စာပျော်ငှက်

in #myanmar6 years ago

image

ငါသည်တစ်ရက် စာကျက်ပျက်က
ငါနှင့်တန်းတူ ငါ့အောက်လူ
ငါ့ကိုကျော်ကာ သွားလိမ့်မည် ဆိုတဲ့
စာတန်းကို ခေါင်းရင်းမှာချိတ်ပြီး
ဝီရိယကို အဖော်ပြုလို့ 
အော်ဟစ်ရင်း စာကျက်ခဲ့ဖူးတယ်

မနေ့ ကငါထက် ဒီနေ့ ငါက ပိုသာရမယ်ဆိုတဲ့
စာတစ်ပိုဒ်ကြောင့်
ငါနှင့်ငါပြိုင်ရင်း
အတန်းတွေလည်းအောင်ခဲ့ဖူးတယ်

စာဘယ်လောက်ခက် စိတ်မပျက်ဘဲ
ကြိတ်၍အော်ကာ ငါပျော်ပါသည်
ငါသည်ဘဝအတွက် စာပျော်ငှက်ဆိုတဲ့
ကဗျာလေးအတိုင်းပေါ့
ပိဋကတ်ပင်လယ်ပြင်ကြီးကို အခက်အခဲလှိုင်းတံပိုးတွေကြားက
ကူးခတ်နေရတဲ့ ငှက်တစ်ကောင်လည်းဖြစ်ခဲ့ဖူးတယ်

MSC-181
Author @gunapeya

Sort:  

စာကျက်ရတာ ငိုချင်လာတယ်ဘုန်းရ
စာမွဲကနီး စာကမရ

စာမွဲအောင် ဂါထာရှိတယ် ကိုဟ်ကျက်တာပဲမေးတယ် မယုံမရှိနဲ့ ကိုဟ်တွေ့

အောင်မြင်သောပန်းတိုင်အနီးကလေးပါဘုရား

ကူးခတ်ကြိုးစားဆဲပါ

လောကမြေခွင်
ငါသာလျှင်ငါနဲ့နှိုင်းပါလို့
ငါမပါရင်ဘယ်အရာမှမဖြစ်ချေဘူး

ဆရာ ခရီးတွေသွားနေလို့ လား ဆရာပိုစ့်တွေ ကျဲသွားတယ်

ဦးဇင်းကိုတော့ တကယ်ချီးကျူးပါတယ်
တပည့်တော်တို့ ရိုးရိုးကျောင်းစာတောင်မကျက်ချင်တာ
ပါဠိတွေဆို ပိုဆိုးပေါ့
😁

စာမကျက်ချင်တဲ့ခလေးတွေက ပိုဥာဏ်ထက်တာတဲ့

ဦးဇင်းကိုတော့ တကယ်ချီးကျူးပါတယ်
တပည့်တော်တို့ ရိုးရိုးကျောင်းစာတောင်မကျက်ချင်တာ
ပါဠိတွေဆို ပိုဆိုးပေါ့
😁

အုဝဲ ဆိုကတည်းက ပင်လယ်ထဲကူးနေရတာ ခုချိန်ထိ ကမ်းမမြင် လမ်းမမြင် အဆင့်တော့ရောက်နေပါပြီ ဘုရာ့

ဆက်ကူးပါ နစ်မြုပ်တာထက်စာရင် မေခလာလာကယ်ဖို့ မျှော်လင့်နေရတာ တန်ဖိုးပိုရှိပါတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60244.17
ETH 2333.72
USDT 1.00
SBD 2.47