မတတ်ဖြစ်ခဲ့ရင် ဗုဒ္ဓဘာသာ ကိုကမ္ဘာကသိအောင် စွမ်းဆောင်နိုင်မည်လည်းမဟုတ်ပေ ။ ယခုလို ကမ္ဘာအနှံ့ madetation centre များလည်း ဖွင့်လှစ်နိုင်ခဲ့မည်မဟုတ်ပေ ။ တစ်ချိန်က အင်္ဂလိပ်စာပေကို ကျွန်သဘောက်စာဟု ထင်မှတ်ခဲ့သော ဆရာတော်ကြီးတစ်ပါး၏ နောင်တစကားလေးရှိခဲ့ဖူးသည် ။ " တပည့်တို့  ငယ်ရွယ်တုန်း အင်္ဂလိပ်စာသင်ကြ တပည့်တော် နိုင်ငံခြားတစ်ခါသွားမိတယ် ။ ပါးစပ်ပါပေမဲ့ ဆွံ့အခဲ့ရတယ် နားပါပေမဲ့ မကြားသလိုဖြစ်ခဲ့ရတယ် ။ ဘာလို့ ဆို တပည့်တော်က အင်္ဂလိပ်စာမတတ်ဘူးလေ " ဆိုပြီး မိန့် ခဲ့ဖူးပါတယ် ။ ဒါကြောင့် ဒီနေ့ ခေတ် မိမိနိုင်ငံ မိမိတက္ကသိုလ်မှာ အဆင့်မြင့် အင်္ဂလိပ်စာပေတွေ သင်ယူနေရတဲ့အခိုက်အတန့် လေး တတ်မြောက်အောင်လုပ်ပါ ။ သင်ကြားပါ နောင်တစ်ချိန် နိုင်ငံတကာ သာသနာပြုမသွားရဘူးလို့  ပြောလို့ မရဘူး ။ သွားရပြီဆိုရင်လည်း ကိုဟ့်ဘက်က အဆင့်သင့်ဖြစ်နေရမယ် ဆိုပြီ ဆရာတော်ကြီး ဆုံးမခဲ့သည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya

Sort:  

ကမ္ဘာကျော် ဆရာတော်ကြီး အကြောင်း အခုမှ သိရတော့တယ်ဘုရာ့။

ဆရာတော်ကြီး ငယ်ဘဝက တကယ်ခက်ခဲခဲ့ပါတယ်

တို့ဆရာတော်ရော နိုင်ငံခြားသာသနာပြန့်ပွားဖို့
အဆင့်သင့်ဖြစ်ဖို့ကြိုးစားနေပြီလားဘုရား

ကြိုးစားတုန်းပါ ဦးထွေးရေ

အခက်အခဲတွေရှိပေမဲ့ အလျော့မပေးဘဲ မဆုတ်မနစ်ကြိုးစားတဲ့ ဆရာတော်ကြီးရဲ့ ကြိုးစားအားထုတ်မှု့နဲ့ စိတ်ဓါတ်ဟာ အားကျအတုယူစရာပါ။

ဟုတ်တယ် ဆရာတော်ကြီးခြေဖျားမှီအောင် ကြိုးစားနေဆဲပါ

သီတဂူ ရှိတဲ့ ရွှေစစ်ကိုင်း ဤဇဗ္မူ သိတဲ့ ရွှေစစ်ကိုင်း ဘာမှဟုတ်ပါဘူး စစ်ကိုင်းသီချင်းလေးလာဆိုတာပါ ဘုရား

တစ်နေ့ ကျရင် ဦးစိုးတို့ ရှိရာ ရွှေစစ်ကိုင်းမှာ ပညာသင်နိုင်အောင် ကြိုးစားမယ်

ကောင်းလှပါတယ်ဘုရား

ကြိုးစားပါအရှင်ဘုရား တပည့်တော်တို့ အားပေးနေပါတယ် ဘုရား လောလောဆယ်တော့ စာလေးနဲ့ဘဲ အားပေးနိုင်ပါသေးတယ်ဘုရား ။

စာလေးတွေဖတ်ပြီး အားတတ်နေရတာပါ

ဦးဇင်းရေ ဆရာလုပ်တာတော့မဟုတ်ပါဘူး
meditationဖြစ်ရမှာပါ

ဟုတ်ကဲ့ ပြင်လိုက်ပါ့မယ်ကွယ်

ဦးဇင်း ကြိုးစားထားနော် တိုင်းရင်းသား ဘာသာစကားလည်း တက်အောင်သင် ဒါမှ နိုင်ငံခြားမသွားရလည်း တောင်တန်းသာသနာပြုဖြစ်အောင်

ကရင် ရှမ်း မွန် ထားဝယ် ပအိုဝ့် အဲ့ဒါတွေ နည်းနည်းပါးပါးတတ်တယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83